နှလုံးသားပဲ့ကိုင်ရှင်(33)

6.2K 414 40
                                    

(33)

"ကိုကို မနက်ဖြန် စထွက်မှာလား"
"ဟုတ်တယ်လေ ငယ်လေးရဲ့ ဘာလို့လဲ"
"ဘာလို့မှ မဟုတ်ပါဘူး မေးကြည့်တာ"
"အင်း အခုတော့ အိပ်တော့နော် မနက်ကျ ခရီးပန်းဦးမှာလေ အဲ့တော့ အားပြည့်သွားအောင် စောစောအိပ်တော့နော်"
"အော် ဒါနဲ့ ကိုကို ရွာနဲ့ နှစ်မိုင်လောက် ဝေးတဲ့ နေရာမှာ ချန်စစ်တပ် အသေးလေး ရှိတယ်"
"အခု သူတို့ ပင်မတပ်နဲ့ သွားပေါင်းပြီ ကလေးရဲ့ သူတို့ မရှိတော့ဘူး"
"ဟုတ် အာ့ဆို ငယ်လေးအိပ်တော့မယ် ကိုကို ချော့သိပ်"
"ဟုတ်ပါပြီ ကိုကို့ ဝက်ပေါက်လေးကို ချော့သိပ်ရမှာပေါ့ လာ ကိုကို့ ရင်ခွင်ထဲ"

မနက် ရွာကနေ ထွက်ကြမှာမို့ ကလေးငယ် အားရှိနေဖို့ လိုတယ်လေ
ကလေးငယ်နဲ့ ညနေစာ စောစောစားပြီး ကလေးငယ် အိပ်ရေးဝစေရန် စောစော အိပ်ခိုင်းနေခြင်း
ကလေးငယ်က ကိုယ်ဝန်နဲ့မို့ သာမာန် ခရီးကိုတောင် အရမ်း ပင်ပန်းမှာမို့ ခုလို ပင်ပန်းတဲ့ ခရီးဆို ပိုဆိုးတာပေါ့
ကလေးငယ်က ချော့သိပ်ခိုင်းတာမို့ ကလေးငယ်ရဲ့ ကိုယ်လေးကို ရင်ခွင်ထဲ သွင်းကာ တင်ပါးလေးကို ဖြည်းဖြည်းချင်း တစ်ချက်ချင်း အသာပုတ်ပေးကာ ချော့သိပ် ပေးလိုက်သည် ဗိုက်လေးက ခံနေတော့ ကိုယ်လုံးလေးက ရင်ခွင်ထဲ အပြည့် မဝင်နိုင်
အိပ်ရင် ခန္ဓာကိုယ်ကို ကွေးအိပ်တတ်တဲ့ ကလေးငယ်က အခုတော့ သူ့ခန္ဓာကိုယ်ကို သက်သောင့်သက်သာနဲ့ ဆန့်အိပ်လေသည် ရင်ခွင်ထဲက ကလေးငယ် အိပ်ပျော်သွားတာ သေချာမှ ကုတင်ပေါ်က အသာထကာ ကောတို့နဲ့ ဆွေးနွေးဖို့ တခြား အခန်းတစ်ခုထဲ ထွက်လာခဲ့သည်
"မင်းကြီးကို ဂါရဝ ပြုပါတယ်"
"အားလုံးပဲ ထကြပါ "
"ကျေးဇူးတင်ပါတယ် မင်းကြီး... "
လန်ကျန့်လည်း အခန်းထဲက သူ့နေရာမှာ ဝင်ထိုင်ပြီး ကျန်တဲ့ လူတွေကိုလည်း ထိုင်စေကာ စစ်ပွဲအတွက် လိုအပ်သည်များကို စတင် ဆွေးနွေးတော့သည်
"ရှီးချန်ကော သူတို့ဘက်ကို သူလျှိုထည့်ထားတာ အခြေအနေ ဘာထူး သေးလဲ"
