သူ့...ကျိန်​စာ... "5"

3.6K 596 70
                                    


#unicode
#zawgyi

သားလေးကိုစမ်းသပ်နေသော ကျန်မာရေးဝန်ထမ်းဆရာလေးရှေ့တွင် မိုးသဲတစ်ယောက်
ရတတ်မအေးနဲ့စိုးရိမ်နေသည်။
ပန်းတွေရောင်းပြီးပြန်လာတဲ့ အချိန်မှာ အိမိရှေ့ကွပ်ပစ်ပေါ်မှာ လဲကျနေတဲ့ သားငယ်....

"ဆရာလေး သားကဘာဖြစ်တာလဲဟင်...
မနတ်ကမှအကောင်းကြီးပါ...မေ့လဲလောက်အောင် ဘယ်လိုဖြစ်ရတာလဲရှင်..."

"ခန္တာကိုယ်က ဓာတ်ပြောင်းဓာတ်လွဲတစ်ခုကြောင့်ပါညီမ
သိပ်တော့မစိုးရိမ်ရပါဘူး... အဆင်ပြေရင်မြို့ကဆရာဝန်ကို
ပြစေချင်တယ်....အရမ်းတော့မစိုးရိမ်ပါနဲ့...သူပင်ပင်ပန်ပန်နည်းနည်းလုပ်လိုက်တာကြောင့်လဲပါမှာပါ...အခုဆေးထိုးပေးထားပြီးပါပြီ..ဆေးရှိန်ကြောင့်အိပ်နေတာပါ..နိုးလာရင်အာဟာရရှိတာလေးကျွေးလိုက်ပါ.."

"ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါဆရာရယ်..."

အိပ်ပျော်နေတဲ့ သားလေးရဲ့မျတ်နှာကိုကြည့်နေလိုက်မိသည်။
သူမရဲ့ သတ္တိမရှိမှုတွေကြောင့် သားငယ်လေး
ဒီလိုနေရတာတွေးမိတော့ရင်ထဲမှာလှိုင်ခနဲဝမ်းနည်းမိသည်။
သနားစရာကောင်းလှသော အမေ့ရဲ့သားငယ်လေး....

"အမေရယ် သားဘာမှမဖြစ်ပါဘူးလို့...မြို့ဆေးရုံကိုလည်းသွားပြစရာမလို့တော့ပါဘူး သား ကပြရမလားပြော..."

"ဒါမယ့်ဆရာလေးက...
ဆေးရုံသွားဖို့ပြောထားတယ်သားရယ်..အမေစိုးရိမ်လို့ပါ
အမေ့မှာ အမေ့သားငယ်လေးပဲရှိတာ..."

မျတ်နှာမကောင်းစွာပြောတဲ့အမေကြောင့်ရှေးရေစက်
လည်ပင်လေးကိုသိုင်းထတ်လိုက်မိသည်။

"အမေစကားနားထောင်မယ်နော်..."

ဖတ်ပြီးခပ်ချွဲချွဲပြောလိုက်တဲ့ သားငယ်လေးကြောင့်
မိုးသဲသဘောတကျရယ်မောမိပြီး

ပါးဥဥလေးကို နမ်းလိုက်သည်။

ချစ်၍မဝပါသောသားငယ်လေး......

ကိုယ်ပုံဖော်ထားတဲ့ရှေး​ေရစက်..😁😁
____________________________

မိုးမြင်မဟာစံအိမ်...

"သားက ညကအိမ်မတ်စိုးတွေမတ်ပြန်ပြီထင်တယိအကိုရယ်..."

အပျင်းဖျားနေသောသားငယ်လေးကို
ကြည့်ပြီး ဒေါ်ခင်မြတ်မူပြောလိုက်မိသည်။
ဒီနေ့မှFamily doctorကလည်း နိုင်ငံခြားထွတ်နေခြင်း
နီရဲနေတဲ့ သားလေးရဲ့မျတ်နှာကိုကြည့်ပြီး မူ
ရင်ထဲမှာမကောင်း...

သူ႔ ...က်ိန္​စာ(သူ့ ...ကျိန်စာ)Tempat cerita menjadi hidup. Temukan sekarang