နှလုံးသားပဲ့ကိုင်ရှင်(14)

5.3K 280 6
                                    

"ကိုကို အွန်း တော်ပြီ မနမ်းနဲ့တော့ "
ကလေးငယ်ရဲ့ တားမြစ်သံလေးကြောင့် နှုတ်ခမ်းနှစ်လွှာကို လွှတ်ပေးလိုက်ပေမယ့် စိတ်ထဲကတော့ သိပ်မပါလှ ဒီနှုတ်ခမ်းလေးတွေကို မလွှတ်တမ်း ငုံထားချင်သည် နူးညံ့တဲ့ နှုတ်ခမ်းနှစ်လွှာက ကိုယ်တော့်ကို ဆွဲဆောင်နိုင်လွန်းသည် တရားဝင် ဝမ်ဖေးနေရာ မမြှောက်ရသေးလို့ပေါ့ မဟုတ်ရင် ဒီနှူတ်ခမ်းလေးတွေအပြင် ကလေးငယ်ကိုပါ အမြဲသိမ်းထားမိမှာ အခုတော့ ဒီလူသားလေးကို လွှတ်ပေးရဦးမယ် ဟူး..... ဒီပြဿနာကို မြန်မြန်ရှင်းပြီး မင်္ဂလာပွဲ မြန်မြန်လုပ်ရမယ်
ဝေ့ရင်းတစ်ယောက် မိမိကိုကြည့်ရင်း မျက်နှာညှိုးသွားသည့် ကိုကို့ကြောင့် စိတ်ထဲဘဝင်မကျမိ
"ကိုကို ဘာဖြစ်လို့လဲ ရှန့်ရှန့်ကို စိတ်ဆိုးသွားတာလား"
"ကိုကိုက ကလေးငယ်ကို ဘာလို့စိတ်ဆိုးရမှာလဲကွာ စိတ်မဆိုးပါဘူး ဒီတိုင်း ပြဿနာကို မြန်မြန်ရှင်းပြီး နန်းတော်ပြန်ဖို့ တွေးနေတာ"
"ကိုကိုက နန်းတော်ပြန်ချင်နေပြီလား နန်းတွင်းမှာ ဘယ်သူရှိလို့လဲ မှန်မှန်ပြောနော်"
"နန်းတွင်းမှာ ဘယ်သူမှ မရှိပါဘူးကွာ ဘယ်သူရှိရမှာလဲ ကိုကိုနန်းတော်ပြန်ချင်တယ်ဆိုတာလေ ဟောဒီက ကိုကို့ကလေးငယ်နဲ့ မင်္ဂလာပွဲလုပ်ပြီး အိပ်ဆောင်ဝင်ဖို့ ပြန်ချင်တာသိလား"
"ဟာ..... ကိုကို.... ဘာတွေပြောနေတာလဲ နှာဘူးကြီး သူများသားနုနုထွတ်ထွတ်လေးကို စားဖို့ပဲချောင်းနေတာ ဘာမှန်းလဲမသိဘူး"
မိမိကို အော်ပြောပြီး နားရွက်လေးတွေရော ပါလေးတွေရော ရဲပတောင်းခတ်စွာ ရေချိုးဆောင်ထဲ ပြေးဝင်သွားတဲ့ကလေး အရမ်း ရှက်သွားသည် ထင်သည် မတတ်နိုင်ဘူး ကိုယ်မှ မလိမ်ချင်တာ အဲ့တော့လည်း အမှန်တိုင်းပြောလိုက်တာပေါ့ သူတို့အခန်းအပြင်က ကိုယ်ရံတော် နှစ်ယောက်ကလည်း တစ်ဇာတ်လမ်းပင်
"အားချန်.... ဘာတွေရယ်နေတာလဲ"
"ဟိုမှာလေ အစ်ကိုရ ဝေ့ရင်းအော်တာ မကြားဘူးလား အိမ်ရှေ့စံက ဘာပြောလိုက်လို့လဲ မသိဘူး"
"ဟုတ်လား အားချန်က မသိလိုက်ဘူးလား ဒါပေမယ့် ကိုကတော့ ဝေ့ရင်းလေး စကားထဲကနေ သိလိုက်တယ်လေ"
"အာ့ဆို ပြောပြ ပြောပြနော် ကျွန်တော် တစ်ကယ်သိချင်တာ ဒါမှ နောက်တစ်ခါ ဝေ့ရင်းကို ပြန်စနိုင်မှာ"
"တစ်ကယ်ပြောရမှာလား အဲ့တာဆို ကိုကိုလို့ခေါ် ပြောပြမယ်"
