မောင့်​ကို(သို့)သူ့ကျိန်​စာ..."14"

3.3K 470 74
                                    

#unicode
#zawgyi

ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးကတစ်ဆင့်ကိုယ်ရဲ့ချစ်ခြင်းမေတ္တာတွေ မင်းနှလုံးသွေးထဲရောက်ပါစေ....ဒီလူသားက မင်းသိပ်ချစ်ဖူးသူလို့ အမှတ်ရပါစေ...။

မဟာ ရှေးရဲ့ လက်ဖဝါးကို သေချာဆုပ်ကိုင်ပြီး
တိုင်တည်ပြုမိသည်။
သူရဲ့ကြင်ယာတော်ဟာ ဘာကိုမှ မမှတ်မိတော့ပေ့မယ့်မုန်းလို့ပင်ဖြစ်ဖြစ် ချစ်လို့ပင် ဖြစ်ဖြစ်
သူ့ရဲ့ နှလုံးသားကတော့ မဟာကို သတိရနေမှာအမှန်ပင်....။

ဆုပ်ကိုင်ဖူးတဲ့လက်ဖဝါးကိုအမှတ်ရပါ
မင်းကြောင့်ချိုမြိန်ဖူးတဲ့ နှုတ်ခမ်းတွေကြား အဖြေရှာပါ.....။

ရှေး ရဲ့ လက်ဖဝါးကိုဆုတ်ကိုင်မိချိန်သည်
ဆုံစည်းခဲ့သောအတိတ်ဆီသို့....

သိရိဘောဂပြည်

ရိုင်းယံခ သူနှင့်သိပ်မဝေးသော အကွာအဝေး၌
အဖြူ ရောင် ဝတ်စုံလေးနှင့်
မိန်းမပျိုတွေထက်ပင်ချောမောလှပနေသော
ကောင်ငယ်လေးကို ကြည့်နေမိသည်။

ဘာလို့လဲ ဘာလို့ သူလိုအိမ်ရှေ့စံမင်းသားက
အမျိုးသားတစ်ဦးကိုမှရင်ခုန်စိတ်လှုပ်ရှားနေရတာလဲ...။
အာဏာဆန်သောစိတ်အခြေအနေသည် ထိုကောင်လေးကိုသူ့အပိုင်အဖြစ်သိမ်းပိုက်ချင်စိတ်တွေဖြစ်ပေါ်လာသည်။

ဒါပေ့မယ် သူ ပိုင်ဆိုင်ချင်မိသူသည် အမျိုးသားတစ်ဦးပင်...။
ပွဲတော်ရက် မို့ မြို့တော်ထဲ လူတွေများနေတာကို
ဟိုကြည့်ဒီကြည့်နှင့် ပြုံးပျော်နေသည်မှာ အခုမှလူကြားထဲရောက်လာတဲ့အကောင်သေးသေးလေးတစ်ကောင်စူးစမ်းနေသဏ္ဍာန် ...။

ထိုကောင်လေးနှုတ်ခမ်းလေးတွေပြုံးရင် သူပါလိုက်ပြုံးမိသည်အထိ လွှမ်းမိုးသွားခဲ့ချေပြီ...

"ဖိုင်ယာ..."

"အမိန့်ရှိပါ မင်းသား...."

"အမျိုးသားတစ်ဦးကို သဘောကျနေတဲ့ ငါက
စိတ်ရောဂါသည် တစ်ယောက်ဖြစ်နေမလား..."

ဖိုင်ယာ ..မင်းသား ရဲ့ ကြည့်ရှုရာသို့ ကြည့်လိုက်မိသည်။

" လူသားတစ်ဦးက နောက်လူသားတစ်ဦးကိုသဘောကျနှစ်သက်တာပုံမှန်ပါပဲမင်းသား.."

သူ႔ ...က်ိန္​စာ(သူ့ ...ကျိန်စာ)Onde histórias criam vida. Descubra agora