နှလုံးသားပဲ့ကိုင်ရှင်(29)

5.7K 390 66
                                    

ၡ(29)

လန်ကျန့် သတိမေ့နေတဲ့ သူ့ကလေးလေးကို ကြည့်ပြီး ရင်နာလို့ မဆုံး စုတ်ပြဲနေတဲ့ ဝတ်ရုံ ကြာပွတ်ရာ ဗရပွနဲ့ သွေးရောင် လွှမ်းနေသော ကျောပြင် ဖြူနုနု ကျောပြင်ပေါ်မှာ နီဆွေးဆွေး သွေးတို့ နေရာယူနေသည် သတိမေ့နေတဲ့ ကလေးက သူ့လက်လေး နှစ်ဖက်ကို ဗိုက်ကလေးပေါ် တင်ထားသည် အရိုက်ခံ ရတုံးကလည်း လက်လေးကို ဗိုက်ပေါ်က မချ ဆယ်ချက်လောက်နဲ့တင် ကွေးညွှတ် သွားနိုင်တဲ့ ရိုက်ချက်ကို ကလေးငယ်က အချက်ငါးဆယ်လုံး တောင့်ခံထားသည် နတ်ဘုရား အစွမ်းကိုလည်း ကလေးငယ် ထုတ်သုံးထားတာ မဟုတ် သာမာန်လူ တစ်ယောက် အနေနဲ့ပဲ အချက်ငါးဆယ်လုံးကို အရိုက်ခံတာ ခန္ဓာကိုယ် ကွေးညွတ်မသွားအောင် တင်းခံထားတာ သိသာသည် နာကျင်နေတဲ့ ကလေးမျက်နှာက သူ့ရင်ကိ အစိမ်းလိုက် ခွဲနေသလိုပင် လဲကျသွားတဲ့ ကလေးရဲ့ ကိုယ်လေးကို ပွေ့ချီရင်း ဧကရာဇ် အဆောင်တော်စီ အပြေးလာခဲ့သည်
ရှင်းယွမ်တို့ကလည်း သမားတော် သွားခေါ် နေကြပြီ
အဆောက်ထဲ ရောက်တော့ ကလေးငယ်ကို အိပ်ရာပေါ် မှောင်ရက် တင်ထားလိုက်ပြီး သွေးတွေကိုလည်း သန့်စင် ပေးလိုက်သည်
ကလေးငယ်ရဲ့ ဒဏ်ရာတွေကို မြင်ရတိုင်း သူ့ကိုသူ အပြစ်တင်လို့ မဆုံး သူ့လက်နဲ့ ကိုယ်တိုင် ဒဏ်ရာရအောင် မလုပ်ခဲ့ပေမယ့် သူ့နှုတ်ကနေ စေခိုင်းခဲ့မိသည်
တစ်ဖက်က လန်ရှီးချန်မှာတော့ ကျန်းချန်ကို ဆွဲထားရသည် လက်သီး တပြင်ပြင် ဖြစ်နေတဲ့ ဒေါသအိုးကို သူ့မှာ မနည်းဆွဲထား ရသည်
"အစ်ကို ကျွန်တော့်ကို လွှတ် ကျွန်တော် သူ့ကို သတ်မယ် လန်ဝမ့်ကျီး ဆိုတဲ့ အကောင်ကို ကျွန်တော် သတ်မှာ အားရှန့်မှာ သူ့ကို တွေ့ချင်လွန်းလို့ ဘယ်လောက်တောင် စွနိ့လွှတ်ခဲ့ရသလဲ သူကတော့ သူကတော့ အားရှန့်ကို..... "
"အားချန် ကို့ကိုကြည့် ဝမ့်ကျီးက ဒီလိုလုပ်မယ့် လူမျိုးမှ မဟုတ်တာ ဒီကိစ္စက တစ်ခုခုမှားနေတာ သေချာတယ်"
"ဘာမှားရမှာလဲ သူကိုယ်တိုင် သူ့ပါးစပ်က ပြောတာလေ .. "
"ကို သိတယ် သေချာကို မှားနေတာ သူ့ပုံမှန် စိတ်အတိုင်းဆို ဒီလို ပြောမယ့်လူ လုံးဝ မဟုတ်ဘူး"
"ပုံမှန်စိတ် ပုံမှန်စိတ် မဟုတ်ဘူးဆိုတော့ ကိုကို ပြောချင်တာ လန်ဝမ့်ကျီး သူ စိတ်ညှို့ခံရတာလို့လား မဖြဖစ်နိုင်လိုက်တာ"
"အားချန် ကလေးပဲ တွေးကြည့်လေ ချန်ချင်းရီ အရိုက်ခံနေရတယ်လို့ ဘယ်သူ သွားပြောတာလဲ"
"အားရှန့် နန်းတွင်းသူတွေတော့ မဟုတ်ဘူး သူတို့ကလည်း ချန်ချင်းရီကို မျက်မုန်းကျိုးနေတာ ကျွန်တော်သိတယ်"
"အဲ့တာဆို သူ့ဘက်က နန်းတွင်းသူတွေပဲ နေမှာ သူ့ဘက်က ပါလာတဲ့ နန်းတွင်းသု တွေကို စစ်ကြည့်ရမယ်"
"အင်း..... ဒီအကြောင်းကို ဝမ့်ကျီးကို သွားပြောရမယ် သွာ်းယ် အစ်ကို"
သူတို့ နန်းဆောင်ကို ရောက်တော့ သမားတော်က ဧကရီအတွက် လိမ်းဆေး ဖော်ကာ လန်ကျန့်ကို ပေးနေသည်
"အရှင် ဒီဆေးကို ဧကရီကို လိမ်းပေးပါ သက်သာလာပါလိမ့်မယ် ဧကရီက အားနည်း နေတဲ့အတွက် ဂရုစိုက် ပေးဖို့တော့ လိုပါတယ် ကျွန်တော် ခဏနေ အားဆေးဖော်ပြီး လာပို့လဲ့ ပါ့မယ်"
"ကောင်းပြီ သမားတော်ကြီး သွားလို့ရပြီ"
"ရှင်းယွမ် ဘယ်လိုဖြစ်တာလဲ ဆိုတာ ငါ့ကိုပြောပြ"
"ဒီလိုပါ အရှင်.... "
ရှင်းယွမ်လည်း အကြောင်းရာ အစံအလင် ပြန်ပြောပြ လိုက်သည် သူတို့လည်း အရှင် ဘာဖြစ် သွားတာလဲ ဆိုတာ အခုထိ နားမလည်နိုင်ကြသေး သူတို့သိတာ တစ်ခုပဲ ရှိသည် အရှင် ပုံမှန်စိတ်နဲ့တော့ ဧကရီကို ရိုက်မှာမဟုတ်ဘူး ဒါပေမယ့် ဘယ်လိုဖြစ်သွားတာလဲ
"မင်းပြောတာ အမှန်ပဲလား... "
"အလိမ်ညာ စကား တစ်ခွန်းမှ မပါ ပါဘူး အရှင်"
"တောက်.... ရိုင်းလိုက်လေ အဲ့အဆောင် တစ်ခုလုံး ဖမ်းထားလိုက်"
"ဟုတ်ကဲ့ပါ မင်းကြီး.... "

နှလုံးသားပဲ့ကိုင်ရှင် (Completed)Opowieści tętniące życiem. Odkryj je teraz