ဒီရက်ပိုင်း William နဲ့လည်း အဆင်ပြေပြေပါပဲ .... ဒါပေမဲ့ ကျွန်တော့်စိတ်တွေလေးနေတယ် ။ မကောင်းတာ တစ်ခုခုဖြစ်မှာများလား ???? အတွေးလွန်နေတာပဲ နေမှာပါလေ ....
" Lee Jae-min.... ကျွန်တော်နဲ့ စကား ခဏလောက်ပြောလို့ရမလား ? "
" Jack ပါလား ... ဘာကိစ္စများလဲ ? အရင်ဆုံးထိုင်ပါဦး "
" Lee Jae-min နဲ့ စာရင်းရှင်းစရာကိစ္စရှိလို့ပါ "
" ကျွန်တော်နဲ့ ......? "
သူက စာအိတ်တစ်အိတ်ကို လှမ်းပေးတယ် ။
" ဖွင့်ကြည့်လိုက်ပါ "
ဖွင့်ကြည့်တော့ သူနဲ့ Yeong-soo ကို DNA စစ်ထားတဲ့ စာရွက်ဖြစ်နေတယ် ။
" ဒါက ဘာဖြစ်နေလို့လဲ ? Yeong-soo က ကျွန်တော့်သားဆိုတာ သိပြီးသားပဲလေ "
" စာရွက်က နောက်တစ်ရွက်ရှိပါသေးတယ် ။ ကြည့်ကြည့်လိုက်ပါ "
စာရွက်နောက်တစ်ရွက်မှာရေးထားတဲ့ ' William နဲ့ Yeong-soo ဟာ သားအဖဖြစ်ပါသည် ´ ဆိုတဲ့ DNA ရလဒ်ဟာ ကျွန်တော့်ကို တုန်လှုပ်ခြောက်ခြားသွားစေတယ် ။
" ဒါ....ဒါက "
" မင်း ဘာလို့ ဒါတွေကို ဖုံးကွယ်ထားခဲ့တာလဲ !!! "
" ဘာတွေပြောနေတာလဲ !!! "
" Yeong-soo က သူဌေးရဲ့ သားဆိုတာ ၊ မင်းက လွန်ခဲ့တဲ့ ၄ နှစ်က သူဌေးကို ဒဏ်ရာရအောင်လုပ်ခဲ့တဲ့ Omega ဆိုတာ ၊ မင်းပြောတဲ့ မင်းအစ်ကိုဆိုတဲ့ လူကလည်း ကြံရာပါဆိုတာ "
" အစ်ကိုနဲ့ ဘာမှမဆိုင်ဘူး ။ အစ်ကို့ကို ဆွဲမထည့်နဲ့ !! "
အစ်ကို ကျွန်တော့်ကို ကူညီခဲ့တာမှန်ပေမဲ့ ပြဿနာကြုံလာရင်လည်း ကျွန်တော်တစ်ယောက်ပဲ ရင်ဆိုင်မယ် ။ အစ်ကို့ကိုတော့ ပြဿနာထဲ ဆွဲမသွင်းချင်ပါ .....
" မင်းက တော်တော်ဟန်ဆောင်ကောင်းတဲ့လူပဲ ။ သူဌေးကို ဖုံးကွယ်ပြီးတော့ သူ့နားမှာ နေနေတယ် ။ သူ ဒီကိစ္စကိုသိသွားရင် မင်းဘာတွေရင်ဆိုင်ရမယ်ဆိုတာကို မသိတာလား ??? "
" ကျွန်တော်သိတယ် ။ ဒါပေမဲ့ ....."
ကျွန်တော် မိုက်ရူးရဲဆန်စွာ လက်ခံမိခဲ့တယ် ။ William ဆိုတဲ့ လူအနားမှာ ရှိနေရင် ဒီကိစ္စက တစ်နည်းမဟုတ် တစ်နည်းပေါ်မယ်ဆိုတာ သိသိကြီးနဲ့ ကျွန်တော် သူ့အနားမှာရှိနေခဲ့တယ် ... အရူးတစ်ယောက်လိုပေါ့
YOU ARE READING
Kim William
Fanfictionငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင်လုပ်ခဲ့ပေမဲ့လည်း..... ငါ့ကို ပြန်ပြီးပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့..... ငါ့ကို ချစ်ပေးတဲ့..... Kim William ဆိုတဲ့ မင်းကို ချစ်တယ် .... ငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင...