နှလုံးသားပဲ့ကိုင်ရှင်(20)

5.5K 392 30
                                    

ရင်ခွင်ထဲက ကောင်လေး လှုပ်လာတာကြောင့် သူပါ နိုးလာခဲ့သည် မျက်လုံးတွေ ပွင့်မလာပဲ ရင်ခွင်ထဲကို ပိုတိုးဝင်လာတဲ့ ချစ်ရသူရဲ့ ကျောပြင်ကို အသာပွတ်ပေးရင်း ချော့သိပ်မိသည် ပြန်ညိမ်သွားတဲ့ ချစ်ရသူလေးကို ရင်ခွင်ထဲက အသာထုတ်ရင်း ကုတင်ပေါ် အသာပြန်တင်ကာ
"ကိုကို ငယ်နေ့လည်စာ စားဖို့ သွားလုပ်လိုက်ဦးမယ်နော် ပြန်လာမှ နှိုးမယ် အိပ်နေနော်"
အိပ်ပျော်နေတဲ့ ကလေးငယ်ရဲ့  နားနားလေးကပ်ကာ တိုးတိုးလေးပြောရင်း စားဖိုဆောင်ဘက် ထွက်လာခဲ့သည်
"အိမ်ရှေ့စံ...... "
"မင်းတို့အားလုံး ထွက်သွားကြ နေ့လည်စာကို ငါကိုယ်တိုငါ လုပ်မယ်"
"ဟုတ်ကဲ့ မင်းသား..... "
ဒီလိုနဲ့ နေ့လည်စာကို သူကိုယ်တိုင် ပြင်ဆင်ပေးတယ် ဝက်သားကို နူးအိနေအောင် နှပ်ထားပြီး အချဉ်အစပ် ကြိုက်တတ်တဲ့ ကလေးငယ်အတွက် ကြက်သားကို ချဉ်စပ်လေးချက်ကာ အရွက်ကြော် တစ်ခွက်နဲ့ အသားစွပ်ပြုတ် တစ်ခွက်ကို ပြင်ဆင်လိုက်သည် အားလုံး ကျက်သွားတော့ ထမင်းဟင်းကို နှစ်ယောက်စာ ခူးကာ ပြင်ဆင်လိုက်ပြီး နန်းဆောင်ကို ပြန်လာခဲ့သည်
"ထမင်းပွဲ ပြင်ပြီးရင် မင်းတို့ ပြန်လိုက်တော့ ..... "
အစေခံတွေကို ထမင်းပွဲ ပြင်စေကာ သူက အတွင်းဆောင်ထဲ ဝင်ပြီး အိပ်ပျော်နေတဲ့ ကလေးငယ်ကို နှိုးရတော့သည်
ကလေးငယ်က သူထားခဲ့တဲ့အတိုင်း ဘေးတစောင်းလေး အိပ်ပျော်နေ ရှာသည် ကွေးနေတဲ့ ကလေးက်ုယ်လုံးလေးကို မြင်တော့ အလိုမကျစွာ မျက်မှောင်ကြုံ့မိသည် ကလေးကို အေးအေးသက်သာ ခြေဆန့်၍သာ အိပ်စေချင်သည် ကလေး ခြေထောက် လေးတွေကို အသာ ဆန့်တန်းကာ
"ငယ်လေး ထတော့နော်"
"ဟင်.... ကိုကို ငယ်လေး အိပ်ချင်သေးတယ် ခဏလေးနော်"
"ငယ်လေး အိပ်ချင်ရင် နေ့လည်စာ စားပြီးတော့ အိပ်နော် ကိုလေ ငယ်လေးဖို့ ကို ကိုယာတိုင် ချက်ထားတာ အဆာမလွန်ခင် ထစားလိုက်နော်"
"ကိုကိုကလည်း. အိပ်ချင်သေးလို့ပါဆို"
"အင်း စားပြီး ပြန်အိပ်လေ ကလေးရဲ့ အခုတော့ အဆာမလွန်ခင် နေ့လည်စာ စားရအောင်နော် ကိုကိုလည်း ဗိုက်ဆာနေပြီ ကလေး မစားမချင်း ကိုကိုလည်း မစားဘူးနော်"
"ဟာ.... ကိုကိုကလည်း ဗိုက်ဆာနေတာ စားနှင့်တာမဟုတ်ဘဲနဲ့"
"က်ုကိုက ငယ်မပါဘဲ ဘယ်တုံးက စားဖူးလို့လဲကွာ ကဲလာ အပေါ်ဝတ် ပြန်ဝတ်လိုက်နော်"
