#unicode
#zawgyiဆုပ်ကိုင်ထားတဲ့ သူ့လက်ကိုအသာလေး
ပြန်ဖြေထုတ်ကာ...."ကျေဇူးတင်ပါတယ်..."
"ဒိသယ...."
ဒိသယလို့ပဲ သူ့ကိုခေါ်နေတဲ့ ထိုလူ
ကြည့်ရတာ ရှေးကို လူမှားနေပုံပင်...."မင်းလူမှားနေပြီထင်တယ်...."
သူ့ကိုနည်းနည်းလေးတောင်မမှတ်မိတဲ့
သူရဲ့အသည်းညှာကြောင့်ရင်ထဲ နွမ်းလျှသွားသည်။တကယ်ပဲမေ့ပစ်ခဲ့ပြီလား...ကိုယ်တို့ရဲ့ချစ်ခြင်းကိုလေ...။"ရှေး...ဘာဖြစ်တာလဲ...."
ခေါ်သံနဲ့တူတူ ဒိသယရဲ့ဘေးနံဘေးသို့ရောက်ရှိလာတဲ့ အမျိုးသားတစ်ဦး..။
ထိုအမျိုးသားကို ဒိသယသိသည်။"ကျွန်တော် ချော်လဲတော့မလိုဖြစ်လို့ဒီကအကိုကဆွဲထားလိုက်တာပါ....သူဆွဲထားလို့ကျွန်တော် မချော်လဲတာကိုကိုကြီး.."
ဒိသယရဲ့ကိုကိုကြီးလို့ခေါ်တဲ့သူကြောင့်
မဟာ ထိပ်လန့်သွားသည်။သူ...သူပဲလား....။
သံသရာဟာတစ်ကယ်ကို တစ်ဖက်သို့ပြန်လည်ပတ်လာပုံပါပဲလား...။
"အိမ်ရှေ့စံက ဒိသယကိုလွှတ်ပေးဖို့ တောင်းဆိုပါတယ်..."
"ဒိသယကို ကျွန်တော်မျိုးဘယ်တော့မှ
အိမ်ရှေ့စံလက်ထဲမထည့်ဘူး...""ကုဒိခမ် ဆိုတဲ့ ကျွန်တော်ရှင်သန်သရွေ့..."
မဟာခြေနှစ်လှမ်းလောက်နောက်ဆုတ်မိသွားသည်။
တကယ်ပဲ ...တကယ်ပဲ သူက
ဒိသယအနားရှိနေပြန်ပြီလား..."ဒီကညီက မဟာသုခဘုံ မဟုတ်လား... ညီကအကို့ကိုသိမှာမဟုတ်ပေ့မယ် အကို့အဖေက ညီတို့စံအိမ်ရဲ့Family doctor ဦးအောင်မြတ်သူပါ....."
"ဘာလို့သူ့အနားမှာရှိနေတာလဲ...."
"ဟမ်း ဘာကို...အော် ရှေးလား... ရှေးက အကိုတို့အိမ်က
...ညီက ရှေးကို သိလို့လား....ရှေးက "တကယ်ပဲ သူတစ်ယောက်ထဲမှတိမိနေခဲ့တာလား...
ကျန်တဲ့သူတွေဘယ်သူမှမမှတ်မိတော့ဘူးလား...သူတစ်ယောက်တည်းကျိန်စာသင့်နေစေဖို့မှတ်မိနေခဲ့တာလား....
ဒါတွေကို အဖြေရှာနိုင်တဲ့ သူ
ဟိုဆရာကြီး...ဟုတ်တယ် သူပဲသိမှာ...
![](https://img.wattpad.com/cover/218034961-288-k908179.jpg)
ESTÁS LEYENDO
သူ႔ ...က်ိန္စာ(သူ့ ...ကျိန်စာ)
Romanceတပည်တော်ဟာ အရှင့်သားအား အချစ်စစ်အချစ်မှန်နဲ့ ချစ်ခဲ့ပါ၏ မလိုသူထား လောဘသားများ၏ သွေးထိုးမှုကြောင့် ကျွန်တော်မျိုးဟာ မတရားသဖြင့်သေရပါတော့မည်ဘုရား... တပည့်တော် သာ ဆုတောင်း တစ်ခု ပြည့်မည်ဆိုပါက တပည့်တော်၏ချစ်ခြင်းမေတ္တာတ...