Episode 7

1.6K 241 2
                                    

Zawgyi

ခြေတစ်လှမ်းစာလောက်ဖြစ်ဖြစ်နီးလာတယ်လို့ဆိုနိုင်မလားအစ်ကို...

ကိုယ့်ရဲ့သံယောဇဉ်ကြိုးရှည်ကိုစိတ်တိုင်းကျတဲ့အချိန်အထိဆွဲထားလို့ရပါတယ်...

မနီးစပ်ရသေးပဲဝေးဖို့ဖြစ်လာတဲ့အခါ...

သူစိမ်းတစ်ယောက်လိုမြင်ဖို့အဆင်သင့်ဖြစ်သွားခဲ့တဲ့အခါ...

အနာဂတ်တွေကပျော်စရာတွေဖြစ်မလာနိုင်တော့တဲ့အခါ....

အစ်ကို့အတိတ်တွေမှာကိုယ်ရှိခဲ့ဖူးတာကိုသတိရပေးပါ.....

Incomplete🌹

အမေ့သြဝါဒတစ်သီတစ်တန်းကိုနားထောင်ခဲ့ရပြီးတဲ့နောက်မှာကိုယ်ကိုရီးယားကိုပြန်လာဖို့ဖြစ်လာသည်။အမေ့ရဲ့
သမက်လောင်းလေးကသိပ်သတိရနေရှာတာတဲ့။

ဒါတောင်လေဆိပ်လာကြိုတဲ့နေ့ကKaiနဲ့အတူပြန်လာတာမို့လို့လူကိုသိပ်မကြည်ချင်။ဟိုကောင်ကလည်းအရမ်းကိုဖော်ရွေပြနေလိုက်တာ။

နည်းနည်းကြာမှမွေးရပ်မြေကိုပြန်လာရတဲ့ခံစားချက်။
အရမ်းကြီးပျော်ရွှင်နေတာမျိုးမဟုတ်ပေမဲ့ ကိုယ်သဘောကျတဲ့လူနဲ့တစ်မြေတည်းပြန်နေရတဲ့ခံစားချက်။

ယွန်းဂီအိုပါးနဲ့ကိုယ်နဲ့နည်းနည်းနီးစပ်လာတယ်လို့တော့ခံစားရသည်။ဟိုငယ်ငယ်ကလို ကိုယ့်ကိုပစ်ပစ်ခါခါကြီးမဟုတ်တော့။သူ့ဘက်ကတော်တော်ထူးဆန်းနေတာကြီးကိုတော့လက်ခံဖို့ကိုယ့်အတွက်မလွယ်သေး။

အခွင့်အရေးပေးချင်တာလားတော့မသိပေမယ့်။သူလည်းသဘောမကျပဲ ကိုယ့်ကိုလာ Flirtချင်ရုံသက်သက်ဆိုရင်တော့
သဘောကျလည်းဆောရီးပဲ စေ့စပ်ထားလည်းဂျောင်ဆူဇန်ကိုဒီလိုလာလုပ်လို့မရဘူး။

ဒါပေမဲ့...ကိုယ်ကအရမ်းသဘောကျနေပြီ။တစ်ချက်တစ်ချက်သူကိုယ့်ကိုဂရုစိုက်တိုင်းမှာ အား!!ရူးမတက်ရင်တွေခုန်ရလွန်းလို့။

ခေါင်းထဲထုတ်လို့မရအောင်ကိုပြုစားနေတာပဲမင်ယွန်းဂီ...

.

.

.

Incomplete [Completed] Donde viven las historias. Descúbrelo ahora