ZAWGYI
"ကိုကိုရာ အဲ့တာ အပျော်သဘောနဲ့ လုပ်မိတာပါ စိတ်မဆိုးပါနဲ့တော့"
တမနက်ခင်းလုံး ရိပေါ်က အနောက်ကနေ တတွတ်တွတ် လိုက်ပြောနေပေမယ့် ကိုကိုက အဖတ်မလုပ် ။
မသိချင်ယောင်သာဆောင်ပြီး လိုအပ်တဲ့ စာအုပ်တွေကို ရှာဖွေနေသည် ။ စာကြည့်တိုက်အတွင်းမှာ ဖြစ်တာမို့ လိုတာထက်ပိုပြီး အသံကျယ်လို့ မရတာကိုလည်း ရိပေါ် အနည်းငယ် စိတ်တိုချင်လာပြီ
"ဘာလဲ ကိုကိုက မောင်နဲ့တကယ် ပြတ်ချင်နေတာလား"
ရိပေါ်က ခပ်ဆတ်ဆတ်မေးတော့ ရှောင်းကျန့်က ခဏတော့ ငြိမ်သွားသည် ။ ထို့နောက် ဘာမှမပြောဘဲ ထိုနေရာကနေ ထွက်ခွာသွားသည် ။
"ဟာ...ဘာတွေလဲကွာ"
ရိပေါ်က စိတ်ရှုပ်စွာနှင့် သူ့ဆံပင်တွေကို ဆွဲဖွပစ်လိုက်သည် ။
"တုံးလိုက်တာ Leoရာ"
ဖြစ်ကြောင်းကုန်စင်ကို Mike အားပြောပြတော့ Mike က ဤသို့မှတ်ချက်ချသည် ။
"ငါက ဘာတုံးလို့လဲ"
မကျေမနပ်နှင့်ပြောလာသော ရိပေါ်ကို Mike က တုံးရန်ကောဆိုသည့်အကြည့်နှင့် ကြည့်လိုက်သည် ။
"Sean က မင်းကို တကယ်စိတ်ဆိုးတာမဟုတ်ဘူး သူက သ၀န်တိုနေတာ"
"သ၀န်တိုတာ??"
ရိပေါ်က အူလည်လည်နင့်ပြန်မေးတော့ Mike က ခေါင်းညိတ်ပြသည် ။
"သူက ဘာလို့ သ၀န်တိုတာလဲ"
"ဟာ... ကိုယ့်ရည်းစားက ကောင်မလေးတွေရှေ့မှာ အင်္ကျိတွေချွတ်နေတာကို ဘယ်သူက ပျော်ပျော်ကြီး ကြည့်နေနိင်မှာလဲ"
"ဟင် ငါကအပျော်လုပ်တာကို"
ရိပေါ်က ဘာတွေမှန်းလဲမသိဘူးဆိုသည့်ပုံစံဖြင့် တုံ့ပြန်လာတော့ Mike က စုပ်တသပ်သပ်ဖြင့် ခေါင်းခါသည် ။
"အင်း... Leo... Leo... မင်းကိုယ်တိုင်ကြုံမှ သိလိမ့်မယ်"
Mike က ဆရာကြီးစတိုင်နှင့် အရှေ့ကို ပြန်လှည့်သွားတော့ ရိပေါ်က ပွစိပွစိဖြင့် ရေရွတ်ရင်း စာအုပ်တွေကို ထုတ်လိုက်သည် ။
YOU ARE READING
ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETED
Fanfiction"မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန့် သွေးအန်လေသတည်း ... "မင်းကိုယ်မင်း ကံဆိုးလှပြီထင်နေလား ငါ့သမက်က ၀မ်ရိပေါ်ကွ" ထိုစဉ် အဖိုးကြီး ရှောင်းဟန်႕သွေးအန်လေသတည်း ...