Zawgyi
"ယွန်းဂီ အိုပါး!!!!ထတော့!!!" ဒုန်း ဒုန်း!!!
ဒီအသံကျယ်ကြီးဟာဆိုရင်ဖြစ့်တစ်ပတ်လျှင်အနည်းဆုံးတစ်ခါဖြစ်ဖြစ်ကြားလေ့ရှိသောအသံပင်ဖြစ်သည်။
အပြင်ကဝုန်းဒိုင်းကြဲတံခါးကိုထုရိုက်နေပြီဆိုလျှင် အထဲမှလည်းအော်သံနက်ကြီးပြန်ထွက်လာမည်ဖြစ်သည်။
"ရား!!!!ဂျောင်ဆူဇန် တော်ပါတော့!!!! ငါ့ကိုတစ်ပတ်လောက် ဒုက္ခမပေးပဲနေပါလားဟာ!!!!"
"နိုးပါ အိုပါးသူငယ်ချင်းတွေနဲ့စကိတ်ကွင်းခေါ်သွားမယ်လို့ကတိပေးထားတယ်လေ မြန်မြန်ထတော့ အောက်မှာစောင့်နေမယ် နော်!!! ဆက်အိပ်မနေနဲ့တော့လို့!!!!!"
အသံထွက်မလာတော့တဲ့အခါမှာတော့ ဆူဇန်ခေါင်းခါရင်းပြုံးလိုက်မိသည်။တကယ်ဆို ဒီလိုအော်ဟစ်ပြီးခေါ်နေမယ့်အစား ဘေးနားမှာ မျက်နှာလေးကိုဖွဖွကိုင် အသံချိုချိုလေးနဲ့ကိုယ်
လည်းနှိုးချင်တာပေါ့။တကယ်ဆို အဲ့စိတ်ကူးလေးကိုတောင် စိတ်ကူးယဉ်ခွင့်လေးပျက်စီးသွာမှာစိုးလို့ သူ့ခံစားချက်တွေကိုအောင့်အီးခဲ့ရတာ အချိန်တွေတောင်ဘယ်လောက်ကြာခဲ့ပြီလဲ။
တစ်နေ့တော့ သူသိဖို့မျှော်လင့်ပါတယ်
ကိုယ်ဖုံးကွယ်ထားခဲ့ရတဲ့ခံစားချက်တွေကို......Incomplete🌹
"မေမေ ကျနော် ဂျွန်ယောင်းတို့နဲ့ချိန်းထားလို့သွားမယ်နော်"
သူ့အမေကိုအနောက်ကနေသိုင်းဖက်ကာဖြင့် ချွဲနေသောကောင်လေး။
"နောက်မကျစေနဲ့နော် သား ညီမလေးကိုဂရုစိုက်နော်
သူငယ်ချင်းတွေနဲ့ဆိုပြီး ဂရုမစိုက်မလုပ်နဲ့နော် သူပျော်နေတာ ကြည့်ပါဦး"သီချင်းတညည်းညည်းဖြင့် ပျော်ရွှင်နေသော သူမဘက်ကိုလှည့်ကြည့်လိုက်မိသည်။တကယ်တော့ ဆူဇန်က အနောက်တိုင်းသူအမေနဲ့ကိုရီးယားစစ်စစ်အဖေကမွေးထားတာမို့လို့ သူများနဲ့မတူသည့်အလှမျိုးရှိသည်။
သူသိပ်သဘောမတွေ့တဲ့ဆေးရောင်ဆိုးထားတဲ့ဆံပင်တွေက
သူမနဲ့ဆိုသိပ်လှသည်ဟုပြောလို့ရသည်။လှိုင်းတွန့်ဆံပင်လေးများက ပုရိသတို့ကိုပင် တစ်ချက်တစ်ချက် အသက်ရှူမှားသွားစေနိုင်သည်။
ČTEŠ
Incomplete [Completed]
FanfikceMin Yoongi X OC ɪ ᴛᴇʀᴍᴇᴅ ʏᴏᴜ ᴀꜱ ᴀ ʙʟᴀɴᴋ ᴄᴜᴢ ʏᴏᴜ ᴍᴀᴋᴇ ᴍᴇ ꜰᴇᴇʟ ɪɴᴄᴏᴍᴘʟᴇᴛᴇ....👄 Start- 12.4.2020 End - 24.4.2020