သူ့ကျိန်​စာ.."13"

4.5K 568 90
                                    

unicode
#zawgyi

Vvip အခန်းထဲမှာ ဝှီးချဲပေါ်၌ ထိုင်ကာ
ဆေးရုံဝန်းထဲကို ကြည့်နေတဲ့ကောင်လေး..။

တစ်ခုခုကိုတွေးတောနေဟန်မို့ ရှေးနဲ့ ဦးဦး ဝင်လာတာကိုတောင်မသိသလိုပင်။

ထိုးပေးရမယ့် ဆေးတွေကို အဆင်သင့်လုပ်ကာတစ်ချက်တစ်ချက် သူ့ကျောပြင်ကိုရှေးကြည့်မိသည်။

" သားမဟာ သက်သာရဲ့လား...."

ဦးဦးရဲ့ အမေးကြားမှ သူဝှီးချဲကို ကိုင်ကာ
အနောက်သို့လှည့်လာသည်။

" အင်း...ပြေပါတယ်....ကျွန်တော် ဘယ်တော့ဆေးရုံကဆင်းရမလဲ ဦးမြတ်...."

" ဆင်းချင်တာက ရနေပါပြီ...ဒါမယ့် ဆေးရုံမှာနေတာပိုအဆင်မပြေဘူးလား....."

ဟင်အင်း ...မပြေဘူး...သူ ဒိသယ ကို
မျှော်နေရတာအဆင်မပြေဘူး
သူအနားမှာထားချင်နေမိပြီ....

"ဆင်း လို့ ရမယ်ဆိုရင် ဆေးရုံက ဆင်းလိုက်တော့မယ်ဦးမြတ်ပြီးတော့ ကျွန်တော်အတွတ် home nurse လိုချင်တယ်..."

"Nurse က အမျိုးသမီးတွေများတော့အဆင်ပြေပါမလား..."

" အမျိုးသမီး nurseမလိုချင်ဘူး ဦးမြတ်...အဆင်ပြေမယ်ဆိုရင် ကျွန်တော် ဒီဘတ်က သူ့ကို ငှါးချင်တယ်...."

ရှေးကိူ လက်ညိုးထိုးကာပြောလိုက်တာမို့်
ရှေး ဦးဦးရဲ့မျတ်နှာကိုကြည့်မိသည်။

"ရှေးလား ရှေ့က အတွေ့အကြုံသိပ်မရှိဘူးသားရဲ့...အခြားတစ်ယောက်ကို..."

"ကျွန်တော် သူပဲလိုချင်တယ် ဦးမြတ်...."

အမိန့်ဆန်ဆန်အသံသည် ငြင်းပယ်ရန်
မစွမ်းဆောင်နိုင်အောင်ပင်အရှိန်အဝါကြီးမားလွန်းပါသည်။

"ဒါကြတော့ ရှေးရဲ့ စိတ်သဘောထား လည်းပါတော့...."

"အဆင်ပြေမလား... ကျွန်တော်က ဒုက္ခိတ ဖြစ်နေတော့...."

ရှေး ရင်ထဲမှာ တင်းကျပ်သွားသည်။
ဘာကြောင့်မှန်းမသိ..

သူဒီလိုဖြစ်တာကို ဝမ်းနည်းမိသည်။
ဒါမယ့် ရှေးမပတ်သတ်ချင်....
ဒိဟဖြစ်နေတဲ့ စိတ်နှင့် ဦးဦးမျက်နှာကို
ကြည့်မိသည်။
ဦးဦးကသူ့တိုအိမ်ရဲ့ family doctor လို့
ရှေးကိုပြောဖူးသည်။

သူ႔ ...က်ိန္​စာ(သူ့ ...ကျိန်စာ)Where stories live. Discover now