#unicode
#zawgyi"အိမ်ရှေ့စံကို မှော်အတတ်နဲ့ ပြုစားတဲ့ ဒီအယုတ်အမာအိမ်
ကို မီးရှို့ပစ်...."
မိဖုရားရဲ့ အမိန့်တော် အတိုင်း
အားလုံးကို ဖျတ်စီးဖို့ကြိုးစားကြသည်။
ပွင့်လန်းနေတဲ့ နှင်းဆီတွေ ...သပ်ရပ်နေတဲ့ဒီခြံဟာ
ခဏတာအတွင်း ပျတ်စီးဖို့ သူမမျှော်လင့်သည်။
သူမရဲ့လက်ထဲ....ဖန်ပုလင်းလေး တစ်ပုလင်း..."ဒီမကောင်းဆိုးဝါလေးကိုဘယ်တော့မှ ဝင်စားမနိုင်အောင်
စီရင်ပါ..."ရင်နာလွန်းသည်၊
သူမသိပ်ချစ်တဲ့ ထို ခင်ပွန်းသည်
အမျိုးသားတစ်ဦးကို မှစွဲလန်း နေသည့်အခါ
အချစ်သည် နာကျင်ခြင်းကို ဖြစ်ပေါ်စေသကဲ့သို့ပင်.."သံသရာအဆက်ဆက်
ဘယ်တော့မှမပေါင်းစေရဘူး...."အပိုင်းပိုင်းပြတ်ကုန်တဲ့ နှင်းဆီ ဖြူတစ်ချို့ ကိုကြည့်ပြီး ဝမ်းသာ အားရပြုံးမိသည်။
ဘေးဘတ်ကြည့်လိုက်တဲ့ အခါ
ခြံ တံခါးဘေးကိုတူးဆွနေတဲ့ အောက်လမ်းဆရာ...
နှုတ်မှရွတ်ဆိုသကဲ့ သို့....
စိတ်ထဲမှလည်းအခါခါရေရွတ်နေသည်။
သူ့အိတ်ထဲမှ ပစ္စည်း တစ်ခုထုတ်ယူပြီး
ထိုဗူးလေးကို အုပ်ကာ မြေမြုပ်လိုက်သည်အထိ
သေချာကြည့်လိုက်သည်။"ဒီကလေးဟာ ဒီနေရာမှာပဲ ထာဝရစောင့်နေလိမ့်မယ်မိဖုရား
သူကကျွတ်ရာ ရှိတော့မှမဟုတ်ပါဘူး..."ဆရာရဲ့ စကားကိုကြားတဲ့ အခါ ဝမ်းသာ အားရဖြစ်မိသည်ထိပင်....
"အား......"
ပန်ပင်တွေ ကိုဖျတ်စီးနေသူထံမှ
အော်ဟစ်သံကြားတဲ့အခါ
အလန့်တကြားခြေလှမ်းတွေကို ဆုပ်မိသည်အထိ...မူးမတ်အားလုံးဟာ အသက်ရှုကျပ်သကဲ့သို့
ခံစားရပြီးလဲကျကုန်သည်။ဖျတ်စီးသော ထို ၇ယောက်ဟာ
ချက်ခြင်း ခြံပြင်ကိုပြေးထွတ်လာတဲ့အခါ
အားလုံးဟာသေဆုံးကုန်သည်။"ကယ်ပါ..."
သူမရှေ့ ပစ်လဲသွားတဲ့ ထိုရဲမတ်ကိုကြည့်ပြီး
သွေးပျတ်မတတ်ခံစားလိုက်ရသည်။ခြံဝိုင်းထဲကြည့်တဲ့အခါခုတ်သင်ထားတဲ့အပင်တွေ
ဖျတ်စီးထားတဲ့ပစ္စည်းတစ်ချိ့သည်
နဂိုအတိုင်းပြန်ဖြစ်အခါ....
အလန့်တကြားနောက်ဆုတ်ပြေးမိပေ့မယ်...
မြူခို့တစ်ချို့သည် သူမလည်ပင်းဆီသို့်....
![](https://img.wattpad.com/cover/218034961-288-k908179.jpg)
KAMU SEDANG MEMBACA
သူ႔ ...က်ိန္စာ(သူ့ ...ကျိန်စာ)
Romansaတပည်တော်ဟာ အရှင့်သားအား အချစ်စစ်အချစ်မှန်နဲ့ ချစ်ခဲ့ပါ၏ မလိုသူထား လောဘသားများ၏ သွေးထိုးမှုကြောင့် ကျွန်တော်မျိုးဟာ မတရားသဖြင့်သေရပါတော့မည်ဘုရား... တပည့်တော် သာ ဆုတောင်း တစ်ခု ပြည့်မည်ဆိုပါက တပည့်တော်၏ချစ်ခြင်းမေတ္တာတ...