နှလုံးသားပဲ့ကိုင်ရှင်(22)

5.7K 353 15
                                    

ဝေ့ရင်းတို့ အခု မိုးပြာကျောင်းတော်မှာ ရောက်နေခြင်း မင်္ဂလာပွဲ အတွက် မွေးစားအဖေကို လာခေါ်ကြတာ ဖြစ်ချင်တော့ ကျောင်းပေါငါးစုံ သိုင်းပြိုင်ပွဲနဲ့ တိုးနေတာပင် သူတို့ရောက်တဲ့ နေ့ကတည်းက ပြိုင်ပွဲကျင်းပနေတာ အခုနဲ့ဆို သုံးရက်ရှိပြီ အခုလည်း သူတို့က ပြိုင်ပွဲကွင်းပြင်ထဲမှာ ကျောင်းက ဂျူနီယာတွေကို လာအားပေးကြခြင်း ဂျူနီယာတွေက တော်ကြပါသည် ပြိုင်ပွဲမှာ သူတို့ကျောင်းက အသာရနေသည် အဖေတို့ရော ကျောင်းက ဆရာတွေရော တပြုံးပြုံးနဲ့ မကြာပါဘူး သူတို့ပြိုင်ဘက်ကျောင်းက ရှုံးမဲ မဲကာ
"ကျောင်းအုပ်ကြီး ပြိုင်ပွဲက ပြီးသွားပြီ ဆိုပေမယ့် ဒီအတိုင်း သိုင်းပညာ ဖလှယ်တဲ့ အနေနဲ့ ခများရဲ့ တပည့်ကြီး လန်ဝမ့်ကျီးနဲ့ ကျွန်တော့ တပည့်ကြီးတို့ကို တိုက်စေချင်ပါတယ် ဘယ်လိုသဘောရလဲ"
"ကျောင်းအုပ်ချင် ဝမ့်ကျီးက အခု ကျောင်းရဲ့ ဧည့်သည်အနေနဲ့ လာတာဆိုတော့ ကျွန်တော် အတင်းတွန်းအားပေးလို့ မဖြစ်ပါဘူး တိုက်မတိုက်ဆိုတာ သူ့ဆန္ဒကိုပဲ မေးကြည့်ကြည့်ပါ"
"ဆရာ ဒီတပည့်က ကျောင်းအတွက် တိုက်ပေးပါ့မယ်"
"ဝမ့်ကျီး ဖြစ်ရဲ့လား သူက ကောင်းကင်အဆင့်နော်"
"ဆရာ စိတ်မပူပါနဲ့ တပည့်တာဝန်သာ ထားလိုက်ပါ"
"ကောင်းပြီ ဂရုစိုက် မင်းအဆင်မပြေရင် ရတယ် အတင်းမလုပ်နဲ့"
"ဖေဖေကလည်း ကိုကိုက သူတို့လောက်ကို အသာလေးနိုင်တယ် စိတ်မပူပါနဲ့"
ဝမ့်ကျီးလည်း ဆရာ့ကို စိတ်မပူဖို့ပြောကာ တိုက်ပွဲဆင်မြင့်ပေါ် တက်သွားလိုက်သည် ဆရာတွေ အကုန်လုံး သူ့အတွက် စိုးရိမ်နေတာ သူသိသည် တစ်ဖက်လူက ကောင်းကင် အဆင့်မြင့်မလို့လဲ ဖြစ်နိုင်သည် သူကလည်း သူ့ကျင့်ကြံခြင်း အဆင့်ကို ဖုံးကွယ်ထားသည့် အတွက် သူ့ကျင့်ကြံခြင်ူအဆင့်ကို ခန့်မှန်းမရတာမို့ စိုးရိမ်ကြတာ မဆန်းပါဘူး တစ်ဖက်လူကလည်း သူ့ကျင့်ကြံခြင်း အဆင့်ကို မသိလို့ သူ့ကို စိန်ခေါ်ကြခြင်းပင်
"ဟက် လန်ဝမ့်ကျီး မင်းက တိုက်ဖို့ သတ္တိရှိတာလား ဒါမှမဟုတ် ရူးသွားတာလား ငါကမင်းမတိုက်ရဲလောက်ဘူး ထင်နေတာ"
