Episode 2

1.9K 239 3
                                        


Zawgyi

တစ်ဖက်သတ်အချစ်က တစ်ဖက်ကိုသေလောက်အောင်နာကျင်စေပါတယ်အစ်ကို...

ထုတ်ပြလိုက်ရင်အထင်သေးသွားမလားဆိုတဲ့စိတ်နဲ့လည်း
အကြိမ်ကြိမ်သေရပါတယ်အစ်ကို...

ပိုင်ဆိုင်ဖို့ကိုရူးရူးမူးမူးစိတ်ကူးဖူးသလို ပျော်ရွှင်စေဖို့လည်း
လက်လွှတ်ပေးဖို့တွေးရင်း ဝေးဝေးပြေးခဲ့ဖူးပါတယ်....

အရာရာပုံပေးထားတာမို့ အနားနားရှိနေရုံနဲ့တင်ရူးလောက်
အောင်ပျော်ရွှင်နေတတ်ဖူးပါတယ်....

စိတ်ရှုပ်စရာတစ်ခုအနေနဲ့ တစ်နေ့ကိုယ့်ဆီကလှည့်ထွက်ဖို့ဖြစ်လာခဲ့အခါ ခင်များကိုမုန်းလောက်အောင်ချစ်ခဲ့ဖူးတာကိုသတိရပါအစ်ကို....

Incomplete🌹

ဒီနေ့တစ်မနက်လုံးအခန်းထဲမှာပဲ ကိုယ်နေဖြစ်သည်။အကြောင်းက မနေ့ကအဖြင်အပျက်ကြီးအပြီးမှာကိုယ့်ကိုပြန်တောင်လှည့်မထူပေးတဲ့သူ့ကြောင့်။

သူထိခိုက်မှာစိုးလို့ ကိုယ်ကတောင်အကျနာခံပေးလိုက့တာကိုတောင် နားမလည်နိုင်ပဲ လှည့်ထွက်သွားခဲ့တဲ့အကြောင်းကိုခုချိန်ထိကို စဉ်းစားလို့ကိုမရ။

ငယ်ငယ်တည်းက အစ်ကိုနဲ့စိတ်ဆိုးပြီဆိုအခန်းထဲကထွက်မလာပဲတစ်နေကုန်နေသည်။မေမေတို့ကအကြောင်းသိလို့ အန်တီတို့ကိုသွားပြောပြီဆို ခဏကြာရင်အန်တီကအစ်ကို့ကိုဆူပူပြီးတော့ပဲဖြစ်ဖြစ် တခါတလေဆိုနားရွက်တောင်ဆွဲပီးတော့ ဒီဘက်ကိုခေါ်လာတာ။

အကြာကြီးစိတ်ဆိုးလို့မရတဲ့ကိုယ်ကကြိတ်ရယ်ပြီး ဆူဆောင့်ဆောင့်နဲ့ "မီအားနဲ ဆူဇန်နား..." ဆိုတဲ့အသံလေးကိုမျှော်နေမိတာ။

အရွယ်ရောက်လာတော့ တဖြည်းဖြည်းပြောင်းလဲလာပြီးဂရုမစိုက်တော့တဲ့အထဲပါ အစ်ကိုပါနေပြီ။ စိတ်အနှောင့်အယှက်မပေးချင်တဲ့ကိုယ်ကပဲကြိတ်ပြီးဝမ်းနည်းရပါတယ်။

အရာရာကြံ့ကြံ့ခိုင်နိုင်အောင်ကြိုးစားလေ့ရှိတဲ့ကိုယ်ဟာ
အစ်ကိုကြောင့်နဲ့ အကြိမ်ကြိမ်ပြိုလဲခဲ့ဖူးပါတယ်....

Incomplete [Completed] Opowieści tętniące życiem. Odkryj je teraz