ZAWGYI
အချိန်ကား မနက် ၈နာရီထိုးရန် ၁၅မိနစ်အလို
ကုတင်ထက်တွင်တော့ လူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်လျက် အိပ်မောကျနေသည် ။
အဖိုးကြီးရှောင်းကတော့ အောက်ထပ်မှာ မနက်စာစားရင်း အပေါ်ထပ်ဆီကို ခဏခဏလှမ်းလှမ်းကြည့်မိနေသည် ။
"မိန်းမ မင်း သား အခုထိဆင်းမလာသေးဘူး
အလုပ်ချိန်နီးနေပြီလေ""သူ့ဟာသူ သိပါတယ်.. ဒီနေ့ သွားစရာမလိုလို့နေမှာပေါ့
နေပါဦး ... ရှင်က ဘယ်လဲ"
အပေါ်ထပ်သို့တက်ရန် ဟန်ပြင်နေသော အဖိုးကြီးရှောင်းက မိန်းမဖြစ်သူကို မျက်စောင်းလှမ်းထိုးသည် ။
"အပေါ်တက်ပြီး သွားနှိုးမလို့"
"နေစမ်းပါရှင် ... ဟိုက ကြင်စဦးတွေ
ရှင်သွားလို့ မသင့်တော်တာတွေ တွေ့ရင် အန်နေဦးမယ် အေးအေးနေပါ"မိန်းမစကားကို နားထောင်မိတော့ အဖိုးကြီးရှောင်း ခြေလှမ်းတွေ ရပ်သွားသည် ။
ဒါလည်းဟုတ်တယ် ၀မ်ရိပေါ်ဆိုတဲ့အကောင်က ငါ့ရှေ့တောင် အနေမတတ် အထိုင်မတတ်နဲ့
မဖြစ်သေးပါဘူးဒါပေမယ့် ဒီတိုင်းလက်လျှော့လိုက်ဖို့တော့ အဖိုးကြီးရှောင်း စိတ်မကူး ။
"ချန့်ချန့်ရေ"
"ဟုတ် ပါးပါး"
"မင်း အပေါ်ထပ်ကိုသွား အပေါ်ထပ်က Soundboxနဲ့ မင်းဖုန်းနဲ့ ချိတ်ပြီး သီချင်းဖွင့်စမ်း"
"ပါးပါး အကိုကြီးတို့မနိုးသေးဘူးလေ"
"လျှာမရှည်နဲ့ ငါခိုင်းသလိုလုပ် သီချင်းကို အုန်းဒိုင်းဂွမ်း အဖြစ်ဆုံးဟာကို ဖွင့်... Soundboxကို သူတို့အခန်းဘက်ကို လှည့်ခဲ့
ငါ ခိုင်းတာမလုပ်ရင် မင်းဂိမ်းစက် သိမ်းမယ်"
အဖေဆိုတဲ့ အာဏာနဲ့ ခြိမ်းခြောက်လာတော့လည်း ရှောင်းချန့်လေးခမျာ ဘာမှမတတ်နိုင် ။
ဘုရားသိကြားမလို့ ၀ဋ်မလည်ပါစေနဲ့
ပါးပါးခိုင်းလို့ လုပ်ရတာပါ
YOU ARE READING
ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETED
Fanfiction"မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန့် သွေးအန်လေသတည်း ... "မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန်႕သွေးအန်လေသတည်း ...