၁၁

10.3K 1.4K 11
                                    

ZAWGYI

နေ့ရက်တွေ တဖြည်းဖြည်းကုန်လွန်လာတာနဲ့အမျှ နှစ်ယောက်သားရဲ့ နေ့ရက်တွေကလည်း တဖြည်းဖြည်း ပုံမှန်ဖြစ်လာတယ် ။

ရှောင်းကျန့်က မနက်တိုင်း ရိပေါ်အတွက် ထမင်းချိုင့်ပြင်ပေးပြီး ရိပေါ်ကတော့ ညစာအတွက် တာဝန်ယူတယ် ။

စနေနေ့မှာ မိဘတွေအိမ်ကို အလည်သွားကြပြီး တစ်ပတ်စာစားလို့ရမယ့် ဟင်းတွေကိုလည်း သယ်လာကြသေးတယ် ။

တနင်္ဂနွေနေ့မှာတော့ နှစ်ယောက်အတူတူ အိမ်ရှင်းကြပြီး ညဘက်ဆို အိမ်မှာပဲ ရုပ်ရှင်တစ်ကားလောက် ကြည့်ဖြစ်ကြတယ် ။

"မောင်ကလေ ခြေအိတ်တွေ တစ်ဖက်စီ မချွတ်ပါနဲ့လို့ ပြောထားတာလည်း မရဘူး"

ကိုကိုက အ၀တ်တွေ လိုက်ကောက်ရင်းနဲ့ ရိပေါ်ကို လှမ်းဆူတယ် ။ ရိပေါ်ကတော့ သွားလေးပဲ ဖြဲပြလိုက်ပြီး ကြမ်းကို နာနာလေးဖိတိုက်နေလိုက်တယ် ။ ကိုကို စိတ်ဆိုးရင် ကြောက်စရာကြီး ခင်ဗျ ...

ကိုကိုအ၀တ်လျှော်နေတုန်း ဖုန်းဝင်လာတာမို့ ရိပေါ်လည်း ကိုင်လိုက်တယ် ။

"ဟဲလို"

"အေး...သား!!"

"သားမဟုတ်ဘူး သမက်"

ယောက္ခမကြီးနဲ့အရင်လို တကျက်ကျက်မဟုတ်တော့ပေမယ့် ရိပေါ်ကတော့ တခါတလေ ဆိုးချင်နေတုန်းပဲ ...

"အေး သမက်ဆိုလည်း နောက်မှ မက်
အရင် အိမ်လာ"

"ဘာဖြစ်လို့လဲ"

"မင်းအမေက ၀က်သားကြော်ပေးမလို့တဲ့ ... မင်းက တော်တော်လျှာရှည်တာပဲ လာဆိုလာပေါ့
လူကြီးကို တခွန်းမကျန် ပြန်ပြန်မေးနေတာ
ငါတို့ ငယ်ငယ်ကဆို..."

တီ!!!

ရိပေါ်က ဖုန်းကို ဆုံးအောင်နားမထောင်ဘဲ မြန်မြန်ချလိုက်တယ် ။ အဖိုးကြီးရှောင်းရဲ့ ငယ်ငယ်ကဆိုရင် အစချီတဲ့ပုံပြင်တွေက တစ်ထောင့်တစ်ည ပုံပြင်တွေထက်ပိုပြီး ရှည်လျားတယ် ။

"ကိုကိုရေ... ပါးပါးကအိမ်ကို လာခဲ့တဲ့
မောင် ခဏသွားလိုက်ဦးမယ်"

"အင်း မောင်..ဆိုင်ကယ်ကို ဂရုစိုက်စီးနော်"

ရိပေါ်က စီးတော်ယာဉ်ဆိုင်ကယ်လေးနဲ့ ယောက္ခမကြီးအိမ်ကို သွားပြီး ရိက္ခာတွေယူတယ် ။ အဖိုးကြီးရှောင်းက သူငယ်ငယ်ကကိစ္စတွေ ဆက်ပြောချင်နေပုံပဲ
ရိပေါ်မှာ ကမန်းကတန်းတွေ ဆိုင်ကယ်ပေါ် တက်ပြေးလာရတယ် ။

ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETEDHikayelerin yaşadığı yer. Şimdi keşfedin