"ကျွန်တော်တို့ ဘက်က သူလျှို ပြောပုံ အရတော့ သူတို့ နိုင်ငံအတွင်းမှာ အခြေအနေ မကောင်းဘူးလို့ ပြောပါတယ် နန်းတွင်းမှာလည်း စစ်အေးတိုက်ပွဲ ဖြစ်နေပြီး ပြည်သူတွေကလည်း တော်ဝင်မျိုးနွယ်ကို မကျေနပ်ကြဘူး သူတို့ နိုင်ငံမှာ မိုးခေါင်နေတာ လွန်ခဲ့တဲ့ ခြောက်လ ကတည်းကပါ အခုဆို နိုင်ငံထဲမှာ စိုက်ထားတဲ့ စပါးနဲ့ တခြားဟာတွေလည်း ရေမရလို့ သေကုန်ပြီး ပြည်သူတွေမှာ ဝင်ငွေ မရှိကြပါဘူး ဒီကြားထဲ ဘုရင်က စစ်ပွဲအတွက်ဆိုပြီး အခွန်တွေကို သုံးဆ တိုးကောက်နေတော့ ပြည်သူတွေက သိပ်ပြီး မကျေနပ်ကြပါဘူး နန်းတော်ထဲမှာလည်း စစ်မဖြစ်ချင်တဲ့ အဖွဲ့နဲ့ စစ်တိုက်မယ့်အဖွဲ့ နှစ်ဖွဲ့ကွဲနေပါတယ် သူတို့ လက်မောက်ခံ နိုင်ငံတွေမှာလည်း ဒီအတိုင်းပါပဲ အခွန်တွေ တိုးကောက် စစ်သားတွေ စုဆောင်းနဲ့ သူတို့တွေလည်း ချန်နိုင်ငံကို သိပ်ပြီးတော့ မကျေနပ်ကြပါဘူး"
"ဒါနဲ့ သူတို့ စစ်သည် အင်အားက ဘယ်လောက်ရှိလဲ"
"လေးသိန်းပါ ကျွန်တော်တို့ထက် နှစ်ဆများတဲ့ အခြေအနေပါ မင်းကြီး "
"ကောင်းပြီး အကုန်လုံး ကျင့်ကြံသူတွေပဲလား ဒါမှမဟုတ် ကျင့်ကြံသူ ဘယ်လောက်ပါလဲ"
"ကောင်းကင်အဆင့်နိမ့် လေးယောက်နဲ့ နတ်ဘုရား စဦးပိုင်း အဆင့်ကလွဲလို့ ကျန်တာ မြေကြီး အဆင့်နိမ့်တွေပါပဲ သူတို့ လက်အောက်ခံ နိုင်ငံတွေမှာလည်း နတ်ဘုရား တစ်ယောက်မှ မပါပါဘူး"
"လေးသိန်း.... လူအင်အားနဲ့ ယှဉ်ရင်တော့ သူတို့ဘက်က အပြတ်အသတ် သာနေတာပဲ ဒါပေမယ့် အဖြေကတော့ စစ်ပွဲရောက်မှ သိရမှာပဲ"
" ကဲပါ ဗျူဟာကတော့ နန်းတော်မှာ ဆွဲလာတဲ့ အတိုင်းပဲ သုံးမယ် ဘာအမှား အယွင်းမှ မဖြစ်စေနဲ့ ဟွိုက်ဆန်း စစ်သည်တွေကို သေချာ ဂရုစိုက်ပါ ကိုယ်တော့် စစ်တပ်ထဲမှာ သစ္စာဖောက် ပါနေတာမျိုး မဖြစ်ချင်ဘူး"
"ဟုတ်ကဲ့ပါ မင်းကြီး ကျွန်တော့် စစ်သည်တွေက ယုံကြည်ရပါတယ်"
" ကောင်းပြီ ဒါဆို အားလုံး နားကြတော့ မနက်ဖြန် အရုဏ်တက်ရင် ထွက်ကြမယ်"
"ဟုတ်ကဲ့ပါ မင်းကြီး"
လန်ကျန့်တို့ ဆွေးနွေးပွဲက အတော် ကြာသွားသည်
သူအိပ်ဆောင်ထဲ ပြန်ရောက်တဲ့ အထိ ကလေးငယ်က သူမသွားခင် ထားခဲ့တဲ့ အတိုင်းလေးပဲ အိပ်ပျော်နေသည်
အိပ်မက်ထဲမှာ ဘာတွေ မကျေနပ်နေလဲ မသိ နှုတ်ခမ်းလေးက စူနေသည်
*ချစ်စရာ ဝက်ပေါက်လေး*
ဖောင်းအိအိ ပါစလေးကို နစ်ဝင်သွားအောင် နမ်းလိုက်တော့ ကလေးက လှုပ်လာသည်
ကျွတ်သပ်ကာ ပြန်အိပ်ပျော်စေပြီး သူပါ ကလေးငယ်ဘေး ဝင်လှဲကာ ကလေးငယ်ကို ရင်ခွင်ထဲထည့်ရင်း အိပ်စက်ခြင်းစီ ကူးပြောင်းလိုက်တော့သည်
.......