အိပ်နေချိန်မို့ အတွင်းဝတ် မဖြူလေးသာ ဝတ်ထားတဲ့ ကလေးကို အပေါ်ဝတ် ပြန်ဝတ်ပေးကာ ထမင်းစားပွဲနား ပွေ့ခေါ်လာရသည်
မိမိ ရင်ခွင်ထဲတွင်သာ ထိုင်စေပြီး ခွင့်ကျွေးမယ် လုပ်တော့
"ကိုကို ငယ့်ဘာသာ စားမယ်လေ ကိုကိုဗိုက်ဆာနေတယ်ဆို ငယ့်ကို ခွံ့မကျွေးနဲ့တော့လေ"
"ဟင့်အင်း ငယ့်ကို ခွံ့နေရင်းနဲ့ ကိုယ်ပါစားမှာ အဲ့တာကြောင့် ဇွန်းနဲ့ တူ တစ်စုံပဲ ယူလာတာလေ"
"အင်းပါ ငယ်က ကိုကိုဗိုက်ဆာနေတယ် ဆိုလို့ပါ အဲ့လိုဆို ခွံ့ကျွေးလေ ငယ်က ကိုကိုခွံ့တာပဲ ထိုင်စားတော့မယ် အစ်ကိုတော်တို့ကို ခေါ်ပေးပါဦး ငယ် သူတို့ကို တွေ့ချင်လို့"
"အင်း ဟုတ်ပြိ ကိုကို ခေါ်ပေးမယ်....... ချန်းယောင်"
"ဟုတ်ကဲ့ပါ အရှင့်သား"
"နတ်နန်းသွားပြီး ဝမ်နင်တို့ကို သွားခေါ်ခဲ့"
"ဟုတ်ကဲ့ပါ့မင်းသား..... "
"ငယ်လေး စားလို့ကောင်းလား.. "
"အွန်း.... ကောင်းတယ် ကိုကို့လက်ရာက အကောင်းဆုံးပဲ စားလို့ရတုံး များများစားရမယ် နောက်ဆို ကိုကိုက ဒီလို ချက်ကျွေးချိန် ရချင်မှရမှာဆိုတော့"
"အခုလည်း များများစား နောက်လည်း ငယ်လေးစားချင်ရင် ကိုကိုက ချက်ကျွေးမှာပေါ့"
"ဟုတ်...... ဟီး... "
မိမိခွံ့ကျွေးသမျှကို တစ်ချက်မငြင်း ပါးဖောင်းဖောင်းလေးအပြည့် စားနေတဲ့ ကလေးကိုကြည့်ရင်း ပီတိတွေ တဖွားဖွား
"ကိုကိုက ဗိုက်ဆာနေတယ်ဆိုပြီး ဘာလို့မစားတာလဲ"
"ကိုကိုက စားပါတယ်ကွာ ငယ်လေးစားတာကြည့်ပြီး ဗိုက်ပြည့်သွားလို့ သိပ်မစားနိုင်တော့တာ"
"အတည်လား... အဲ့တာဆို ငယ်လေး အကုန်စားပစ်မှာနော်"
"အင်း ... အကုန်စားလည်းရတယ် က်ုကိုကခွံ့ကျွေးမှာပေါ့ ဒါနဲ့ ကိုကိုမသိခဲ့ဘူး ကိုကို့ငယ်လေးက အစားပုတ်လေးဆိုတာ"
"ဟုတ်တယ် မင်းသား သူကလေ အရင်တုံးကဆို တအားစားတာ တစ်နေ့တစ်နေ့ကို... အွန့်... အွန့်.... "
"ဆွေပြန့် မင်းတော်လိုက်တော့ အားနေ ငါ့ကိုလိုက်ပြီး အပစ်ပြောနေတာ ချန်ချင် သူ့ပါးစပ်ကို ပိတ်ထား လွှတ်မပေးနဲ့ အဲ့တာမှ ငါကောင်းကောင်း စားရမှာ"
"ငယ်ရယ် လွှတ်ပေးလိုက်ပါ သူ့ကို...... "
"ဟွန့်..... ကိုကိုပြောလို့လွှတ်ပေးလိုက်မယ်"
"မင်းသား ကိုယ်ရံတော် တို့ကို ခေါ်လာပါပြီ... "
"ဝင်ခိုင်းလိုက်...... "
"အိမ်ရှေ့စံ....... "
"ကောတို့...  ထိုင်ကြပါ......
