နှလုံးသားပဲ့ကိုင်ရှင် part(1)နှလုံးသားပဲ့ကိုငျရှငျ part(1)

27K 791 37
                                    

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က နဂါးပြည်မှာ အချစ်ဇာတ်လမ်းတစ်ပုဒ် လူတေရဲ့ပါးစပ်ဖျားမှာ အမြဲစွဲနေကြတယ် နဂါးမင်းရဲ့အချစ်ဆုံးသားတော်လေး ဝေ့ရင်းနဲ့ စစ်သူကြီးရဲ့သားတော် လန်ကျန့်တို့ရဲ့ အချစ်ဇာတ်လမ်းလေး မွေးနေ့ မွေးရက် အကုန်တူတဲ့ ဖွားဖက်တော်ချင်းမို့ ငယ်စဉ်ကတည်းက အတူတွဲမြင်နေရတဲ့နှစ်ယောက်သား နဂါးစစ်သူကြီးရဲ့စံအိမ်နဲ့ နန်းတော်မှာလည်း သူတို့နှစ်ယောက်ကြောင့် နှစ်အိမ့်တစ်အိမ်ဖြစ်နေပြီ

ဝေ့ရင်းနဲ့စာရင် လန်ကျန့်က ရင့်ကျက်သည်ဟုဆိုနိုင်သည် နှစ်ယောက်လုံးမှာ အငယ်ဆုံးတေဖြစ်ပေမယ့် လန်ကျန့်က အကိုနဲ့ ဖခင်ရဲ့ထိန်းကွပ်မှုကြောင့် သူ့အသက်အရွယ်နဲ့စာရင် လူကြီးဆန်သည်

ဝေ့ရင်းကတော့ အကိုတေနဲ့ ခမည်းတော်ရဲ့အလိုလိုက်မှုကြောင့် ဆိုးကောင်းကောင်းနဲ့ဆိုးသည် တစ်နန်းတော်လုံးကိုပတ်မွှေပေမယ့် သူ့ကိုမချစ်တဲ့လူလို့တော့မရှိ နဂါးမျိုးနွယ်တန်မဲ့
ဟိတ်ဟန်ကြီးတာထက် ချစ်ဖို့ကောင်းတာကပိုသည်

သူတို့ယုံကြည်တာတစ်ခုက ဝေ့ရင်းက ရှေးဟောင်းရွှေနဂါးပြန်ဝင်စားတာလို့ပင် ထို့ကြောင့်လည်း သူ့အပေါ်မျှော်လင့်ချက်ကြီးကြသည် ဒါပေမယ့် သူဘယ်လိုနေနေ ဘယ်သူမှအပစ်မပြောကြ ဝေ့ရင်းကပါရမီကောင်းသည် ကျင့်ကြံခြင်းအဆင့်က သူ့အရွယ်တေထက် တစ်ဆင့်အမြဲသာနေတတ်သည်

နဂါးနတ်ဘုရားအဖြစ် ကျင့်ကြံရတာက လွယ်ကူတာတော့မဟုတ်ပေ ဒါပေမယ့်သူ့အတွက်က ထမင်းစားရေသောက်သလိုပင်ဖြစ်နေသည်

သူအဆင့်တစ်ခုတက်တိုင်း လန်ကျန့်ကိုပါစောင့်သည် ပြီးမှနှစ်ယောက်အတူ ရောက်တဲ့အဆင့်ကစပြီးပြန်ကျင့်သည် ကံကြမ္မာနတ်မင်းများ ဖူးစာကြိုးနီမှားချီမိသလားမသိ သူတို့နှစ်ယောက်က အချစ်ကြီးချစ်သူတေဖြစ်လာကြသည်

သိစကတော့ ခမည်းတော်ရော အကိုတော်တေရော အပြင်းအထန် ကန့်ကွက်ကြပေမယ့် သူတို့ရဲ့သည်းညှာလေးက ဆန္ဒပြနည်းပေါင်းစုံနဲ့ ဆန္ဒပြနေတော့ နောက်ဆုံးမှာသဘောတူလိုက်ရတာပင်

အာ့ဒီရက်တေကတော့ သူတို့အတွက် အသာယာဆုံးရင်တေပေါ့ သူနတ်ဘုရားအဆင့်ထိတတ်လို့ရနေတာတောင် သူ့ချစ်သူနဲ့အတူရှိဖို့အတွက် စွန့်လွှတ်ခဲ့သည် ဒါပေမယ့် ကံကြမ္မာက ရက်စက်တတ်တယ် ဂဠုန်မျိုးနွယ်နဲ့ စစ်ပွဲမှာ သူချစ်ရသော နဂါးနီလေးက ပျောက်ချင်းမလှပျောက်သွားသည်တဲ့လေ

နှလုံးသားပဲ့ကိုင်ရှင် (Completed)Opowieści tętniące życiem. Odkryj je teraz