"ငယ်လေး ငယ်လေး ထတော့နော်"
"ဟင် ကိုကို အစောကြီးရှိသေးတာကို.. "
"မစောတော့ဘူး ငယ်လေးရဲ့ ကိုကိုတို့က အရုဏ်တက်တာနဲ့ စထွက်ကြမှာ တော်ကြာ ငယ်လေး မနက်စာ လွတ်သွားလိမ့်မယ် ထတော့နော်"
"ဟင် အင်း ထမယ်နော် ခဏလေး"
ဗိုက်လေးကို လက်တစ်ဖက်နဲ့ ထိန်းကာ ထနေတဲ့ ကလေးကို မကြည့်ရက်စွာ လက်တစ်ဖက်ကို ချိုင်းအောက် နောက်တစ်ဖက်ကို ဒူးအောက်ကနေ လျှိုသွင်းကာ ပွေ့ချီလိုက်တော့ လန့်သွားနဲ့ ကလေးငယ်က လည်ပင်းကို သူ့လက်လေးတွေနဲ့ တွယ်ချိတ်ရင်း မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ ပြန်ကြည့်သည်
တစ်ကယ်ပါ ကလေးငယ်ရဲ့ အခုပုံစံက အရမ်း အသည်းယားဖို့ ပေါင်းလွန်းလို့ မနမ်းမိစေရန် သူ့ကိုသူ မနည်း ထိန်းထားရသည်
"ကိုကို ဘာလို့ ချီတာလဲ ပြန်ချပေးပါ"
"ကိုကို့ ဝက်ကလေးကို ကိုကိုက မကြည့်ရက်တော့လို့ပေါ့"
အဲ့လိုဆိုတော့ ချစ်ရသူ ကလေးငယ်က အမျက်တော်ရှပြီး မျက်စောင်းထိုးသည် ကလေးငယ်သာ နဂါးမျက်စောင်းနဲ့ ထိုးပါက သူ ချက်ချင်းပင် ပြာကျသွားနိုင်သည်
ချစ်ရသူ ဝက်ကလေးက သူ့ကို ဝပါတယ် ပြောရင် လုံးဝ မကြိုက်
*အဲ့တာ ကိုကို့ကြောင့်လေ*
လို့ ပြောကာ လူကို စိတ်ကောက်တော့သည်
အဲ့အချိန်များဆို သူ့မှာ ချော့ရှာပေတော့ပဲ ကလေးငယ်က တစ်နေ့လုံး စကား မပြောတော့ဘူး မနေနိုင်တဲ့ သူက ကလေးငယ် ကြိုက်တာလေးတွေနဲ့ ချော့မှပဲ စိတ်ဆိုးပြေသည် သူကြိုက်တာဆိုလို့ ရတနာ ပစ္စည်းလို့ မထင်လိုက်နှင့်
တစ်ကယ်တော့ သူကြိုက်တာ အစားအသောက်တွေပါ
စိတ်ဆိုးနေပြီဆိုရင် သိလိုက်တော့ အဲ့နေ့ စားဖိုဆောင်ထဲက ထွက်ဖို့ မပြင်နဲ့တော့ပဲ
အခု တစ်မျိုးစားမပြီးသေးဘူး နောက်တစ်မျိုး တောင်းတော့သည်
ဟိုတစ်နေ့ကလည်း ကြာစွယ်ဟင်းချို စားချင်ပါတယ်လို့ ပူဆာလို့ ရွာနဲ့ အဝေးကြီးက ရေကန်လယ်က ကြာစွယ်တွေ သွားချိုးရသေးသည်
သူစိတ်ကောက်မှာလဲ ကိုယ့်မှာ စိုးရိမ်ရသေးတယ်
ပြန်လာတော့ မေးကြည့်လိုက်တော့ မြတ်နိုးရသူလေးက အိပ်ပျော်နေပါသည်တဲ့ သူစားချင်တာ ရမှပဲ သူ့ကို လာနှိုးပါလို့ ပြောထားသည်တဲ့
