Zawgyi Version
ေႏြဦးေနေရာင္သည္ ျပတင္းတံခါးမ်ားမွတဆင့္ စာသင္ခန္းထဲသို႔ ျဖာက်ေနသည္။ အႏုပညာ သမိုင္း ပါေမာကၡ Kim Jun Myeon ၏ စာသင္ခ်ိန္ သည္ မၾကာမီၿပီးဆုံးေတာ့မည္။
"ဒီေန႔ေတာ့ ဒီေလာက္ပဲ။ ဘာေမးစရာ ရွိေသးလဲ"
Jun Myeon သည္ ေမး႐ိုးေမးစဥ္အတိုင္း ေမးလိုက္ၿပီးေနာက္ စိတ္ထဲမွေန၍ တစ္၊ ႏွစ္၊ သုံး ဟု ေရတြက္လိုက္မိသည္။ သုံး ဟု ေရတြက္ၿပီးသည္ႏွင့္ အတန္း၏ ေနာက္ဆုံးတန္းမွ လက္တစ္ဖက္ ေျမာက္တက္လာသည္။
Jun Myeon သည္ ထိုအျဖစ္ကို ေစာင့္ဆိုင္းေနသူျဖစ္၍ ေက်နပ္သြားသေယာင္ရွိေသာ္လည္း မသိသာေစရန္ ဖုံးကြယ္လိုက္ၿပီး လက္ပိုင္ရွင္ကို ေမးခြန္းေမးခြင့္ျပဳလိုက္သည္။ ေၾကာင္ေတာင္ေတာင္ႏိုင္ေသာ ေမးခြန္းမ်ိဳး၊ ကိုယ္ေရးကိုယ္တာေမးခြန္းမ်ိဳး လာဦးမည္ဟု သိေနေသာ္ လည္း Jun Myeon သည္ ထိုေမးခြန္းမ်ားကို ေျဖဖို႔ အလိုလို အသင့္ျဖစ္ေနၿပီ။
အဘယ့္ေၾကာင့္ဆိုေသာ္ လြန္ခဲ့ေသာ ၁ လတာလုံးတြင္ ထိုေနာက္ဆုံးတန္းမွ ေက်ာင္းသားသည္ အတန္းခ်ိန္ၿပီးတိုင္းေမးခြန္းတစ္ခုစီ မပ်က္မကြက္ ေမးေလ့ရွိေသာေၾကာင့္ ျဖစ္သည္။
ေက်ာင္းသားက ဆရာကို စာေမးျခင္းမွာမည္သို႔မွ် မဆန္းၾကယ္ေသာ္လည္း ထိုေက်ာင္းသားႏွင့္ သူ႔ၾကားတြင္ေတာ့ ယခု
ေမးခြန္းေမးခ်ိန္တစ္ခုထဲသာ ဆက္ႏႊယ္မႈရွိေသာေၾကာင့္ အထူးအဆန္းလိုျဖစ္ေနသည္။ တစ္ခ်ိန္လုံး ႏႈတ္ဆိတ္ေနၿပီးေနာက္ဆုံးမွ ေမးခြန္းေမးရန္ လက္ေထာင္ေလ့ရွိေသာ ထိုေက်ာင္းသားကိုပထမဆုံးေန႔ကထဲက Jun Myeon မွတ္မိေနခဲ့၏။"ေမးပါ Oh Sehun ssi"
____________________________________________________________
Unicode Version
နွေဦးနေရောင်သည် ပြတင်းတံခါးများမှ
တဆင့် စာသင်ခန်းထဲသို့ ဖြာကျနေသည်။ အနုပညာ သမိုင်း ပါမောက္ခ Kim Jun Myeon ၏ စာသင်ချိန် သည် မကြာမီပြီးဆုံးတော့မည်။"ဒီနေ့တော့ ဒီလောက်ပဲ။ ဘာမေးစရာ ရှိ
သေးလဲ"Jun Myeon သည် မေးရိုးမေးစဉ်အတိုင်း မေးလိုက်ပြီးနောက် စိတ်ထဲမှနေ၍ တစ်၊ နှစ်၊ သုံး ဟု ရေတွက်လိုက်မိသည်။ သုံး ဟု ရေတွက်ပြီးသည်နှင့် အတန်း၏ နောက်ဆုံးတန်းမှ လက်တစ်ဖက် မြောက်တက်လာသည်။
Jun Myeon သည် ထိုအဖြစ်ကို စောင့်
ဆိုင်းနေသူဖြစ်၍ ကျေနပ်သွားသယောင်
ရှိသော်လည်း မသိသာစေရန် ဖုံးကွယ်လိုက်ပြီး လက်ပိုင်ရှင်ကို မေးခွန်းမေးခွင့်
ပြုလိုက်သည်။ ကြောင်တောင်တောင်နိုင်
သော မေးခွန်းမျိုး၊ ကိုယ်ရေးကိုယ်တာ
မေးခွန်းမျိုး လာဦးမည်ဟု သိနေသော် လည်း Jun Myeon သည် ထိုမေးခွန်းများကို ဖြေဖို့ အလိုလို အသင့်ဖြစ်နေပြီ။အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော ၁ လတာလုံးတွင် ထိုနောက်ဆုံးတန်းမှ
ကျောင်းသားသည် အတန်းချိန်ပြီးတိုင်း
မေးခွန်းတစ်ခုစီ မပျက်မကွက် မေးလေ့ရှိသောကြောင့် ဖြစ်သည်။ကျောင်းသားက ဆရာကို စာမေးခြင်းမှာ
မည်သို့မျှ မဆန်းကြယ်သော်လည်း ထို
ကျောင်းသားနှင့် သူ့ကြားတွင်တော့ ယခု
မေးခွန်းမေးချိန်တစ်ခုထဲသာ ဆက်နွှယ်
မှုရှိသောကြောင့် အထူးအဆန်းလိုဖြစ်နေသည်။ တစ်ချိန်လုံး နှုတ်ဆိတ်နေပြီး
နောက်ဆုံးမှ မေးခွန်းမေးရန် လက်ထောင်လေ့ရှိသော ထိုကျောင်းသားကို
ပထမဆုံးနေ့ကထဲက Jun Myeon မှတ်မိနေခဲ့၏။"မေးပါ Oh Sehun ssi"
______________________________
YOU ARE READING
Certain Happiness From You [Suho x Sehun]
FanfictionArt History Professor Kim Jun Myeon and Young CEO Oh Sehun trying to find out together what the real happiness is. Pairing - Suho x Sehun