ZAWGYI
ကျွန်မရဲ့ကလေးဘ၀ဟာ အော်ဟစ်သံ ဆူညံသံတွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ် ။ အဖေက အမြဲတမ်းမူးနေပြီး အမေနဲ့ရန်ဖြစ်တဲ့အခါတိုင်း ကျွန်မ သည်းသည်းထန်ထန်ငိုကြွေးရတတ်တယ် ။
"အယ်လီနာ... ဒီမှာငြိမ်ငြိမ်လေးထိုင်နေနော်"
အမေက ကျွန်မကို သစ်ပင်အောက်မှာထိုင်ခိုင်းထားပြီး လူကြီးတစ်ယောက်ကို လက်ဆွဲလို့ ကျွန်မနဲ့ဝေးရာကို ထွက်သွားခဲ့တယ် ။
"mommy... မသွားပါနဲ့!!"
ကျွန်မရဲ့အသံတွေက အမေ့ကို မတားဆီးနိုင်ခဲ့ဘူးထင်ပါရဲ့
သစ်ပင်အောက်မှာ ကျွန်မတစ်ယောက်ထဲ ကျန်နေခဲ့ရတယ် ။
ကြောက်လန့်နေပြီဖြစ်တဲ့ကျွန်မက ရှိုက်ကြီးတငင်ငိုကြွေးမိတယ် ။
ဘုရားသခင်က တကယ်ပဲ ကျွန်မကို မကယ်နိုင်တော့ဘူးလားဟင် ..."ဟေ့ ကလေးလေး ဘာဖြစ်လို့လဲ မင်း Mommy ရော ဘယ်မှာလဲ"
မျက်ရည်တွေနဲ့ပြည့်နေတဲ့ကျွန်မရဲ့မျက်ဝန်းထဲမှာ အစိမ်းရောင်အလင်းတန်းလေးကိုမြင်လိုက်ရတယ် ။
ဟုတ်ပါတယ် ဒါဟာ ကျွန်မရဲ့ Daddy ပါ ။ညစ်ပတ်နေတဲ့ကလေးမလေးကျွန်မကို ညင်သာစွာပွေ့ချီပြီး အိမ်ကိုခေါ်သွားပေးခဲ့တဲ့ Daddy ဟာ ကျွန်မရဲ့ကယ်တင်ရှင်ပါပဲ ။
"သမီးနာမည်ဘယ်လိုခေါ်လဲ"
"အယ်လီနာ"
ကျွန်မကို နွေးထွေးမှုဆိုတဲ့အရာနဲ့ စတင်ထိတွေ့စေသူကတော့ ပါးပါး ပါ ။
ပါးပါးရဲ့အပြုံးတွေကသိပ်နွေးထွေးတယ်လို့ ကျွန်မထင်တယ် ။
အဲ့ဒီအချိန်က သိပ်ကိုကြောက်လန့်တုန်လှုပ်နေခဲ့တဲ့ကျွန်မက ပါးပါးရဲ့အပြုံးလေးကြောင့် အေးချမ်းသွားခဲ့တာကို ဒီနေ့အထိ မှတ်မိသေးတယ် ။"သမီးမျက်လုံးတွေက သိပ်လှတာပဲ"
ပါးပါးက ကျွန်မရဲ့ဆံပင်လေးတွေကို ဖြီးပေးနေရင်းက ချီးကျူးလာတယ် ။
"ဒါပေမယ့် Uncle မျက်လုံးလေးတွေက ပိုလှတယ် အနက်ရောင်လေး"
အဲ့ဒီတုန်းက ကျွန်မက ပါးပါးကို အန်ကယ်လို့ပဲ ခေါ်ခွင့်ရသေးတယ် ။အန်ကယ့်လို မျက်ဝန်းနက်နက်လေးတွေရှိရင်သိပ်ကောင်းမှာပဲလို့လည်း တွေးခဲ့မိသေးတယ် ။
KAMU SEDANG MEMBACA
ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETED
Fiksi Penggemar"မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန့် သွေးအန်လေသတည်း ... "မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန်႕သွေးအန်လေသတည်း ...