"ငါမင်းကို မတိုက်ရဲစရာ ဘာအကြောင်းများ ရှိလို့လဲ ပြောပြပါဦး"
"မင်းရူးနေလား ငါဘယ်အဆင့်မှာလဲဆိုတာ မင်းမသိဘူးလား ငါ့လို ကောင်းကင် အဆင့်မြင့် တစ်ယောက်ကို ယှဉ်တိုက်ဖို့ မင်းဘယ်ကများ ယုံကြည်ချက် ရှိသွားတာလဲ"
"မင်းက မင်းကျင့်ကြံခြင်းအဆင့်ကို တော်တော် အထင်ကြီးတဲ့ပုံပဲ ကဲအခု မင်းကိုတိုက်ဖို့ ငါဘယ်က ယုံကြည်မှုတွေ ရှိလာတာလဲ ဆိုတာ ငါပြရသေးတာပေါ့"
ပြီးတာနဲ့ လန်ကျန့်က သူ့ရဲ့ စကြာဝဠာ အလင်အဆင့် အရှိန်အဝါကို ထုတ်ပြလိုက်တော့ တစ်ဖက်လူတွေ ထိတ်လန့်သွားကြသည် အသက် နှစ်ဆယ့်ငါးနှစ်နဲ့ စကြာဝဠာ အလယ်အဆင့် ဘယ်လိုတောင် မွန်းစတားလဲ
"ဘယ်လိုလဲ အခုရော မင်းငါနဲ့ တိုက်ဦးမှာလား တစ်ကယ်လို့မှ မင်းတိုက်ချင်သေးတယ်ဆိုရင် မင်းနဲ့ အဆင့်တူအောင် လျှော့ပေးမယ်လေ"
"မင်းစကားနဲ့ မင်းနော် ပြီးမှ နောင်တမရနဲ့"
"တိုက်ကွက်ထုတ်ပါ.... "
"ဟမ့်..... နောက်မှ နောင်တမရနဲ့ ကြည့်ထား"
တစ်ဖက်လူက တိုက်ကွက်ထုတ်လျှင် လန်ကျန့်က အသံတစ်ချက်ပြုကာ ရိုးရှင်းတဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကို ပြုလိုက်ပြီး တစ်ဖက်လူ ရဲ့ သိုင်းကွက်ကို ချေဖျက်လိုက်ရာ တစ်ဖက်လူမှာ သွေးအန်ပြီး နောက်ကို တရွတ်တိုက် ဆုတ်သွားရသည်
ကွင်းထဲရှိ လူအားလုံးမှာ အံ့သြမှုကြောင့် ပါးစပ်အဟောင်းသား စိန်ခေါ်လာတဲ့ ကျောင်းက ကျောင်းအုပ်မှာ သူ့တပည့်အတွက် စိုးရိမ်ပြီး ကျန်တာတွေ မစဉ်းစားတော့ပဲ စင်ပေါ်တက်ကာ သူ့တပည့်ကို တွဲခေါ်ရတော့သည်
"ကျောင်းအုပ်ကြီး ခများရဲ့ တပည့်က ထူးချွန်ပါပေတယ် အသက် နှစ်ဆယ့်ငါးနှစ်နဲ့ စကြာဝဠာ အလယ်အဆင့်ကို ရောက်နေပြီ ခများရဲ့ သားကရော ဘယ်အဆင့်မှာများလဲ သိပါရစေ"
"အဲ ကျောင်းအုပ်ဝမ် ဒါကိုတော့ ကျွန်တော်လည်း မသိပါဘူး သားကိုပဲ မေးကြည့်ကြပါ"
"တူမောင် ဒီအဘိုးကြီးရဲ့ တပည့်နဲ့ ပညာချင်း ဖလှည်ပေးပါ့လား"
"ဦးလေးဝမ် ပညာချင်း ဖလှယ်ကတော့ ရပါတယ် ဒါပေမယ့် ဦးလေးတို့ ဘက်က အတော်ဆုံးလူကို လွှတ်ဖို့သာ မမေ့ပါနဲ့"
