နှလုံးသားပဲ့ကိုင်ရှင်(27)

4.9K 355 54
                                    

(27)

ဒီနေ့က ချန်ချင်းရီနဲ့ ကိုကိုနဲ့ လက်ဆက်တဲ့နေ့ ကိုယ့်ခင်ပွန်း နောက်မိန်းမ ယူမှာကို ပြင်ဆင်ပေးရတဲ့ ဘဝက လွယ်ကူမနေ ကိုယ်ချစ်ရသူရဲ့ လက်ထက်ပွဲကိုလည်း ရင်နာနာနဲ့ တက်ရဦးမယ် သူကတော့ မလာလည်း ရတယ်လို့ ပြောပေမယ့် သူက  ဧကရီလေ ကိုမသွားလို့ အဆင်မှ မပြေတာ ကိုကိုကတော့ မလုပ်ချင်တာ သိသာသည် လက်ထပ်ပွဲလို့ ပြောလို့ ရရုံထက် သာတယ် ဆိုရုံလေးတင် အခမ်းအနားကို ပြင်ဆင်ထားသည်
ဝတ်ရုံဝတ်ပေးနေတဲ့ ငယ်လေးကို ကြည့်ရင်း သက်ပြင်းခိုးချမိသည် ရင်ထဲမှာ နာကျင်နေပေမယ့် ငယ်လေးက ထုတ်မပြပဲ အဆင်ပြေကြောင်း ရအောင်ပြသည် တစ်ချို့ အမတ်တွေကတော့ ဒီအခြေအနေကို ကျေနပ်နေကြပေမယ့် တစ်ချို့ကတော့ မလိုလားကြ ပြည်သူတွေကလည်း သူတို့ ဧကရီလေး အနစ်နာခံတာကို သိပြီး တားကြပေမယ့် ငယ်လေးက မရ သူ့ပြည်သူတွေကို ရအောင်ပြောသည် ငယ်လေးက တစ်ကယ်ကို တိုင်းပြည် မိခင်နေရာနဲ့ လိုက်ဖက်ပါတယ် ကိုယ့် ပြည်သူပြည်သားတွေကို ရင်အနာခံပြီး စောင့်ရှောက်ပေးတယ် ဂရုစိုက်ပေးတယ် တစ်ခါတစ်လေ ကိုယ့်မှာ ကိုယ့်ပြည်သူတွေကိုယ် မနာလိုဘူး အချိန်ရလို့ ငယ်လေး အနား နေမယ်ကြံလိုက်ရင် သူက ပြည်သူတွေ ကြားထဲ ရောက်နေပြီ မြို့ထဲ လှည့်သွားကာ သူတို့ လိုအပ်သမျှ လိုက်ပြီး ထောက်ပံ့ပေးသည် နေမကောင်းတဲ့ လူတွေကို သမားတော်ဆောင်မှာ ခေါ်ပြီး ဆေးကုခိုင်းတော့ နန်းတွင်း သမားတော်တွေလည်း အနားမရ ဒီကြားထဲ မယ်တော်ကပါ ငယ်လေးနဲ့ တစ်ဖွဲ့ထဲ အရွယ်ရလာလို့ နန်းတော်ထဲမှာ အေးဆေး နေခိုင်းလ်ု့လဲ မရ ငယ်လေးနဲ့ လိုက်ပြီး ပြည်သူတွေစီ သွားကြည့်သည် ဒီမင်္ဂလာပွဲကိုလည်း ငယ်လေး သဘောမတူဖို့ မယ်တော်က ပြောသေးသည် ဒါပေမယ့် မရ နောက်ဆုံးတော့လည်း ဒီမင်္ဂလာပွဲက ဖြစ်လာခဲ့ရပြီ
"ငယ်လေး.... အဆောင်ထဲမှာပဲ နားနေပါ မလာလို့လည်း ရတယ်"
"ဟင့်အင်း... ငယ်လေး အဆင်ပြေပါတယ် ငယ်လေးကြောင့် ကိုကို့ကို လူပြောတာ မခံစေချက်ဘူး  အားရား... ကိုကို့က မင်္ဂလာဝတ်စုံနဲ့ တော်တော်လိုက်တာပဲ ချောလိုက်တာ ကိုကို့ကို မနာလိုတော့ဘူး"
""ကိုကိုက ချောပေမယ့် ငယ်လေးလိုတော့ ချစ်စရာ မကောင်းဘူးလေ "
"ဘယ်သူပြောလဲ ကိုကိုက ဒီလောက် ချစ်ဖို့ကောင်းတာကို "
