ZAWGYI
ဝေးကွာနေရတဲ့ ကာလတွေပြီးတဲ့နောက်မှာ ကိုကိုနဲ့ ရိပေါ် ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပြီ ။
"ကိုကို ... လွမ်းနေတာ"
ရိပေါ်က စူပုပ်ပုပ်နဲ့ ကပ်ချွဲတော့ ကိုကိုရယ်တယ်
"ဒီလောက် Video Call တွေပြောနေတာကို မောင်က ပိုကိုပိုတယ်"
ရိပေါ်ရဲ့မျက်နှာက ထပ်မံစူပုပ်သွားသည် ။ Video Call ဆိုတဲ့အသံကြားတိုင်း အဖိုးကြီးရှောင်းကို ဒေါသထွက်ရလွန်းလို့ သွေးတောင်တက်နိုင်သည် ။ Wifi မရပေမယ့်လည်း ယောက်ျားကို မမြင်ရရင် မနေနိုင်တဲ့ ၀မ်ရိပေါ်ကတော့ Data တွေဝယ်ပြီး သုံးပစ်လိုက်ရပါသတဲ့
"Phone Bill ဖိုးတွေ မနည်းဘူးကုန်သွားတယ်မလား မောင်"
ကိုကိုက မေးတော့ ရိပေါ် ပြုံးရုံသာပြုံးပြလိုက်သည် ။ ကိုကိုနဲ့ နီးစပ်ဖို့ဆို ဘယ်လောက်ကုန်ကုန်ကွာ...
"လာ မောင်...ထမင်းသွားစားကြမယ်"
ကိုကိုခေါ်၍သာဆင်းလာရပေမယ့် စိတ်ထဲမှာတော့ အဖိုးကြီးကို သိပ်ကြည်တာမဟုတ် ။
"မိန်းမရေ... မိန်းမကလည်း.."
အောက်ထပ်ကို ဆင်းဆင်းချင်းကြားလိုက်ရတဲ့အသံကြောင့် ရိပေါ် နှာခေါင်းရှုံ့လိုက်သည် ။
ဒီအရွယ်ကြီးကျမှ အဖိုးကြီးလည်း မလွယ်ဘူး"မားမား ဘာဟင်းချက်လဲဟင်"
ရိပေါ်က မားမားနားမှာ ကပ်ချွဲလိုက်တော့ အဖိုးကြီးရှောင်းက မျက်စောင်းထိုးသည် ။
"ပါးပါး Wifiဖိုးပြန်သွင်းဦး ကျွန်တော် online class တက်ရတော့မှာ"
ရှောင်းချန့်ကပြောတော့ အဖိုးကြီးက ခေါင်းညိတ်ပြသည် ။
"ပါးပါး... ကျွန်တော်တို့ အပြင်ခဏသွားဦးမလို့ ဘာမှာဦးမလဲ"
ရှောင်းကျန့်ကမေးတော့ အဖိုးကြီးက မျက်မှောင်ကြုတ်ကာကြည့်သည် ။
"ဒီကာလကြီးမှာ ဘယ်တွေသွားချင်သေးတာလဲ မင်းတို့က"
"Market ကိုပါ ၀ယ်စရာလေးတွေရှိလို့"
"အမယ်လေး သွားမနေနဲ့ မင်းအမေသွားမှ မှာလိုက်"
စစ်စစ်ပေါက်ပေါက်တွေမေးနေသော အဖိုးကြီးကို အမြင်ကပ်လာသော ရိပေါ်က စားလက်စကို ရပ်လိုက်ပြီး အဖိုးကြီးရှောင်းကို ကြည့်လိုက်သည် ။
VOUS LISEZ
ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETED
Fanfiction"မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန့် သွေးအန်လေသတည်း ... "မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန်႕သွေးအန်လေသတည်း ...