"ဟားဟား..... ဟုတ်ပါပြီ ယဲ့ချင် မင်းသွားလိုက်"
ဝေ့ရင်း လည်း စင်ပေါ်ကို တက်ကာ သူ့ပြိုင်ဘက်ကို ကြည့်လိုက်တော့ အသက် လေးဆယ်အရွယ် လူလတ်ပိုင်း တစ်ယောက်
"ညီလေး သတိထားပါ... "
တစ်ဖက်လူက ပြောရင်း သူ့အရှိန်အဝါတွေကို ဖော်ထုတ်လိုက်တော့ စကြာဝဠာ စဦးအဆင့်
"နောင်ကြီး ခများ ကျွန်တော်နဲ့ တိုက်မှာ သေချာပါတယ်နော်"
ပြောရင်းနဲ့ အော်ရာတွေကို ထိန်းမထားပဲ လွှတ်လိုက်တော့ နတ်ဘုရား စဦးအဆင့် အော်ရာတွေက တစ်ဖက်လူကို နောက်ဆုတ်သွားစေသည် လန်ကျန့်ကြောင့် အံ့သြနေကြတဲ့လူတွေ ဝေ့ရင်းကြောသ့် ပိုပြီးပင် အသံတိတ်သွားသည် အသက်နှစ်ဆယ်မှာ နတ်ဘုရားစဦးအဆင့် အသက်နှစ်ဆယ့်ငါးမှာ စကြာဝဠာ အလယ်အဆင့်ရောက်နေတဲ့ လူကြောင့် အံ့သြမှုမပြေခင်မှာပဲ အသက်နှစ်ဆယ်အရွယ်မှာ နတ်ဘုရား စဦးအဆင့်တဲ့လား ကျင့်ကြံခြင်းအဆင့်တွေက ဒီမျှထိ လွယ်ကူနေတာလား သူများတွေ ကောင်းကင်အဆင့် ရောက်ဖို့ အသည်းအသန်ကြိုးစားနေရချိန်မှာ သူတို့ကတော့ ဒီလောက်ငယ်ငယ်နဲ့ သူတို့ အသည်းအသန်ကြိုးစားတောင် မသေချာတဲ့ အဆင့်တစ်ခုကို ရောက်နေကြပြီ သူတို့နဲ့ ပါလာတဲ့ လူတွေကို ကြည့်လိုက်တော့လည်း စကြာဝဠာ စဦးအဆင့်တွေပဲ အသက်တွေက အလွန်ဆုံးရှိမှ နှစ်ဆယ့်ငါး လောကကြီး ဘာတွေဖြစ်သွားတာလဲ
"ဘယ်လိုလဲ နောင်ကြီး တိုက်ကြဦးမှာလား"
"ကျွန်တော် အရှုံးပေးပါတယ်ဗျာ ဝေ့သခင်လေးလို ထူးချွန်တဲ့ လူမျိုးက ရှားပါးပါပေတယ်"
"ကဲ ဒိလိုဆိုလည်း ကျောင်းပေါင်းစုံ ပြိုင်ပွဲကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့ အားလုံးပဲ ကိုယ့်နေရာမှာကို အနားယူကြပါ အေးအေးဆေးဆေး အနားယူပြီးမှပဲ ကိုယ့်ကျောင်းကို ပြန်ကြပေါ့"
"နေပါစေ ကျောင်းအုပ်ကြီး ကျွန်တော်တို့ ပြန်ပါတော့မယ် "
"ကျွန်တော်တို့လည်း ပြန်ပါတော့မယ် "
"ဒါဆိုလည်း ကျောင်းအုပ်ချင်နဲ့ ကျောင်းအုပ်ဝမ်တို့ကို နှုတ်ဆက်ပါတယ်"

နှလုံးသားပဲ့ကိုင်ရှင် (Completed)Donde viven las historias. Descúbrelo ahora