"ကိုကို့ကို လာမြူစွယ်နေတာလဲ မင်္ဂလာပွဲက မလုပ်လည်းရတယ်နော် သူ့ကို ကြင်ယာတော် မြှောက်လိုက်ရုံနဲ့ ရတယ် ငယ်လေးကိုတော့ ဒီနေရာမှာ စားတော့မယ် "
"ငယ်.... ငယ်ဘယ်မှာ မြူစွယ်လို့လဲ"
"ခများလေးရဲ့ ဟောဒီ စူထွက်နေတဲ့ နှုတ်ခမ်းလေးတွေက သူတို့ကို လာနမ်းလှည့်ပါလို့ မြူစွယ်နေတယ်လေ ဘယ်လိုလဲ မင်္ဂလာပွဲဖျက်ပြီး ငယ့်ကိုပဲ စားတော့မယ်လေ"
"ဟာ... ကိုကို.. ဘယ်လိုဖြစ်နေတာလဲ ပွဲက စတော့မယ် လာခဲ့ သွားမယ်"
"ဘာဖြစ်လဲ အဲ့မင်္ဂလာပွဲ ကိုမလာမချင်း စောင့်ပါစေ"
"ကဲပါ ကိုကိုရယ် လာပါ .... "
ကိုကို့ပုံစံက မိဘနဲ့ ခွဲပြီး ကျောင်းတော် သွားရမယ့် ကလေးတစ်ယောက်လို မသွားချင်ဘူး အတင်ငြင်းနေတဲ့ ကိုကို့ကို နန်းရင်ပြင်စီ အတင်းဆွဲခေါ်လာရသည် အချိန်တန်လို့မှ သတို့သား ရောက်မလာခဲ့ရင် တစ်ဖက် တိုင်းပြည်က မင်းသမီးကို စော်ကားရာ ရောက်ပြီး စစ်ဖြစ်သွားနိုင်သည်
နန်းရင်ပြင်ရောက်တော့ မိမိက ဧကရီနေရာမှာ သွားထိုင်ကာ ဧကရာဇ်က သတို့သား နေရာသွားကာ သတို့သမီးအလာကို စောင့်စားနေသည် ဘာလို့ပါလိမ့် ကိုကိုနဲ့ ချန်ချင်းရီနဲ့က လိုက်ဖက်တယ်လို့ ခံစားနေရတယ်
မင်္ဂလာပွဲ ပြီးတော့လည်း ညဘက်ကျ ညစာစားပွဲနဲ့ ဧည့်ခံရသေးသည် ဟိုဘက်က မင်းသမီးရဲ့ အစ်ကိုတော်ပါ ပါလာတယ်လေ လူက တစ်နေကုန် ပင်ပန်းထားလို့ ငြီးစိစိ ဖြစ်နေပေမယ့် ညစာစားပွဲမှာ ထိုင်နေရသည်
"ငယ်လေး ပင်ပန်းရင် အတောင် ပြန်နှင့်လိုက်လေ ကိုကို ပြီးရင် လာခဲ့မယ်"
"ဟင့်အင်း ရတယ်ကိုကို ငယ် ဒီအတိုင်းပဲ ထိုင်နေမယ်"
ပင်ပန်း နေတဲ့ ငယ့်ကို တစ်ကယ် မကြည့်ရက် ကိုယ့်ပွဲလဲ မဟုတ်ပါဘဲ သူ့မှာ အပင်ပန်း ခံနေရတယ်
"ချန် မင်းသား မင်္ဂလာပွဲက တစ်အားကြီး မခမ်းနားခဲ့တဲ့ အတွက် ကိုယ်တော်ကပဲ တောင်းပန်ပါတယ် ဒီလထဲ မိုးခေါင်နေတော့ ပြည်သူတွေ အတွက် ပြန်ကြည့် ပေးနေရတယ်လေ"
"အာ.... ရပါတယ် မင်းကြီး ကျွန်တော်တို့က အရှင်တို့နဲ့ မဟာမိတ် ဖွဲ့နိုင်တာတင်ပဲ ကျေနပ်ပါတယ် ဒါနဲ့ ကျွန်တော် ကြားဖူးတာ ဧကရီက မိုးခေါ်နိုင်တယ်ဆို အခုရော ဘာလို့ ဧကရီကို မိုးမခေါ်ခိုင်းတာလဲ အဲ့တာဆို ဒီဒုက္ခကနေ လွတ်နိုင်တယ်လေ "
"ဟက် ဧကရီက တိုင်းပြည် မိခင်ပါ နတ်နန်းက နတ်ဆရာမ မဟုတ်ပါဘူး ဧကရီက တိုင်းပြည်ရဲ့ ရတနာ တစ်ခုပါ အဲ့လိုလူကို မိုးခေါ်ခိုင်းရမှာလား ပြီးတော့ ပြည်သူတွေကလည်း သူတို့ ဧကရီကို အဲ့လို ပင်ပန်းမှာတွေ မလုပ်စေချင်ဘူးလေ"
