Episode 3

1.6K 248 1
                                        

Zawgyi

အတူတူပျော်ရွှင်ရဖို့က ကိုယ့်ဆန္ဒပါလို့ပြောရင်
လှောင်ရယ်နေလေမလားအစ်ကို.....

အနားနားမှာမရှိရင် အထီးကျန်ပြီးနာကျင်ရတယ်ပြောရင်ရော
လစ်လျူရှုဦးမှာလားအစ်ကို.....

ထွက်မသွားရုံတမယ် အနားမှာရှိတဲ့အစ်ကို့ကြောင့်
နေ့တိုင်းနာကျင်ဖြစ်ပါတယ်.....

အစ်ကိုကလွဲရင် ခေါင်းတွင်တွင်ခါတဲ့ကိုယ်ဟာ
အစ်ကိုနဲ့မှပဲ တက်တက်စင်အောင်လွဲရတယ်လို့....

အိပ်မက်ထဲမှာ အစ်ကိုကကိုယ့်လက်ကိုဆုပ်ကိုင်ပေးပြီး
ရယ်မောနေခဲ့ကြပါတယ်.....

Incomplete🌹

ယွန်းဂီတို့အိမ်နဲ့ညစာစားဖို့ရှိတယ်နော်လို့ လာပြောတည်းက
ကိုယ်အဝတ်တွေထိုင်ရွေးနေမိတာအခုထိမပြီးနိုင်မစီးနိုင်ပါပဲ။

အဝတ်စားကိုသိပ်ကြေးမျာလေ့မရှိတဲ့ကိုယ်က အစ်ကိုနဲ့တစ်ခါတစ်ခါတွေ့ဖို့ဖြစ်တိုင်း ဘာဝတ်ရမှန်းမသိတော့တာက အမြဲတမ်းဖြစ်နေကျပဲ။

မိန်းကလေးတွေအကြောင်းကိုသိပ်ပြီးစိတ်မဝင်စားတတ်တဲ့အစ်ကိုက သူ့ကိုလည်း except ခံထားပုံရပါတယ်။ မိသားစုတွေဆုံတိုင်း သူ့အကြောင်းကလွဲပြီးအကုန်စိတ်ဝင်စားတာမျိုး။

အချိန်တွေရာသီတွေပြောင်းလည်း အစ်ကို့တစ်ယောက်တည်းကိုပဲ သဘောကျဆဲဖြစ်တဲ့ ကိုယ့်ဘာသာလည်းအံသြပါတယ်။

ဆူဇန်နီး သိပ်ချစ်တတ်ပါလားပေါ့....

.

.

.

.

.

လူကြီးတွေကတော့ထမင်းလက်ဆုံစားကြရင်စကားစမြည်​ပြောကြရင်းနဲ့ သဘောကိုတွေ့နေကြတော့တာပါပဲ။ဘာဝင်ပြောရမှန်းမသိတဲ့ကိုယ်ရယ် ဘာမှဝင်ပြောချင်ပုံမရတဲ့ ယွန်းဂီအိုပါးရယ်ပဲငြိမ်နေကြတာ။

ထမင်းစားပြီးလို့ ဧည့်ခန်းထဲမှာလူကြီးတွေထိုင်စကားပြောနေတဲ့အထိကိုကိုယ်တွေကငြိမ်ချက်သားကောင်းတုန်း။ကိုယ်ကတော့အရိပ်ကြည့်ပြီး ပြုံးပြလိုက် နည်းနည်းဝင်ရီလိုက်လုပ်နေပေမယ့် သူကတော့တကယ့်ကိုစိတ်မဝင်စားတာ။

Incomplete [Completed] Donde viven las historias. Descúbrelo ahora