နှလုံးသားပဲ့ကိုင်ရှင်(8)

6.7K 455 7
                                    

"ခမည်းတော် ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ"

လန်ကျန့် ခမည်းတော် ခေါ်လို့သာ လိုက်ခဲ့ရတာ ကလေးငယ်ကို သူစိတ်မချချင် ဘယ်လိုပဲ မယ်တော်က ခေါ်သွားပါတယ်ပြောပြော အသိဆွေမျိုး တစ်ယောက်မှမရှိတော့ ကလေးငယ် အားငယ်နေရှာမှာ ဒါကြောင့်လည်း ခမည်းတော်ကို ပြောစရာရှိတာပြောအောင် သူအရင်စမေးလိုက်တာပင်

"အင်း...... ခမည်းတော်မေးမယ် သားတော်နဲ့ ပါလာတဲ့ ကလေးအကြောင်း သားတော် ဘယ်လောက်သိလဲ"
"ဝေ့ရင်းလား ခမည်းတော် သားတော် သိသင့်သလောက်တော့ သိပါတယ်"
"ခမည်းတော်ကို ပြောပြ သားတော်ဘာတွေ သိထားလဲဆိုတာ"
"ဝေ့ရင်းက မိုးပြာကျောင်းတော် ကျောင်းအုပ်ကြီးရဲ့ မွေးစားသားပါ သူ့ရဲ့ နောက်ကြောင်းကိုတော့ သားတော်တို့လဲ မသိဘူး သူ့နောက်ခံက တော်တော်မြင့်မယ်လို့တော့ သားတော်ထင်တယ် ဘာလို့ဆို သူ့ရဲ့ ပုံစံနဲ့ သူ့ရဲ့ အစွမ်းက သားတော်တို့ထက် သာလွန်တဲ့အကြောင်း ထင်ရှားနေတယ်လေ သားတော်တို့မျိုးရိုးထက် မြင့်မှာတော့ အမှန်ပဲ ခမည်းတော်"

"အင်း..... ဟုတ်တယ် ခမည်းတော်တို့ထက် မြင့်တယ် နတ်နန်းသခင်မက ပြောသွားတယ် သားတော်တို့က ကြမ္မာဖက်တွေတဲ့ သားတော်တို့ကို ခွဲတဲ့လူကို ကောင်းကင်ပြစ်ဒဏ် သင့်ခံရမယ်တဲ့ ပြီးတော့ ဒီကလေးငယ်ကပဲ သားတော်ရဲ့ အထောက်အပံ့ ပါရမီဖြည့်ဖက် ဖြစ်လာလိမ့်မယ်တဲ့"
"သားတော်ကတော့ ကလေးငယ် ဘယ်လိုပဲဖြစ်ဖြစ် မြတ်နိုးတယ် ခမည်းတော် သူ ဘယ်အခြေအနေမှာမဆို သားတော် ချစ်မှာပဲ ခမည်းတော်က သားတော်တို့ကို မကြည်ဖြူနိုင်ဘူးလား"

"သားတော်ရယ် ခမည်းတော်က ဘာမှမပြောရသေးပါ့ပဲ သားတော်တို့ကို ကြည်ဖြူပါတယ် ကိုယ့်သားတော်အတွက် အထောက်အပံ့ကောင်း ဖြစ်လာမယ့် ကြသ်ယာဖက်ကို သဘောမတူပဲ မနေပါဘူးကွယ် တစ်ခုပဲ မင်းရဲ့ ပါးပါးရန်ကိုတော့ ကိုယ်တိုင်ပဲ စည်းရုံးပေတော့"
"ဟုတ်ကဲ့ပါ ခမည်းတော် ပါးပါးက သားတော် စကားကို မငြင်းဆန်လောက်ပါဘူး"

လန်ကျန့်နဲ့ မင်းကြီးက နိုင်ငံရေးအကြောင်းတွေ ဆွေးနွေးနေကြတာ အချိန်ပင် တော်တော်ကြာလာပြီ
အားရှန့်ကတော့ မယ်တော်ကြီး နန်းဆောင်ကို မယ်တော်ကြီးခေါ်လို့ လိုက်သွားရတယ်
ကြောက်ကြောက်နဲ့ မိဖုရားနောက်က လိုက်သွားတဲ့ ဝေ့ရင်းက နန်းဆောင်အရောက် တွေ့လိုက်ရတဲ့ လူကြောင့် မျက်လုံး အဝိုင်းသား

နှလုံးသားပဲ့ကိုင်ရှင် (Completed)Donde viven las historias. Descúbrelo ahora