ည ၁၀ နာရီခန့် ဆိုးလ်မြို့ရဲ့လမ်းမတစ်နေရာက ကော်ဖီဆိုင်တစ်ခုမှာ ဆိုင်သိမ်းဖို့ပြင်နေတဲ့ Lee Jae-min .....
ရုတ်တရတ် တံခါးခေါင်းလောင်းမြည်သံကြားတော့
" ကျွန်တော်တို့ဆိုင်က ပိတ်သွားပါပြီ "
စကားပြောပြီး ဝင်လာတဲ့လူတစ်စု ။ ထိုလူတွေထဲက မြင်လိုက်ရတဲ့လူတစ်ယောက်ကြောင့် ကျွန်တော့်စိတ်ထဲမှာတုန်လှုပ်သွားတယ် ။
" သူဌေးကလည်း သူ့ကို ကိတ်မုန့်နဲ့ မွေးနေ့လုပ်ပေးလိုက်ပေါ့ ။ ရိုးရှင်းတယ်ဆိုပေမဲ့ ရင်ထဲထိသွားမှာ ..... မိန်းကလေးတွေက ဒါမျိုးတွေကြိုက်တယ် ဆရာရဲ့ "
"ဟုတ်လား ? ဒါဆိုလည်း ကိတ်မုန့်လှလှလေးတစ်လုံးလောက်ဝယ်သွားဦးမှပဲ "
သူက
" မွေးနေ့ကိတ်တစ်လုံးနဲ့ အမေရိကာနိုတစ်ခွက်လောက်ရနိုင်မလား"
"အားနာပေမဲ့ ကျွန်တော်တို့ဆိုင်ကပိတ်သွားပါပြီ "
အဲ့ဒီအချိန်မှာ သူ့နောက်ကပါလာတဲ့ လူက
" မင်း ဧည့်သည်ကို ဘယ်လိုဆက်ဆံလိုက်တာလဲ .... သူ ဘယ်သူလဲဆိုတာမင်းမသိဘူးလား ? ဆိုင်ရှင်ကို ခေါ်လိုက်စမ်း ! မင်းက တော်တော်ရိုင်းတာပဲ ။ နောက်နေ့ ဒီနေရာမှာ ဆိုင်ဆက်မဖွင့်ချင်တော့ဘူး ထင်တယ် "
"ဆိုင်ရှင်က ကျွန်တော်ပါ ။ ကျွန်တော်က ဆိုင်ပိတ်သွားပြီဖြစ်တဲ့ အကြောင်းပြောပြရုံပါ ။ ရိုင်းတယ်ထင်သွားတယ်ထင်ရင်လည်း တောင်းပန်ပါတယ် "
"မင်း တော်တော်လူပါးဝနေ...."
"နေဦး Jack .... ငါ ပြောမယ် "
ိုသူက နူးညံ့စွာပြုံးရင်း
" ဒီလိုလုပ်ကြရင်ရော ။ ငါမှာတာတွေကို အခုလုပ်ပေးရင် တန်ဖိုးရဲ့ ၂ ဆပေးမယ်လေ ။ အရေးကြီးနေလို့ လုပ်ပေးလို့မရဘူးလား "
သူ့ကို အခု ဒီဆိုင်ထဲကနေ အမြန်ဆုံးထွက်သွားစေချင်ရင်တော့ သူမှာထားတာတွေကို အမြန်ဆုံးလုပ်ပေးရမှာပေါ့ ။ ဘယ်တတ်နိုင်မလဲ .....
" ကောင်းပြီလေ ။ ကိတ်က အသစ်ဖုတ်ဖို့ဆိုရင် အချိန်ကြာမှာဆိုတော့ အရေးကြီးတယ်ဆို ဒီထဲကပဲ ရွေးသွားလိုက်ပါ "
YOU ARE READING
Kim William
Fanfictionငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင်လုပ်ခဲ့ပေမဲ့လည်း..... ငါ့ကို ပြန်ပြီးပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့..... ငါ့ကို ချစ်ပေးတဲ့..... Kim William ဆိုတဲ့ မင်းကို ချစ်တယ် .... ငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင...