ဒီနေ့ Yeong-soo လေးနဲ့ ကစားကွင်းသွားမှာဆိုတော့ အမေနဲ့ Yeong-soo လေးကို အိမ်ကနေ စောင့်နေမိတယ် ။
'တင်းတောင်´
Yeong-soo တို့ လာပြီထင်တယ် ။
တံခါးကို ဖွင့်လိုက်တော့....
" ဖေကြီး ...."
" Yeong-soo ..... ။ အမေ မတွေ့တာကြာပြီနော် ။ နေရတာ အဆင်ပြေတယ်မလား "
" ကောင်းပါတယ် ။ ထမင်းရော ကောင်းကောင်းစားရဲ့လား ? မင်းကြည့်ရတာ ပိန်သွားသလိုပဲ ..."
" ကျွန်တော် အဆင်ပြေပါတယ် ။ ဒါဆို ကျွန်တော်တို့သွားကြတာပေါ့ ..... Yeong-soo လေး ဒီနေ့လုပ်ချင်တာတွေ စားချင်တာတွေရှိရင် ဖေကြီးကိုပြောနော် ။ အကုန်လုပ်ပေးမယ် "
" Yay......"
ဒါပေမဲ့ အိမ်ထဲကနေအထွက် မြင်လိုက်ရတာက ..... William
" William ..... ဒီကို ဘာကိစ္စနဲ့ ...."
" Yeong-soo လေးကို ကစားကွင်းလိုက်ပို့ဖို့လေ "
" ဟင်....."
"ဘာမှ 'ဟင်´ မနေနဲ့ ။ ကားပေါ်တက်လေ သွားကြမယ် ။ ဒီက William ရဲ့အမေထင်တယ် .... သွားကြတာပေါ့ ၊ အမေ "
ကစားကွင်းကိုရောက်တော့
" ဖေကြီး ... တား ရဟတ်စီးချင်တယ် "
" ရဟတ်တော့မဖြစ်ဘူး .... အန္တရာယ်များလွန်းတယ် "
" ကလေးက စီးချင်တာကို ပေးစီးလိုက်ပါ "
" အန္တရာယ်များလွန်းလို့ပါ "
" ဒါဆို မင်းလည်း သူနဲ့လိုက်စီးလိုက်ပေါ့ "
" စီးချင်ပေမယ့်..... ကျွန်တော်က အမြင့်ကြောက်တတ်တယ် "
" ဟင်..... မင်းက အမြင့်ကြောက်တတ်တယ်လား ။ ဒါဆိုလည်း ငါပဲ လိုက်စီးပေးရမှာပေါ့ .... Yeong-soo... ဦးနဲ့တူတူရဟတ်စီးမယ်မလား "
" yay....."
William ကတော့ ကလေးကို ဂုတ်ပေါ်တင်ကာ ရဟတ်စီးမယ်ဆိုပြီး ထွက်သွားတယ် ။ ကြည့်လိုက်တော့ နှစ်ယောက်က သားအဖတွေကျနေတာပဲ .....
" သား.....သူက Yeong-soo ရဲ့ အဖေလား ? "
" မဟုတ်ပါဘူး !!! "
" သေချာလို့လား ? Yeong-soo နဲ့ ဒီလောက်တူတာကို "
" ကျွန်တော် အဲ့ကိစ္စနဲ့ ပက်သက်ပြီး ဘာမှမပြောချင်ဘူး ။ ကျွန်တော့်ကို မမေးပါနဲ့ "
YOU ARE READING
Kim William
Fanfictionငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင်လုပ်ခဲ့ပေမဲ့လည်း..... ငါ့ကို ပြန်ပြီးပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့..... ငါ့ကို ချစ်ပေးတဲ့..... Kim William ဆိုတဲ့ မင်းကို ချစ်တယ် .... ငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင...