သူ့...ကျိန်​စာ..."6"

3.3K 599 42
                                    

#unicode
#zawgyi

ဆေးရုံကပြန်လာထဲက မျတ်နှာမကောင်းတဲ့အမေ
ကယ်ရီယာပေါ်မှာလည်း မှိုင်ပြီးစီးလာတာမို့်
ရှေး စိတ်ပူနေမိသည်။

(A/N ကယ်ရီယာဆိုတာ အခု ခေတ်မှာမရှိတော့ဘူး
အရင်ကဆို ဆိုင်ကယ်taxiတွေမရှိခင်တုန်းက
ရွာကနေမြို့တတ်ရင် ကယ်ရီယာပဲစီးကျတာပါ...
ကယ်ရီယာဆိုတာယောကျားစီးစက်ဘီးကို
အနောက်ဘတ်မှာ သစ်သားပြားနဲ့
လူထိုင်လို့ရအောင်လုပ်ထားတာမျိုးပါ...
ပစ္စည်းတွေဘာတွေလည်းတင်လို့ရပါတယ်.အဲ့တုန်းကtaxiပေါ့နော်😁..)

အမေမျတ်နှာမကောင်းရင်
ရှေးရေစက်မနေတတ်တာမို့...

"အမေ ဘာဖြစ်လို့လဲ...စိတ်ညစ်စရာများရှိလို့လားဟင်..
ဆရာဝန်ကြကဘာပြောလို့လဲဟင်..."

မိုးသဲရဲ့ လက်မောင်းလေးကိုတွဲခိုပြီး
မေးတဲ့ သားငယ်ကြောင့် မိုးသဲမှာမငိုမိအောင်
ထိန်းထားရသည်။

ယောကျားလေးတစ်ယောက်ပေမယ့်
မိန်းမတစ်ယောက်လိုဒုက္ခတွေနဲ့ ရှင်သန်ရမယ့်
သားငယ်သည် ကံဆိုးလေစွ...

ကံကြမ္မာနတ်သမီးကို အပြစ်တင်ရမလား ဆင်းရဲမှုကိုပဲ
အပြစ်တင်ရမလား...ဒါမှမဟုတ် သားငယ်ဒီလို ဖြစ်စေတဲ့
ကိုယ်ဝန်ပျတ်ကျဆေးတွေကိုပဲ အပြစ်တင်ရမလား...
ရင်ထုမနာခံစားရလွန်ပေသည်။

"ဂရုစိုက်ပါ ကိုယ်ဝန်ဆောင်စဉ်မှာချို့ယွင်းမှုတွေကြောင့်
ဟော်မုန်းဓာတ်တွေ ပြောင်းလဲပြီး ဒီလိုဖြစ်ရတာပါ
အရမ်း ဖြစ်ခဲတာမို့ ဆိုးကျိုးတွေလည်းတအားများမှာသမီး
အဓိကက မိန်ကလေးတစ်ယောက်လိုပဲ
ကလေးကိုစောင့်ရှောက်မှရမယ်သမီး...
သမီး သားလေးချောချောလေးမို့် သူအရွယ်ရောက်ရင်
အန္တာရာယ် များလွန်းတယ်....ဒီလိုကိုယ်အစိတ်အပိုင်း
ကြောင့် ဖျားနာမှုတွေတော့ ခဏခဏ ဖြစ်လိမ့်မယ်ကွယ်..."

ဆရာဝန်ကြီးရဲ့ပြောစကားသည် မိုးသဲအားလဲပြိုမတတ်ပင်

ဒီလိုနေရာမျိုးမှာ သားငယ်လေးကို
အကောင်းဆုံးစောင့်ရှောက်နိုငိပါမလား...
မိုးသဲတွေးပူမိသည်။
ဘယ်သူမှလည်းတိုင်မပင်ရဲ...
ဘယ်သူမှလည်း မပြောပြရဲသော ပြသနာဟာ
သူမတစ်ယောက်ထဲသာသားကို ကာကွယ်ရန်
အင်အားရှိမှရမည်ပင်....

သူ႔ ...က်ိန္​စာ(သူ့ ...ကျိန်စာ)Tempat cerita menjadi hidup. Temukan sekarang