ကြာစွယ်စားပြီးတော့လည်း ခေါက်ဆွဲ ချဉ်စပ်ကလေး စားချင်သေးတယ်လို့ ပြောလာပြန်သေး
ကိုယ်က ကိုယ်ဝန်နဲ့ မတည့်လို့ မစားပါနဲ့ ဆိုတော့ သူ့ကို မချစ်တော့ဘူး ဆိုပြီး အော်ငိုသေးသည် နောက်ဆုံး မနေနိုင်တဲ့ ကိုကပဲ ချဉ်စပ်ဆိုပေမယ့် အစပ် လျှော့ကာ ခေါက်ဆွဲကို ပုစွန်ရယ် ကြက်သားရယ်နဲ့ သေချာ လုပ်ပေးလိုက်ရသည်
ကလေးကို ပြန်တွေ့ပြီး နောက်ပိုင်း ကလေးက သူ့ကို အရမ်း တွယ်ကပ်လာသည်
သူ့အနား ကိုယ်မရှိတော့ရင် တိတ်တိတ်လေး ငိုနေတတ်သည် အရင်ကထက်လည်း ပိုပြီး ဆိုးလာသည်
ဒါပေမယ့် ဒီဆိုးတာလေးတွေက မိမိအပေါ်မှာပဲ ဆိုးသည် ကျန်တဲ့ လူတွေနဲ့ဆို ကလေးက တစ်ကယ် လူကြီးလေး
စားနိုင်သလောက်လဲ ကလေးက ဝလာသည်
ကိုယ်ဝန်ကြောင့် ရောင်နေတဲ့ ကလေးရဲ့ ကိုယ်လုံးလေးကို တစ်လလုံးလုံး ညအိပ်ခါနီးတိုင်း စုန့်လန်ကော ပေးတဲ့ ဆေးနဲ့ လိမ်းပေးတာကြောင့် အရင်လို ရောင်ပြီး ဝတာမဟုတ်ဘဲ ပုံမှန် ဝတဲ့ ခန္ဓာကိုယ်မျိုး ပြန်ဖြစ်လာပြီ ညနေတိုင်း ကလေးနဲ့ လမ်းလျှောက်တော့လည်း ဗိုက်ကလေးကို ထိန်းကိုင်ကာ သတိထား လျှောက်နေရတဲ့ ကလေးကို ကို့မှာ မကြည့်ရက် ကိုယ်ဝန်ကြောင့် လိုအပ်လို့သာ လမ်းလျှောက် ခိုင်းရတာ ဖြစ်နိုင်ရင် ကလေးကို ဘာမှ မလုပ်စေချင်
စစ်မြေပြင်ကိုလည်း မလိုက်ဖို့ အချိန်ရတိုင်းလပြောဖြစ်ပေမယ့် ပြောတဲ့ အချိန်တိုင်း ကလေးငယ် စိတ်ဆိုးတာ ခံရသည်
တစ်ကယ်တော့ ကလေးငယ် စိုးရိမ်နေတာကို သူသိပါတယ် နဂါးဘဝတုံးက သူက စစ်ပွဲကြောင့် ပျောက်သွားခဲ့ရတာဆိုတော့ ကလေး စိတ်ထဲမှာ ကို့ကို စစ်ပွဲနဲ့ မနီးစေချင်တာ
နောက်တော့ ကလေးကို အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောဖြစ်တော့
လွန်ခဲ့တဲ့ တစ်လလုံးလုံး ရွာလေးထဲမှာပဲ ကလေးငယ်အတွက် အချိန်ပေးဖြစ်တယ်
နယ်စပ်အားလုံးကို ကောတို့ ငါးယောက်က စည်းချကာ ကာကွယ်ပေးထားတာမို့ ချန်တွေ လာတိုက်မှာကို စိတ်မပူ
နတ်ဘုရားတွေရဲ့ စည်းကို ဘယ်လိုလူက ဖျက်နိုင်မှာ မို့လို့လဲ
အဲ့တော့ ကလေးအတွက်ပဲ တစ်လလုံးလုံး အချိန်ပေးဖြစ်သည်