"ရှီးချန်ကော ပြောပြပါဆိုဗျာ ခများနော် ပြောပြလို့"
"ရော်..... အားချန်ကလည်း ကိုကိုလို့ခေါ်ရင် ပြောပြပါမယ်ဆို"
"လန်ရှီးချန် ကျွန်တော်က နဂါးမင်းသားနော် ခများ ကျွန်တော်မေးတာ ပြောမှာလားမပြောဘူးလား"
"ကိုက မင်းသားရဲ့ ချစ်ရသူပဲလေ ကိုကိုလို့ခေါ်မှ ပြောမယ်"
"လန်ရှီးချန်..... "
"ကိုယ့်အားချန်လေးက အရင်အတိုင်း ဒေါသအိုးလေးပါ့ပဲ ဘာလို့လဲ အားချန်ရဲ့ အားရှန့်လေးတောင် အားကျန့်ကို ကိုကိုလို့ ခေါ်သေးတာပဲ အားချန်က ကိုယ့်ကို ဘာလို့မခေါ်ချင်ရတာလဲ "
"ဟို ...... ဟို မခေါ်ချင်ပါဘူး ခေါ်ရမှာ ရှက်စရာကြီး"
"ဘာရှက်စရာရှိလို့လဲ အားချန်ရဲ့ အားရှန့်လေးတောင် လူကြားထဲမှာ အားကျန့်ကို ကိုကိုလို့ခေါ်တယ် ကိုက လူကြားထဲမှာ ခေါ်ခိုင်းတာမဟုတ်ဘူးလေ နှစ်ယောက်ထဲ ရှိတဲ့အချိန်ပဲ ခေါ်ခိုင်းတာ ထားပါ အားချန် မခေါ်ချင်ရင်လဲ ကိုယ်အတင်းမခေါ်ခိုင်းပါဘူး ခုနကအကြောင်း သိချင်တယ်မို့လား ကိုယ်ပြောပြမယ်"
ပြောနေရင်းနဲ့ မျက်နှာညိုးသွားတဲ့ မိမိရှေ့က လူကြောင့် စိတ်မကောင်းမိ ခက်တာက ခေါ်ချင်ပေမယ့် နှုတ်ကမထွက်တာပင်
"ဟော ဘာဖြစ်သွားတာလဲ မျက်နှာကြီးက "
"ဘာမှ မဖြစ်ပါဘူး ဘာဖြစ်လို့လဲ ကိုယ့်မျက်နှာက"
"ဘာကို ဘာမှ မဖြစ်တာလဲ ဒီလောက်ညှိုးကျသွားတာကြီးကို
ကဲပါ ခေါ်မယ်ခေါ်မယ် ဟုတ်ပြီလား"
"တစ်ကယ်နော် အားချန်"
"ကို..... ကိုကို.. ရပြီလား ဘာမှန်းလဲမသိဘူး လန်ရှီးချန် အစုတ်ပလုတ် သူများကို အနိုင်ကျင့်တယ် အဟင့် ဟီး. မယ်မယ်ရေ... မယ်မယ့်သားကို အနိုင်ကျင့်နေတယ်"
"ဟာ... အားချန် မငိုရဘူးလေကွာ တိတ်တိတ် ကိုက အစုတ်ပလုတ် ဟုတ်ပြီလား မငိုနဲ့နော် လာပါဦး ကိုယ့်ဆီကို"
ငိုနေရင်းနဲ့ ရင်ခွင်ထဲဝင်လာတဲ့ ချစ်ရသူ ဒေါသအိုးလေးကြောင့် ရှီးချန် ပြုံးမိပြန်သည် ကျန်တဲ့လူတွေနဲ့တာ ဒေါသအိုးလေး လုပ်တတ်ပေမယ့် မိမိအပေါ်မှာတော့ ကလေးဆိုးလေး လိုပင် အမြဲတမ်း ဆိုးနွဲ့သူလေး
"အဟင့်... သူများကို အနိုင်ကျင့်တယ် မကောင်းတဲ့လူကြီး"
"ဟုတ်ပါတယ် ကိုက မကောင်းတဲ့ လူကြီး ကလေးကို အနိုင်ကျင့်တာ မကောင်းတဲ့ လူကြီးပါနော်"
"သူများက ရှက်လို့ မခေါ်ချင်တာကို သူ့မျက်နှာကြီးက ညှိုးကျသွားတော့ အဟင့် သူများက ဘယ်လိုလုပ် နေနိုင်တော့မှာလဲလို့ လူယုတ်မာကြီး အဲ့တာကို သူက မသိချင်ယောင်ဆောင်သေးတယ် မကောင်းတဲ့လူကြီး အဟင့်"
