သူ့ကျိန်​စာ..."12"

3.6K 547 75
                                    

unicode
#zawgyi

စေတန်တစ်ယောက်ကမေးတယ်
မင်းကိုမေ့ပစ်မလား...
ကိုယ့်ခြေထောက်တွေပေးမလားတဲ့....
ထိုနေ့ကစပြီး...
ကိုယ်ဟာ မင်းရှိရာကို
အရောက်မလှမ်းနိုင်တော့ဘူးကွယ်.....

_________________________

ခွဲခန်းထဲမှာမေ့မျောနေတဲ့ ကောင်လေး တစ်ယောက်....
အတော်ဆုံးဆရာဝန်ကြီးများက အသက်လုနေသည်။
ထိခိုက်ဒဏ်ရာပြင်းထန်မှုကြောင့်
အသက်မှီရန်ကြိုးစားနေကြသည်။
ထိုဆရာကြီးတွေရဲ့ဘေးနားမှ သူနာပြုကောင်ငယ်လေးမှာ
ဘာရယ်ကြောင့်မှန်းမသိမျတ်ရည်တွေ ပြိုဆင်းနေလို့

"ကပ်ကြေး...."
စိတ်ကို ပြန်စုစည်းလိုက်ပြီးကပ်ကြေးတစ်ချောင်းကို
ထည့်ပေးလိုက်သည်။

နှလုံးခုန်နှုန်း ပြသနေတဲ့စက် ဆီသို့ အကြည့်ခဏ ခဏ
ရောက်ပြီးဘာမှမဖြစ်စေရန်ဆုတောင်းနေမိသည်။

ရှေး ဒီလို မျိုး ဒီခိုက် ဒဏ်ရာရတဲ့သူတွေကို ခဏခဏ ကြုံခဲ့ပေးမယ့် တစ်ခါမှဒီလိုမခံစားရပါ...
ဘာမှန်းမသိတဲ့ ခံစားချက်က မွန်းကျပ်လွန်းလှပေတယ်...

နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်သွားမှ
ရှေး မျတ်ရည်တွေပြိုကာအသက်ဝဝရှူမိသည်။

ဘာလို့လဲ ...သူဘာလို့ ဒီလိုတွေ ခံစားနေရတာလဲ....

လူနာကို အခန်းပြောင်းဖို့လုပ်ပြီး
ခွဲစိတ်ဆရာဝန်ကြီးနဲ့တူတူ
ခွဲခန်းအပြင်ကိုထွတ်လာခဲ့သည်။

ခွဲခန်းအပြင်မှာစောင့်နေတဲ့ အသက် ၅၀အရွယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး စောင့်နေကာ....
စိုးရိမ်ပူပန်မှုတွေအပြည့်..

ခုံတန်းပေါ်တွင် နီရဲနေသောဝတ်စုံနဲ့
အမျိုးသမီးငယ်တစ်ဦးဟာ ဖုန်းပြောနေရင်းမှရှေးတို့ထွတ်လာတော့မတ်တပ်ရပ်ကာ...

"ဆရာ ကျွန်မ ခင်ပွန်းအခြေအနေ...."

"ဆရာ ကျွန်မတို့သား အခြေအနေ..."
အသံနှစ်သံဟာ တစ်ပြိုင်နက်ထဲထွက်လာပေမယ့် စိုးရိမ်ပူပန်မှုတွေကတော့ထပ်တူမကျခဲ့ဘူး။

ဆရာဝန်ကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး

"လူနာက စိုးရိမ်စရာအခြေအနေမရှိတော့ပါဘူးဒါမယ့် လူနာခြေထောက်က ထိတာများသွားလို့ကျွန်တော်တို့စောင့်ကြည့်ရပါအုံးမယ်"
ယိုင်နဲသွားတဲ့ သူမဟာလင်ပွန်သည်က်ုအားပြုလိုသာရပ်တည်နေရတာ
မျက်ရည်တွေမှာပိုမိုစီးကျလာသည်။

သူ႔ ...က်ိန္​စာ(သူ့ ...ကျိန်စာ)Nơi câu chuyện tồn tại. Hãy khám phá bây giờ