သူ့..ကျိန်​စာ..."2"

4.8K 633 68
                                    

#unicode
#zawgyi

ချစ်ခဲ့မိ၍နောင်တမရကြောင်းပါ...
အချစ်မှာအပြစ်မရှိသည်မို့.....
သူကိုသာနာကျည်းမိပါ၏....
သူနဲ့သာပြန်မဆုံချငိပါလို၏...

"ဘုရားရှင်...."

မြင်းခွာသံသည် များ လာတဲ့ အခါ
ဒိသယ ဟာအလန့်တကြားဘုရားတမိသည်။

ဒီနေရာဟာမြို့တော်နဲ့ဝေးလွန်းတာမို့
ဒီလိုမြင်းခွာသံများခြင်းဟာ
ဒိသယကိုစိုးရိမ်စိတ်တွေတိုးပွားစေပါသည်။
စိုးရိမ်များနှင့် ထင်သာမြင်သာမရှိတဲ့ သူရဲ့ဗိုက်လေးကို
အုပ်ကိုင်ထားမိသည်။
ဒီသွေးသားကို အရှင့်သားကို
ပြောပြထားတာတောင်မကြာသေး..

သိပ်မကြာခင် ဒိသယ ရဲ့ခြံရှေ့ကို လူ၁၀ယောက်ရောက်လာသည်။

အလန့်တကြားပင်
ဒိသယ နောက်ဆုတ်မိသည်။

"ဘယ် ဘယ်သူ လဲ...ဘယ်သို့ကြောင့်လဲ..."

ထိုသူမှာ သူရဲ့ဓားကို ဆွဲထုတ်လိုက်တဲ့အခါ
အလန့်တကြား နောက်သို့ဆုတ်မိသည်။
ဓားမှာပါတဲ့ အမှတ်အသားသည်.. နန်းတေ်ာတွင်းမှမို့...

လှည့်ထွတ်ဖို့ကြိုးစားတဲ့အခါ..
ဒိသယရဲ့ခြေထောက်တစ်ဖတ်ဟာ ဓား နဲ့ပေါက်ခံရတာမို့...

"ဘယ်သူလုပ်ကြံခိုင်းတာလဲ....ဘာ...ဘာ အပြစ် ရှိလို့ပါလဲ..."

"မင်းဟာ စုန်းအတတ်နဲ့ အရှင့်သားကိုပြုစား တယ်...
မကောင်းတဲ့ပညာနဲ့ အမျိုးသား တစ်ဦး
ဖြစ်ပြီးကိုယ်ဝန်ဆောင်ထားရတာကြောင့်
အရှင့်သား နဲ့ မိဘုရားက အဆုံးသတ်ခိုင်း လိုက်တာ.."

"မလုပ် မလုပ်ပါနဲ့... ရင်သွေးငယ်ကို မလုပ်ပါနဲ့...
..အား..."

ဒိသယ တောင်းဆိုပေ့မယ်ထိုအကြင်သူရဲ့ဓားသွားသည်
ဒိသယ၏ ဝမ်းဗိုက်တည့်တည့်စီသို့အကြိမ်ကြိမ် ရောု်ရှိလာသည်။

ရင်သွေးငယ်... ကံဆိုးလွန်းတဲ့ ရင်သွေးငယ်...
ဒီအဖ ရင်ခွင်မှာဖြသ်တည်ခဲ့ ၍...
နာနာကျင်ကျင်ငိုကြွေးမိသည်။

"ထိုသူရဲ့ဗိုက်ထဲက မကောင်းဆိုးဝါးလေးကိုပါထုတ်ယူလိုက်"

ထပ်ခါထပ်ခါ နာကျင်မှုထက်
ထိုသူတွေရဲ့လက်တွေမှာပါလာတဲ့
ဒိသယ ရဲ့အသွေးအသား
သွေး ပိုင်းစသာသာရှိသေးတဲ့ရင်သွေးငယ်သည်။
ဖန်ပုလင်းထဲ ထည့်ခံလိုက်တဲ့ မြင်ကွင်း....
သူတောင်ပွေ့ချီခွင့်မရခဲ့သော..
သူတောင်ပြုစုခွင့်မရခဲ့သော...

သူ႔ ...က်ိန္​စာ(သူ့ ...ကျိန်စာ)Where stories live. Discover now