Episode 6

1.6K 222 1
                                    

Zawgyi

နီးသလိုလိုနဲ့တကယ်တော့အလှမ်းဝေးဝေးမှာရောက်နေတဲ့
ပြတင်းပေါက်လေးနှစ်ချက်ပါပဲ.....

တစ်ဖက်သက်ငေးကြည့်ခြင်းတွေအဆုံးမှာဆန်းကြယ်မှုတွေ
ရာက်လာလေမလားလို့ပဲမျှော်လင့်မိပါတယ်...

ခဏတာဆုံတွေ့ပြီးကျောခိုင်းရမဲ့ဆုံမှတ်မျိုးဆိုလည်းလောဘတက်မိအုန်းမယ်ထင်ပါတယ်....

ရိုးရိုးသတ်လည်းသေမယ့်အတူ အစ်ကို့အပြုံးတွေကြားမှာပဲ
နစ်မွန်းပြီးပဲအဆုံးသတ်ချင်ဖူးပါတယ်အစ်ကို.....

Incomplete🌹

"Kai....နင်တကယ်အဆင်ပြေရဲ့လားဟာ ဆေးခန်းသွားကြမယ်လေဟာ အတွင်းကြေတွေဘာတွေဆိုဘယ်လိုလုပ်မလဲ"

စိတ်ချလက်ချထားပြီးသွားဖို့အခါခါပြောနေတာတောင်
ကိုယ့်ကြောင့်ဖြစ်ရတယ်ဆိုတဲ့အားနာစိတ်ကြောင့်စိတ်ပူမိနေတုန်း။

"ဟဲ့...ငါအကောင်းကြီးလို့ပြောနေတယ်ဟာ....ဘေးကတခုခုနဲ့ခြစ်မိလို့သွေးနည်းနည်းစို့တာပါဟာ...ငါ့ကြောင့်အထင်လွဲသွားတယ်ထင်တယ် နင့်လူကြီးသနားပါတယ်ဟာ လိုက်သွားလိုက်သွား"

သက်ပြင်းချပြီးတော့ထွက်လာခဲ့သည်။သူ့ဆီလာတယ်ရယ်​တော့မဟုတ်။အခုချိန်ထိအဲ့နားမှာရပ်စောင့်နေတယ်ဆိုရင်
မင်ယွန်းဂီဘယ်ဟုတ်တော့...တော့

"အယ်"

ရုတ်တရက်ပါးစပ်ထွက်သွားတဲ့အသံကျယ်ကြီးကြောင့်ဒီဘက်လှည့်ကြည့်လာတဲ့သူ။နေပါဦး။တကယ်ရပ်စောင့်နေတာလား။

ဘယ်လိုဖြစ်ဖြစ် ကိုယ့်ဘက်ကပြန်မခေါ်နိုင်တာမို့လို့မသိသလိုသာထွက်လာခဲ့သည်။ကိုယ်လက်လွန်မိထားတဲ့ပါးလေးကခပ်ရဲရဲလေးဖြစ်နေသလားလို့။

ဟူး...စိတ်ရှုပ်ဖို့ကောင်းလိုက်တာ

.

.

.

.

.

.

"ရှင် ဘယ်အချိန်ထိလိုက်နေဦးမှာပဲ"

Incomplete [Completed] Donde viven las historias. Descúbrelo ahora