"အိမ်ရှေ့စံ ကျွန်တော်တို့ကို ခေါ်တာ ဘာပြောစရာရှိလို့လဲ"
"ငယ်က တွေ့ချင်တယ်ဆိုလို့ပါ.... "
"ရွှမ်းယွီ နေရတာ အဆင်ပြေလား.... "
"ဟုတ်ကဲ့ သခင်လေး ကျွန်တော် အဆင်ပြေပါတယ်"
"ကိုကို ရွှမ်းယွီကို အဖွဲ့တစ်ခုထဲ ထည့်ပေးဦး.... "
"ဟုတ်ပြီ ရွှမ်းယွီ ဘယ်အဖွဲ့ထဲ နေချင်လည်း ...... ဝမ်နင်ရှိတဲ့ ကိုယ်ရံတော် တပ်ဖွဲ့ထဲ နေမလား"
"ဟုတ်တယ် ယွီအာ ကိုနဲ့လာနေလေ.... "
"ဒါပေမယ့် ကျွန်တော်က ဘာမှမတတ်ဘူးလေ ဖြစ်ပါ့မလား.... ကျွန်တော့် ကျင်ကြံခြင်းအဆင့်ကလည်း နိမ့်တယ်"
"အဲ့အတွက် မပူပါနဲ့ မင်းကို ဝမ်နင် သင်ပေးလိမ့်မယ် အလုလောလောဆယ် ငါ့အနားမှာပဲနေပေါ့ သင်စရာရှိတာ အကုန်သင်ပေးပြီးမှ ကိုယ်ရံတော် တပ်ဖွဲ့ထဲ သွားလေ"
"ဟုတ်ကဲ့........ မင်းသား.. "
"အစ်ကိုတော်.... ဘယ်ဟာကို နှိုက်စားနေတာလဲ သူများဟင်းတွေကို"
ဒါကတော့ လန်ကျန့် ရင်ခွင်ထဲက ဝေ့ရင်းရဲ့ အော်သံ ကျန်းချန်ကို သူ့ဟင်းတွေ နှိုက်စားလို့ဆိုပြီး အော်နေတာပါ
"မင်းကလည်း... ငါလည်း မင်းစားနေတာ မြင်လို့ စားချင်လို့ကို"
"မရပါဘူး.... အစ်ကိုတော် စားပြီးပြီမဟုတ်ဘူးလား ဒါက ကျွန်တော့ကို ကိုကိုကိုယ်တိုင် ချက်ကျွေးထားတာ ဘယ်သူ့မှ မကျွေးနိုင်ဘူး"
"ဟွန့် သူများချစ်သူတွေများ ကောင်းတာ အိမ်ရှေ့စံ ဖြစ်နေတာတောင် ကိုယ့်ချစ်သူကို ဟင်းချက်ကျွေးသေးတယ် ငါ့မှာတော့"
"ထောက်ခံတယ် အစ်ကိုကျန်းချန် ကျွန်တော်လည်း ဘာမှမထူးဘူး ကိုယ်ကတောင် ပြန်ချက်ကျွေးရသေးတယ်"
"ငါတို့ကိုက ကံဆိုးတာပါ ရွှမ်းယွီရာ"
"ဟုတ်တယ် အစ်ကိုကျန်း.... "
"အဲ့တာတော့ မင်းတို့ပြဿနာ မင်းတို့ဘာသာ ရှင်းကြ"
"သခင်လေးက ပြောအားရှိတာပေါ့...... အကုန်လုံး လိုက်ပြီး ဂရုစိုက် ပေးတဲ့လူ ရှိတာကိုး. "
"ဟာ.... ကလေးကလည်းကွာ ကိုက ဘာဂရုမစိုက်လို့လဲ အကုန်လုံး ဂရုစိုက်ပေးနေတာပဲ"
"လူကြီး ကျွန်တော့်ကို ဘယ်နှခါ ဟင်းချက်ကျွေးဘူးလို့လဲ"
"ကဲပါ ကိုအားရင် ချက်ကျွေးပါ့မယ် ဟုတ်ပြီလား"
"ကောင်းပြီလေ..... "
"လန်ရှီးချန်.... ခများကရော.. "
"အားချန် စားချင်ရင် ကိုချက်ကျွေးပါ့မယ်"
"ပြီးရော.... အဲ့တာဆိုလည်း.. "

နှလုံးသားပဲ့ကိုင်ရှင် (Completed)Opowieści tętniące życiem. Odkryj je teraz