နှလုံးသားပဲ့ကိုင်ရှင်(31)

6.1K 449 66
                                    

31

ချန်နိုင်ငံ မှာတော့ တစ်နိုင်ငံလုံး အခြေအနေ မကောင်း
မြို့တော် အပြင် ရွာစွန် ရွာဖျား အထိ မိုးခေါင် နေသောကြောင့် ပြည်သူတွေမှာ မသက်သာလှ စစ်ပွဲအတွက် အကြောင်းပြကာ အခွန် တွေလည်း တိုးကောက်တော့ ပြည်သူတွေလည်း မကျေနပ်ကြ
ချန်နန်းတွင်းမှာလည်း မတည်ငြိမ်ပေ တစ်ဖက်နိုင်ငံကို တောင်းပန်ပြီး စစ်မဖြစ်စေချင်တဲ့ အုပ်စုနဲ့ မတောင်းပန်ပဲ စစ်ပဲတိုက်မယ့် အုပ်စုဆိုပြီး နှစ်စုကွဲနေသည်
နောက်တော့ စစ်တိုက်မယ့် အုပ်စုကပဲ နိုင်သွားပြီး စစ်ပွဲအတွက် ပြင်ကြသည်
စစ်ပွဲအတွက် အခွန်တွေ တိုးကောက်ပြီး လက်အောက်ခံ နိုင်ငံတွေစီကလည်း စစ်သည်တွေ တောင်းထားတာကြောင့် အင်အားက များပြားလှသည်
ဒါတွေကြောင့်လဲ ချန်နိုင်ငံက မိုးပြာ နိုင်ငံကို မတောင်းပန် နိုင်ခြင်း လက်အောက်ခံ နိုင်ငံတွေမှာလည်း စစ်ပွဲအတွက် ပြင်ဆင်ရတာကြောင့် ဖိအား များလွန်းလှသည်
မ်ုးပြာနိုင်ငံ ဆိုတာ နဂါး စောင့်ရှောက်တဲ့ နိုင်ငံလို့ နာမည်ကြီးပြီး နတ်ဘုရား ခြောက်ယောက် ရှိတယ်လို့လည်း သူတို့ သတင်းရပြီးသား သူတို့ စီမှာ နတ်ဘုရား အဆင့် တစ်ယောက်မှမရှိ
ချန်နိုင်ငံနဲ့ ရင်းနီးတဲ့ နိုင်ငံတိုင်း ဖိအား ရင်ဆိုင်နေရသည်
စစ်ပွဲအတွက် အခွန် ကောက်ရ ရိက္ခာ စုရ စစ်ကူပေးရနဲ့ မလွယ်ကူလှ
"မင်းကြီး..... "
"စစ်သူကြီး ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာတာလဲ "
"မင်းကြီး မိုးပြာနိုင်ငံက စစ်ချီလာပါပြီ"
"ဘာ..... "
"ဟုတ်ပါတယ် မင်းကြီး ဘုရင် လန်ဝမ့်ကျီး ကိုယ်တိုင် စစ်ချီလာတာပါတဲ့"
"ဟက် နောက်ဆုံးတော့ လာကြပြီလား အင်အား ဘယ်လောက်ရှိလား"
"အင်အား နှစ်သိန်းပါ... "
"သူတို့လို နိုင်ငံငယ်လေးက ဒီလောက် အင်အား ဘယ်ကရတာလဲ"
"အဲ့တာတော့ ကျွန်တော်တို့လည်း မသိပါဘူး မင်းကြီး
ဒါပေမယ့် သူတို့က ဒီနေ့မှ နန်းမြို့တော်က ထွက်လာတာပါတဲ့"
"အဲ့တော့ ဘာဖြစ်လဲ သူတို့လာတိုက်တာကို ငါတို့ ထိုင်စောင့်နေမယ့် အစား ငါတို့က အရင် ဘာလို့ သွားမတိုက်ရမှာလဲ စစ်သူကြီး အနီးတုံး နယ်စပ်ရွာကို ဝင်တိုက်ပါ ဟက် ကြည့်ရသေးတာပေါ့ သူတို့လို နိုင်ငံငယ်လေးက ငါတို့မျက်စိထဲမှာ ဘာလည်းဆိုတာ သူတို့သိအောင် ပြရမှာပေါ့"
"ဟုတ်ကဲ့ မင်းကြီး ကျွန်တော်မျိုးတို့ ဝင်တိုက်ပါ့မယ်"
"သူတို့က နယ်စပ်ကို တိုက်ဖို့ စဉ်းစားနေပေမယ့် နယ်စပ်မှာ သူတို့အတွက် အကြီးမားဆုံး အဟန့်အတား ရှိနေတာကို သူတို့မသိခဲ့ကြ

နှလုံးသားပဲ့ကိုင်ရှင် (Completed)Opowieści tętniące życiem. Odkryj je teraz