ဒီနေ့တော့ အရင်နေ့တွေကလို မဟုတ်တော့ ဒီနေ့ စစ်မြေပြင်ကို စထွက်ရမှာမို့ ကလေးငယ်ကို မာနှိုးရခြင်း
ကလေးငယ်ကို ပွေ့ချီကာ ရေကန်ထဲ ချပေးပြီး ကိုယ်တိုင် ရေချိုးသန့်စင် ကာ အင်္ကျင်္ီ လဲပေးပြီး မနက်စာ စားတဲ့ နေရာစီ ထွက်လာခဲ့သည်
မိမိ အပြူအမူတွေနဲ့ အသားကျနေတဲ့ ကလေးငယ်က ရင်ခွင်ထဲကနေ အပြုံးတွေနဲ့ ကြည့်နေသည်
စားသောက်ပွဲ ရောက်တော့ လူတွေ အတော်များနေပြီ
ကလေးက ရွာထဲက လူတွေကို နှုတ်ဆက်ချင်တယ် ပြောတာမို့ အားလုံးအတွက် စားသောက်ပွဲ ကျင်းပပေးလိုက်သည်
မိမိတို့ ရောက်လာတော့ နေရာက ထကာ ဂါရဝပြုနေတဲ့ လူတွေကို နေရာမှာ ထိုင်စေကာ စားသောက်ပွဲ ပြန်ကျင်းပလိုက်သည်
"ကျွန်တော် စကားနည်းနည်းလောက် ပြောပါရစေ ကျွန်တော် ဒီရွာလေးကို စရောက်ကတည်းက အခုချိန်ထိ ကျွန်တော့်ကို စောင့်ရှောက်ထားတဲ့ ရွာသူရွာသားတွေကို ကျွန်တော် ကျေးဇူး အရမ်းတင်ပါတယ်
အထူးသဖြင့် မျန်မျန် ဒီလတွေအတွင်း နင်ငါ့ကို စောင့ရှောက်ပေးခဲ့တဲ့ အတွက် ကျေးဇူးပါဟာ အခု ကျွန်တော့်ကိုကိုလညိး ကျွန်တော့်ကို ပြန်လာခေါ့်ပြီဆိုတော့ ကျွနိတော် ကိုကိုနဲ့ လိုက်သွားပါတော့မယ် အားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်"
ကလေးရဲ့ စကားသံအဆုံး  အားလုံးရိဲ့ မျက်လုံးထဲမှာ မျက်ရည်လေးတွေ ဝေ့သီလာကြသည်
အထူးသဖြင့် မျန်မျန်ဆိုတဲ့ ကလေးမက ကလေးငယ်ကို ဖက်ပြီး လာငိုနေသဖြင့် လန်ကျန့်မှာ ရယ်ရခက်ခက် ဒေါသထွက်ရခက် ဖြစ်နေသည်
မနက်စာ စားပြီး အားလုံးကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်
ကလေးငယ်အတွက် ရထားလုံး အကြီးတစ်ခု စီစဉ်ကာ ရထားလုံးထဲ စောင်နဲ့ ခေါင်းအုံး အားလုံး ထားပေးပြီး ကလေးငယ် အိပ်ချင်ရင် အိပ်နိင်စေဖို့ စီစဉ်ပေးထားသည်
သူကတော့ ကလေးငယ်ရဲ့ ရထားလုံး ဘေးကနေ မြင်းဖြင့်သာ လိုက်လာခဲ့သည်
ဝေ့ရင်း ထွက်လာကတည်းက ကိုကို့ကို ငေးနေတာ ကိုကိုကလေ သံချပ်ကာ ဝတ်စုံနဲ့ အရမ်းလိုက်တာပဲ ဆံနွယ်တွေကို အပြောင်စီးထားတော့ ရှင်းလင်းနေတဲ့ ကိုကို့မျက်နှာက ယောက်ျားပီသမှုတွေ ပေါ်လွင်နေသည်