"အင်း ဟုတ်တယ် ကိုက မကောင်းတဲ့လူကြီးနော် နောက်ဆို ကလေးမခေါ်ချင်ရင် အတင်းမခေါ်ခိုင်းတော့ဘူးနော် တိတ်တော့နော် မငိုနဲ့တော့"
"အဟင့်..... အဟင့်...... ရွှတ်"
"တိတ်ပါကွာ.. တိတ်တော့နော် မငိုနဲ့တော့ ပင်ပန်းတယ်နော် မငိုနဲ့တော့ တိတ်နော် "
ရင်ခွင်ထဲကနေ ရှိုက်ငိုနေတဲ့ ဒေါသအိုးလေးကို ဆံပင်လေးတွေကို ပွတ်ပေးရင်း နောက်ကျောလေးကိုလဲ အသာပုတ်ပေးရင်း ချော့ရတော့သည်
"လူဆိုးကြီး သူများကို ပြောပြမယ်ဆိုပြီး အခုထိလည်း မပြောသေးဘူး"
"ဟား.. ဒါကိုတော့ မမေ့ဘူးပဲ ကိုယ်ပြောပြပါ့မယ်
အခုနက အားရှန့်စကားကို မကြားလိုက်ဘူးလား.. အားကျန့်ကို ဏှာဘူးကြီးတဲ့လေ ပြီးတော့ သူများသား နုနုထွတ်ထွတ်လေးကို စားဖို့ပဲချောင်းနေတာတဲ့လေ"
"ဒါပေမယ့် အဲ့တာ ဘာရှက်စရာ ပါလို့လဲ အားရှန့်က လူလေ စားလို့မှမရတာ"
မိမိရင်ခွင်ထဲကနေ နားမလည်သလို ပြန်ကြည့်နေတဲ့ သူ့အသက်ကြောင့် ရှီးချန်မှာ အသဲတရားရား
"ကလေးကလည်း လူလည်း စားလို့ရတာပဲလေ"
"အမ် ဘယ်လိုစားရမှာလဲ...... အင်...... မဟုတ်မ...... အိမ်ရှေ့စံက ဟို.... ဟိုဟာကို.... ပြောတာတော့.. မဟုတ်ဘူးမလား"
"အင်း... ဟုတ်တယ်လေ ကလေးရဲ့ အဲ့တာကလွဲ ဘာဖြစ်ရဦးမှာလဲ ဘယ်လိုလဲ ကလေးကရော အစားမခံချင်ဘူးလား"
"အား........ လန်..... ရှီး....... ချန်...... ခများ"
"ဟား.... ကလေးရာ..... စိတ်မဆိုးပါနဲ့ ကိုမစတော့ဘူးနော်... ကြည့်ပါဦး မျက်နှာလေးက..... ချယ်ရီသီးလေးလို ရဲနေတာ. စားချင်စရာလေး"
"ခများနော်.... တော်ပြီ မခေါ်တာ့ဘူး"
မိမိရင်ခွင်ထဲက ပြေးထွင်ဖို့ လုပ်နေတဲ့ ကလေးငယ်ကို အသာပြန်ဆွဲပြီး ဖက်ထားလိုက်သည်
လူမြင်မှာလား မကြောက်ပါဘူး..... တစ်ကိုယ်ရေ သမား ဝမ်နင်က အဆောင်လာတဲ့ လမ်းမှာ ကင်းစောင့်ပေးနေတယ်လေ လူလာရင် သူအချက်ပေးလိမ့်မယ်
ထိုအချိန် အဆောင်နားက သစ်ပင်ပေါ်ကနေ ကင်းစောင့်နေရှာသော ဝမ်နင်ခမျာတော့ သာယာကြည်နူးနေသော အတွဲတွေကို မေတ္တာပို့လျှက် သူကတော့ အရိပ်ကိုယ်ရံတော် လုပ်နေရတယ် ဟိုနှစ်ယောက်ကတော့ သာယာနေတယ်
*ဟွန့်.... ငါလည်း ငါ့လက်တွဲဖော်နဲ့ တွေ့မှ ကြည်နူးပြမယ် ဒီနေ့ကိစ္စကို မှတ်ထားမယ် ဟမ့်*
.............................