လန်ကျန့် အဲ့လိုပြောလိုက်တော့ တစ်ဖက်က မင်းသား ပါးစပ်ပိတ်သွားသည် တစ်ကယ်တမ်းက သူလိမ်လိုက်တာပါ ဘယ်မိုးမှ မခေါင်သလို ပြည်သူတွေကလည်း ပြန်ကြည့်စရာ မလိုလောက်အောင်ကို ကြွယ်ဝကြပါသည် တစ်ကယ်တော့ ကိုယ့်အပြစ် မဖြစ်ရအောင် တမင်ပြောလိုက်ခြင်းပါ ဘေးက ကလေးငယ်ကို ကြည့်လိုက်တော့ ငယ်လေးက အိပ်ပျော်နေပြီ ငယ်လေးရဲ့ ခေါင်းကို ပုခုံးပေါ် အသာမီစေရင်း မုကုန်းကုန်းကို စောင်တစ်ထည် ယူစေကာ ခြုံပေးထားလိုက်သည် တစ်ဖက်နိုင်ငံက လူအားလုံး မိမိကို ကြည့်နေပေမယ့် အရေးမစိုက်နိုင် မိမိအတွက် ဒီကလေးလေးကသာ အရေးကြီးသည် စားသောက်ပွဲ ပြီးတော့ ငယ်လေးကို ဇာမဏီစောင် သယ်သွားကာ အိပ်ရာပေါ် အသာတင်ပေးရင်း အိပ်တဲ့အချိန် ကွေးသွားတတ်တဲ့ ငယ်လေး ခြေထောက်တွေ ဘေးကနေ စောင်နှစ်ခုကို လုံးပြီး ကာပေးခဲ့ကာ စောင်ခြုံ ပေးခဲ့ပြီး နှဖူးလေးကို တစ်ချက်နမ်းကာ ရန်ချင်းရီစီ ထွက်လာခဲ့လိုက်သည်
"အရှင်.... ရောက်လာပါပြီလား ကျွန်တော်မျိုးမ သေရည်ဝိုင်း ပြင်ထားပါတယ်"
"မလိုဘူး... "
လန်ကျန့် ပြောလည်းပြောကာ ခေါင်းစောင်း ပုဝါကို လှပ်လိုက်ပြီး အသင့်ပါလာတဲ့ ဓားမြှောင်နဲ့ လက်ကောက်ဝတ်ကို လှီးကာ သွေးများကို အိပ်ယာခင်း အဖြူပေါ် ကျစေလိုက်ပြီး ပြန်ထွက်လာခဲ့လိုက်သည်
ဲကြင်ယာတော် အဆောင်ကနေ စောစောထွက်လာတဲ့ ဧကရာဇ်ကြောင့် အထိန်းတော်တွေ အားလုံး အခြေအနေကို နားလည်လိုက်သည် အကုန်လုံးက အရှင် တစ်ကယ်ပဲ အိပ်ဆောင် ဝင်တော့မည်လား စိတ်ပူနေကြပေမယ့် အရှင်က ဒီလို အစောကြီး ပြန်ထွက်လာတော့ သူတို့ ပျော်သွားကြသည်
*သိပါတယ် အရှင်က ဧကရီကို သစ္စာဖောက်မှာ မဟုတ်ဘူးဆိုတာ*
ဇာမဏီဆောင် ပြန်ရောက်တော့ ကလေးငယ်က မိမိပြင်ပေးတဲ့အတိုင်း ပုံစံမပြောင်းဘဲ အိပ်ပျော်နေသည် ကုတင်ပေါ် အသာတက်ကာ ကလေးငယ် ဘေးနားက တစ်စောင်း ဝင်လှဲလိုက်ပြီး ကလေးငယ်ရဲ့ မျက်နှာ နုနုလေးကို အပေါ်ကနေ မိုးကြည့်နေမိသည် ဖြူဥနေတဲ့ အသားအရေ ချယ်ရီရောင် နှုတ်ခမ်းပါးလေးနဲ့ ဖောင်းအိနေတဲ့ ပါးဖောင်းလေး နှစ်ဖက် တစ်စိတ် အိတ်နေတာတောင် ချစ်ဖို့ ကောင်းလွန်းနေတဲ့ ဒီကလေးလေးကို ဘယ်လိုလုပ်ရမလဲ
မြတ်နိုးစွာနဲ့ပဲ ပါးအိအိလေး နှစ်ဖက်ကို နစ်ဝင်သွားအောင် နမ်းမိတော့ အအိပ်စက်တဲ့ ကလေးငယ်က မျက်လုံးလေး ပွင့်လာသည်