မိမိကိုတော့ ကိုကိုက သံချပ်ကာ မဝတ်ခိုင်း ဓားလှံတွေကနေ ကာကွယ်ပေးနိုင်တဲ့ ရေခဲတောင် ပိုးမျှင်နဲ့ ချုပ်ထားတဲ့ ဝတ်ရုံကိုသာ ဝတ်ခိုင်းသည် ဝတ်ရုံက အေးအေးလေးနဲ့ နေရတာ နေလို့ကောင်းသည်
ဆောင်းဦးပေမယ့် ဝတ်ရုံရဲ့ အအေးဓာတ်က လူကို အနှောက်အယှက် မဖြစ်စေပဲ နေရတာ ပိုပြီး သက်သောင့်သက်သာ ဖြစ်စေသည်
ပုံမှန်ဆို စစ်ပွဲကို ဒီလို ကိုယ်ဝန်သည် ပါလာတာကို မလိုလားကြပေမယ့် သူတို့ စစိသည်တွေကတော့ မဟုတ် ဝေ့ရင်း ပါလာတာကို ပိုလို့တောင် ပျော်နေကြသေးသည်
သူတို့ စခန်းချမယ့် နေရာရောက်တော့ ဧကရာဇ်နဲ့ ဧကရီအတွက် ယာယီနန်းကို အရင် ဆောက်ကြပြီးမှ သူတို့အတွက် တဲထိုးကြသည်
ဝေ့ရင်း စားချင်တာ လုပ်ကျွေးနိုင်ဖို့ အတွက် ရိက္ခာတွေ အစုံအလင်နဲ့ အများကြီး ယူလာပြီး ရွှမ်းယွီကို ဝေ့ရင်းဘေး နေခိုင်းကာ ဝေ့ရင်းစားချင်တာ မှန်သမျှ ချက်စေသည်
စစ်သည်တွေ အတွက်ကတော့ ဧကရီ ပါလာလို့ ဒီလို အရသာရှိတဲ့ အစားအသောက်ကို စစ်မြေပြင်မှာ စားရတာ ဆိုပြီးဧကရီကို ကျေးဇူးတင်နေကြသည်
လန်ကျန့်က ချန်ချင်းရီကိုပါ စစ်မြေပြင်စီ ခေါ်လာသည် ချန်နိုင်ငံကို ရှင်းပြီးတာနဲ့ သူမကိုလည်း သတ်ပစ်မည်
ချန်ချင်းရီ ပါလာတာကို ဝေ့ရင်းလည်း ဒီရောက်မှ သိရခြင်း
ရွာမှာတုံးက လန်ကျန့်က ချန်ချင်းရီကို ရွာပြင်မှာ နေတဲ့ အဖွဲ့နဲ့ ထားတာမို့ ဝေ့ရင်း မသိခြင်း အခုမှပဲ ချန်ချင်းရီကို ဝေ့ရင်း တွေ့ရတော့သည်
သူမက်ု ထားတဲ့ အကျဉ်းထောင်နားကို ဝေ့ရင်း မဲ့ပြုံးတစ်ချက် ချိတ်ဆွဲရင်း သွားလိုက်တော့
"ဝေ့ဝူရှန့်.... နင် မသေသေးဘူးပေါ့ "
"ဘယ်လိုလုပ်မလဲ ငါက ကိုကိုနဲ့ အတူတူ အချိန်အကြာကြီး နေရဦးမှာဆိုတော့ သေလို့ မရသေူဘူးလေ"
"ဟက် နန်းတော်က ထွက်သွားပြီးရင်လည်း အေးအေးဆေးဆေး သေလိုက်တော့လေ အခုတော့ စစ်ပွဲမှာ ရုပ်ပျက်ဆင်းပျက် သေရတော့မှာပဲ ကျွတ်ကျွတ် သနားလိုက်တာ"
*ဖြန်း... *
"မှတ်ထား အဲ့တာ ငါနဲ့ ကိုကို့ကြားကို ဝင်ပြီး နှောင့်ယှက်လို့"
"ကလေး...... "

နှလုံးသားပဲ့ကိုင်ရှင် (Completed)Donde viven las historias. Descúbrelo ahora