"ကိုကို... ရှန့်ရှန့် ဗိုက်ဆာတယ်"
ရင်ခွင်ထဲနေခိုင်းပြီး ဆံပင်တွေ ရေသုတ်ပေးနေတဲ့ လန်ကျန့်ရဲ့ လက်တွေ တန့်သွားသည်
"ကလေးငယ် ဗိုက်ဆာပြီလား ကိုကို ရှီးချန်တို့ကို သွားယူခိုင်းလိုက်မယ် ခဏစောင့်နော်"
"အာ... ကိုကိုကလည်း သူ့ကို လွှတ်ရင် ကျန်းချန်ကောက ကျွန်တော့်ကို ပြောနေလိမ့်မယ် ဒီနားလေးမှာလေ ဝမ်နင်ရှိတယ်သိလား ကိုကို သူ့ကိုပဲ သွားယူခိုင်းလိုက်"
"ဟုတ်ပါပြီဗျာ ကိုကိုပြောလိုက်မယ် ဟုတ်ပြီလား"
လန်ကျန့် ဝမ်နင့်ကို စိတ်စွမ်းအားနဲ့ လှမ်းပြောကာ အားရှန့်ရဲ့ ဆံနွယ်တွေကို ရေပြန်သုတ်ပေးနေလိုက်သည်
*အား.... အိမ်ရှေ့စံ မတရားဘူး နီးနီးလေးမှာ ရှိတဲ့ ဟိုနှစ်ယောက်ကို မသွားခိုင်းပဲ ငါ့ကို ဘာလို့သွားခိုင်းတာလဲ မတရားဘူး... *
ဝမ်နင် မကျေနပ်စွာပဲ စားဖိုဆောင်ကို ထွက်လာခဲ့ရသည် အိမ်ရှေ့စံ သူ့ကို တမင်ခိုင်းတာ အရမ်းကို သိသာလွန်းတယ်လေ ဝမ်နင် အရှေ့ကို မကြည့်ပဲ လျှောက်လာတာကြောင့် လူတစ်ယောက်ကို ဝင်တိုက်မိတော့သည်
"အ...... ဒီမှာ ခများ လူကိုမမြင်ဘူးလား... အားလားလား ငါ့ခြေထောက်လေး နာသွားပြီ"
ပစ်လဲသွားတဲ့ လူလေးကိုကြည့်တော့ ခန္ဓာကိုယ် ပိန်ပိန်ပါးပါးလေးနဲ့ အစေခံ ဝတ်စုံကို ဝတ်ထားတဲ့ ကောင်လေး အရောင်မှိန်နေတဲ့ အစေခံ ဝတ်စုံက မျက်ဝန်းတောက်တောက်လေးတွေကိုတော့ မဖုံးကွယ်နိုင် မျက်နှာမှာလည်း အိုးမဲတွေပေလို့ လဲသွားတဲ့ သူ့ရဲ့ဘေးမှာလည်း မှောက်ကျသွားတဲ့ ထမင်းပွဲလေး
"ဒီမှာ ခများဘာကြည့်နေတာလဲ တစ်ကယ်တည်း လူကိုထူမယ်မရှိဘူး မမှိတိမသုန်နဲ့ စိုက်ကြည့်နေတာ လူဆိုးကောင်အတိုင်းပဲ သူ့ကြောင့် လဲသွားလို့ ခြေထောက်လည်း ခေါက်သွားပြီ အိမ်ရှေ့စံနဲ့ ကြင်ယာတော်လောင်းဖို့ အစားအသောက်တွေလဲ မှောက်ကုန်ပြီကို သူက တောင်းပန်ဖော်တောင်မရဘူး. ငါလေးက အစဆူခံရတော့မယ် အူး ဝါး .. အဟင့်အဟင့် ဗြဲ"
ရုတ်တရက် ထငိုတဲ့ လူကြောင့် ကြောင်နေတဲ့ ဝမ်နင်တစ်ယောက် အသိပြန်ကပ်ရတော့သည်
"ဟာ..... ပေါက်စ မငိုပါနဲ့ကွာ ကိုယ်တမင် တိုက်တာ မဟုတ်ပါဘူး တောင်းပန်ပါတယ်ကွာ မငိုနဲ့နော် အပစ်လည်း အပေးမခံရစေရဘူး ဟုတ်ပြီလား"
