Episode 4

1.6K 234 2
                                    

Zawgyi

မေ့ပစ်ဖို့ကြိုးစားပြီး လှည့်ပြေးလိုက်တိုင်း
တူညီတဲ့နေရာကိုပဲပြန်ရောက်နေတယ် အစ်ကို....

သဘောကျခြင်းဆိုတဲ့စည်းဝိုင်းထဲမှာအစ်ကို့ကိုထားခဲ့မိတယ်ထင်ပါတယ်....

ရုန်းမထွက်နိုင်မှန်းပဲသိသိရက်နဲ့ လှည့်ပြေးနေမိတာ
လှည့်ကြည့်လိုက်တိုင်း မတူညီတဲ့ပုံစံတွေမြင်ရတာကလွဲလို့...

ကျောခိုင်းနေမယ့်အစ်ကို့ရဲ့ပုံရိပ်ရယ်
မျက်နှာချင်းဆိုင်ဖို့သတ္တိရလာတဲ့အခါတွေ့ရမယ့်ပုံရိပ်ရယ်...

အစ်ကိုက ကိုယ်ခေါင်းမာမာနဲ့တွန်းထုတ်နေပြီး
နာကျင်ရလည်းလက်မလွှတ်ချင်တဲ့ နံရိုးလေးတစ်ချောင်း💖

Incomplete🌹

"ဂျောင်ဆူဇန် နင်အမေပြောတာကိုတကယ်နားမထောင်ဘူးလား ဟမ်!!!"

"မေ သမီး စေ့စပ်ပြီးတာနဲ့သွားမယ်လို့ပြောထားတာပဲကို အခုမှဘာဖြစ်တာလဲမေရာ"

စိတ်ရှုပ်ရှုပ်နဲ့ အကုန်လုံးကိုထားပြီးအဝေးပြေးချင်နေတာကို
အမေကပါဆူလို့မပြီးနိုင်။

"နင်ဘာအချိုးချိုးနေတာလဲ ဟမ်" "ဖြန်း"

ပုခုံးပေါ်ဖြတ်ခနဲကျလာတဲ့လက်ဝါးကြောင့် သိက်တော့မနာလိုက်ပေမယ့် ရင်ထဲကအနာနဲ့ရောပြီး မျက်ရည်ကကြလာသည်။

"ဘယ်သူ့မှလည်း သမီးခံစားနေတာကိုလည်းမသိကြပဲနဲ့"

ဘာမှလည်းပြန်မပြောတော့ပဲ luggage ဆွဲကာထွက်သွားသောကိုယ့်ကိုမေမေကနားမလည်စွာသာကြည့်နေတော့သည်။

"တက်"

အမှတ်မထင်ကြားလိုက်ရသည်က အစ်ကို့ရဲ့ဆူဆောင့်ဆောင်အသံ။မတက်နိုင်ပါဘူး စေ့စပ်ပွဲပြီးတည်းကစကားကိုမပြောချင်တောလို့ပစ်ထားတာကို။

သူများသဘောကျတာကိုလှောင်စရာလုပ်သွားတဲ့လူ။ဒေါသထွင်လွန်းလို့ မေ့ပစ်ချင်ပေမယ့်လည်း နှလုံးသားကရိုက်သွင်းထားသလို သူမှသူပဲဖြစ်နေတုန်း။

Incomplete [Completed] Donde viven las historias. Descúbrelo ahora