"ဟင်.... ကိုကို  "
"ငယ်လေး ကို့ကြောင့် နိုးသွားတာလား ပြန်အိပ်နော် ကျွတ်ကျွတ်"
"ကိုကိုက ဘယ်လိုလုပ်ပြီး ... "
"ကိုကိုက ငယ်လေးကို ထားခဲ့ပြီး တစ်ခြားသူနဲ့ ဘာကိစ္စ အိပ်ဆောင် ဝင်ရမှာလဲ"
"ဖြစ်... ဖြစ်ပါ့မလား တော်ကြာ သူက... "
"ရှူး... မပြောနဲ့တော့ ငယ်လေး သူတို့စိတ်တိုင်းကျ လက်ဆက်ပြီး ကြင်ယာတော် ရာထူး ပေးပြီးရင် တော်ရောပေါ့ ကိုက ဘာထပ်ပေးရဦးမှာလဲ"
"အင်းပါ.. ငယ် ဘာမှ မပြောပါဘူး "
"ဒါနဲ့ ကိုကိုနဲ့ နေ့လည်က ကိစ္စလေး ပြန်ဆက်ကြမလား"
"အမ် ဘာကိစ္စလဲ ငယ်မသိဘူးနော်"
"တစ်ကယ် မသိဘူးလား"
"အင်း..... "
"မသိတဲ့ ကလေးလေးကို သိအောင် ပြန်လုပ်ပေးရမှာပေါ့ လာခဲ့ အဆိုးလေး"
"အား.... ကိုကို.. အွန်း"
မကြာခင် အချိန် အတွင်းမှာပဲ လန်ကျန့်ပြောတဲ့ နေ့လည်က ကိစ္စဆိုတာကို ဝေ့ရင်း ကောင်းကောင်းကြီး နားလည် သွားရှာသည် ထိုနေ့ညက ယုန်လေးမှာ ကျားကြီး စားတာကို ခံလိုက်ရ ရှာသည်
နိုးလာတဲ့ အချိန် ကြည့်လိုက်တော့ ရင်ခွင်ထဲက ကောင်လေးက အိပ်ပျော်နေဆဲ အသာထလာကာ ရေချိုးပြီး စားဖိုဆောင်ဘက် ထွက်လာပြီး ကလေးငယ်အတွက် ကြက်စွပ်ပြုတ်လေး လုပ်ကာ ပြန်လာခဲ့သည် ဒီနေ့တစ်ရက်တော့ ညီလာခံ မလုပ်တော့ တစ်ရက်လုံး ငယ့်အတွက်ပဲ အချိန် ပေးတော့မည် အိပ်ပျော်နေတဲ့ ကလေးငယ်ကို ပွေ့ချီပြီး ရေချိုးဆောင်ထဲ ဝင်ကာ ရေချိုးပေးလိုက်ပြီး ဝတ်ရုံတွေလည်း လဲပေးလိုက်သည်
"ငယ်လေး.... ငယ်လေး... "
"အင်း....... "
"ငယ်လေး ထတော့နော် ကိုကို ကြက်စွပ်ပြုတ် လုပ်လာတယ် စားရအောင် ထနော်"
"ကိုကို.. ညီလာခံ မသွားဘူးလား"
"အင်း.. ဒီနေ့ ဘာညီလာခံမှ မရှိဘူး တစ်နေ့လုံး ငယ်လေး ဘေးမှာပဲ နေမှာ အခုတော့ထနော် စွပ်ပြုတ်လေး သောက်လိုက်ရအောင်"
"မထနိုင်ဘူး ကိုကို ချီ"
"လာ ကိုကို ချီမယ်နော်.. "
ငယ်လေးကို ကိုယ်ပေါ်တင်ကာ ကြက်စွပ်ပြုတ်ကို ခွံ့ကျွေးနော့ ငယ်လေးက ကုန်အောင်သောက်သည် မျက်နှာလေးကလည်း ပြုံးရွှင်နေသည် မိမိအတွက် အရာရာ အနစ်နာခံပေးခဲ့တဲ့ ငယ်လေးကို ထပ်ပြီး မနာကျင်စေရတော့(စောင့်ကြည့်နေမယ် 🙄)
စားပြီးတော့ ငယ်လေးက အိပ်ချင်သေးတယ် ဆိုလို့ ချော့သိပ်ကာ သူအိပ်ပျော် သွားမှပဲ အဆောင်ကို ပြန်လာခဲ့ လိုက်သည်

နှလုံးသားပဲ့ကိုင်ရှင် (Completed)Tempat cerita menjadi hidup. Temukan sekarang