"ခများက ဘာသိလို့လဲ ဒီစားတော်ပွဲက အိမ်ရှေ့စံနဲ့ ကြင်ယာတော်လောင်းဖို့ဗျ အခု ခများလုပ်လို့ မှောက်ကျသွားပြီ အိမ်ရှေ့စံတို့က အခုထိ ဘာမှမစားရသေးဘူး စားတော်ကဲကြီးသာသိရင် ကျုပ်က အပစ်ပေးခံရတော့မှာဗျ"
"ကဲပါ စားတော်ကကြီးလဲ အပစ်မပေးစေရဘူး ကိုယ်တာဝန်ယူတယ် ဟုတ်ပြီလား လာ ထ အိမ်တော်မှာ သမားတော်ရှိတယ်မို့လား သူကဘယ်မှာနေတာလဲ ခြေထောက် ဆေးစည်းရအောင် ကိုယ်လိုက်ပို့မယ် ထနော်"
"အ..... ထ.. ထလို့မရဘူး"
"ရတယ် ကိုယ်ချီမယ် လာ.. "
"ဘာ.. ဘာကိုလဲ........ အ... ခများဘာလုပ်တာလဲ ပြန်ချပေးပါ သူများတွေမြင်ရင် ကျွန်တော့်ကို ပြောကြလိမ့်မယ်ဗျ"
"အော် မပြောစေရပါဘူး ဒီတိုင်းပဲလိုက်ခဲ့ "
""အဲ့ အဲ့တာဆို စားဖိုဆောင်ကို အရင်လိုက်ပို့ပါနော်"
"ဟုတ်ပြီ အဲ့ဒီကိုပဲ အရင်သွားကြတာပေါ့"
ဝမ်နင် ထိုကလေးကို ပွေ့ချီလျှက် စားဖိုဆောင်ကို သူပြောတဲ့လမ်းအတိုင်း လာခဲ့လိုက်သည် ဟိုရောက်တော့ စားတော်ကဲ ဖြစ်ဟန်တူသူက မိမိလက်ထဲက ကလေးကိုမြင်ပြီး
"ကိုယ်ရံတော်ကြီး ဘယ်လိုလုပ် ဒီဘက်ရောက်လာတာလဲ ရွှမ်းယွီ မင်းက ဘာလို့ ကိုယ်ရံတော်ကြီးပေါ် တက်နေတာလဲ အခုဆင်းခဲ့ "
"မလိုဘူး.... ရတယ်.... ဒီကလေးကို ကျုပ်တိုက်မိလိုက်လို့ သူ့ခြေထောက် နားထားလို့ ကျုပ်ချီထားတာ ပြီးတော့ စားတော်ပွဲကလည်း ကျုပ်ကြောင့် မှောက်သွားတာမို့ အသစ်ပြန်ပြင်ပေးပါ ရိုးရိုးရှင်းရှင်း ဘဲပေါင်းလေးနဲ့ တခြား အသားနဲ့ အရွက်ကို ပေါင်းကြော်ထားတာလောက်ဆို ရတယ် သူ့ကို ဆေးလိုက်စည်းပေးပြီးမှ ကျုပ်ဝင်ယူမယ်"
မော့ရွှမ်းယွီ မိမိရှေ့က စားတော်ကဲကြီးကို ရေခဲရိုက် မျက်နှာနဲ့ အေးစက်စွာ ပြောနေသော လူကြီးနဲ့ အခုနက မိမိကို ပြောနေတဲ့ လူကြီး တစ်ယောက်ထဲပဲလား လူပြောင်းသွားတာလား တွေးကြည့်နေသည် တွေးရင်းနဲ့ သူပြန်အသိဝင်ချိန်မှာ သမားတော်ကသူ့ခြေထောက်ကို ဆေးလိမ်းပေးနေသသည်
သမားတော်ဆိုမှ နေပါဦး သူတို့လို အစေခံတွေက သမားတော်ကြီးဆီမှာ ကုသခွင့်မှမရှိပဲ
"လူကြီး လူကြီး ခများ ကျွန်တော့်ကို ဘာလို့ဒီခေါ်လာတာလဲဗျ ကျွန်တော်တို့ဖို့ ဆေးကုဆောင်က သက်သက်ဗျ ဒီမှာ အစေခံတွေ ဆေးကုခွင့် မရှိဘူးဗျ ခများ ကျွန်တော့်ကို အပစ်ပေးခံရအောင် လုပ်နေတာလား"
"ပေါက်စရယ် ဘာမှမဖြစ်ပါဘူး အပြစ်ပေးတာလဲ မခံစေရဘူး ဟုတ်ပြီလား "
"သမားတော်ကြီး ပေါက်စခြေထောက်က အခြေအနေ ဘယ်လိုရှိလဲ"
