နီးစပ်လာတဲ့အခါ ပိုပြီးနီးစပ်ချင်လာတယ်အစ်ကို....
သိပ်ချစ်တဲ့အကြောင်းတွေ....
အစ်ကို့အပြုံးတွေမှာပျော်ဝင်ခဲ့ရတာတွေ....
အစ်ကို့ကြောင့်ရူးမတတ်ရင်ခုန်ခဲ့ရတဲ့နေ့ရက်အကြောင်းတွေ..
ပြောပြပြီးတဲ့အခါ အစ်ကိုကအချစ်တွေထပ်တိုးပေးမလား။သဘောကျပြီးရင်းသဘောကျမိတဲ့အခါ ဒီလူကပိုရူးရပါတယ်။
လက်လျော့လိုက်ရတဲ့အိပ်မက်တွေတကယ်ဖြစ်လာတဲ့အခါ...
အစ်ကိုဟာ ကိုယ့်ရဲ့အချစ်ကန္တာရထဲကအိုအေစစ်လေးပေါ့...
Incomplete🌹
ကိုယ့်ရဲ့စိတ်ညစ်ခဲ့ရတဲ့နေ့ရက်တွေကအခုမှပဲဆက်တိုက်ပျော်စရာတွေကြီးပင်ဖြစ်သည်။အကြာကြီးစောင့်ခဲ့ရတာတွေက အချည်းနှီးမဖြစ်ဘူးပဲပြောရမလား။ကိုယ်ဒီအခြေအနေလေးကိုတကယ်သဘောကျမိသည်။
ချစ်တယ်လို့လုံးလုံးပြောလာသည်တော့မဟုတ်ပေမယ့် သဘောကျသည်ဆိုတာနှင့်ပင်ကိုယ့်အတွက်လုံလောက်နေပြီဖြစ်သည်။
ပျော်စရာကောင်းပေမယ့်လို့ အစ်ကို့ကိုခဏခဏမတွေ့ရတာတော့အရင်လိုပါပဲ။အရမ်းထက်မြက်တဲ့အစ်ကိုက ရာထူးတဖြည်းဖြည်းကြီးလာသည်နှင့်အမျှ အလုပ်ကတစ်ပုံတစ်ပင်နှင့်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အရင်ကအေးတိအေးစက်နဲ့အစ်ကိုက သတိရသည်ဆိုကာဖုန်းဆက်ရင်ပင်ကိုကိုယ့်မှာဒီဘက်ကအူယားဖားယားကိုဖြစ်လို့။အနီးအနားမှာရှိနေရင် အရုပ်လေးတစ်ရုပ်လိုကိုဖြစ်ညှစ်မိသွားမလားပဲ။
#Ring
"ဟယ်လို အိုပါး"
"ဟွန်း...ကိုကိုလို့ခေါ်ဖို့ပြောထားတယ်လေကွာ"
"မခေါ်တတ်ဖူးလို့ပြောတယ်လေ...တူတူပဲဟာကိုအိုပါးပဲခေါ်မယ်လေနော်"
ကိုယ့်ကိုပြန်ပြောတဲ့အသံမကြားရပဲ သက်ပြင်းရှည်ကြီးချတဲ့အသံကိုသာကြားမိတော့ ကိုယ်ခပ်ဖွဖွရီမိသည်။လိုချင်တာမရလို့ဖြစ်နေမယ့် ပုံစံကြီးကိုမြင်ချင်လိုက်တာ..uwu...
ŞİMDİ OKUDUĞUN
Incomplete [Completed]
Hayran KurguMin Yoongi X OC ɪ ᴛᴇʀᴍᴇᴅ ʏᴏᴜ ᴀꜱ ᴀ ʙʟᴀɴᴋ ᴄᴜᴢ ʏᴏᴜ ᴍᴀᴋᴇ ᴍᴇ ꜰᴇᴇʟ ɪɴᴄᴏᴍᴘʟᴇᴛᴇ....👄 Start- 12.4.2020 End - 24.4.2020