"ဟုတ်ကဲ့ကိုယ်ရံတော်ကြီး ရွှမ်းယွီခြေထောက်က ခြေကျင်းဝတ်လည်သွားတာဆိုတော့ ပြန်ကောင်းဖို့က နှစ်ရက်သုံးရက်လောက် နားရပါမယ်"
"ဖြစ်... ဖြစ်ပါ့မလားဗျ ကျွန်တော်က "
"တော်ပြီ မပြောနဲ့တော့ပေါက်စ ဖြစ်တယ် ပေါက်စနားရစေ့မယ် ဟုတ်ပြီနော်
ကဲ သမားတော်ကြီး ကျွန်တော်တို့ သွားပါဦးမယ်"
ဝမ်နင် ပေါက်စကိုချီပြီး အစေခံဆောင်ဆီ လိုက်ပို့ပြီး နားစေလိုက်ကာ စားဖိုဆောင်ကို ပြန်လာပြီး စားတော်ပွဲ ဝင်ယူကာ
"ပေါက်စကို နားနေခိုင်းလိုက် ကျွန်တော့်ကြောင့် ဖြစ်တာမို့ သူ့ကို ဘာမှအပြစ်ပေးစရာလည်း မလိုဘူး ကြားလား"
"ဟုတ်ကဲ့ပါ ကိုယ်ရံတော်ကြီး စိတ်ချပါ ရွှမ်းယွီခြေထောက်ပြန်ကောင်းသွားတဲ့အထိ နားခိုင်းလိုက်ပါ့မယ်"
ဝမ်နင် ခေါင်းအသာညိမ့်ပြကာသာ အိမ်ရှေ့စံနေတဲ့ အဆောင်စီ ပြန်လာခဲ့ရသည် အဆောင်ရှေ့ရောက်တော့ ကျန်းချန်တို့အတွဲက သူ့ကို အလန့်တကြားကြည့်လာကြသည် သဘောကတော့ လူလာလို့လား ဆိုပြီးပေါ့ သူလည်း ခေါင်းအသာခါပြကာ အဆောင်တော်ထဲ ဝင်ခဲ့ရသည် ကြင်ယာတော်လောင်းကလည်း ဗိုက်ဆာလို့ထင် ငိုမဲ့မဲ့လေးနဲ့ အိမ်ရှေ့စံကလည်း နဂါးမျက်စောင်းနဲ့ သူ့မယ် အကျိုးအကြောင်း ရှင်းပြကာမှသာ ကိုယ်တော်နှစ်ပါး ပြုံးတဲ့သူကပြုံးကာ မျက်နှာထား လျှော့သွားကြကာ လေထုလည်း ပုံမှန်အခြေအနေ ပြန်ရောက်လာတော့သည် ဒီတော့မှ သူလည်း အခန်းထဲက ပြန်ထွက်ကာ အရိပ်ကိုယ်ရံတော်ဘဝကို ပြန်ရောက်သွားသည် မျက်လုံးထဲတော့ ပေါက်စရဲ့ မျက်နှာကို မြင်ယောင်နေမိသည် မိမိနှလုံးသားကို ဖမ်းစားသွားတဲ့ လူသားလေး မိမိ နှလုံးသားကို လှုပ်ခတ်သွားစေတဲ့ လူက လူသားလေးတဲ့လား ဟူး ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရပါ့မလဲ
ီ...........

Unicode ကလေ ဘယ်လိုလုပ်လုပ် လုပ်မရပြဲဖစ်နေတယ်
SSလဲ တင်မရပဖြစ်နေလို့ uniလေးတွေ fbမှာ သွားဖတ်ပေးပါ့လားဟင် ဒါမှမဟုတ် နောက်ရက်မှ နှစ်ပိုင်းပေါင်းတင်ပေးမယ်လေ နော် ဘယ်လိုမှလုပ်မရပဲဖြစ်နေလို့ ဒါဒါလေးတွေ အဆင်ပြေမယ့်နည်းလေး ပြန်ပြောပေးနော် fbကဖတ်ချင်ရင် သာသာlinkပေးပါ့မယ်
































နှလုံးသားပဲ့ကိုင်ရှင် (Completed)Where stories live. Discover now