အပိုင်း(၇)

24 2 0
                                    

" ငါ ကူညီပေးမယ် "

ကူညီပေးမယ်တဲ့လား ?

" ကျွန်တော့်ကို ဘာလို့ ကူညီတာလဲ ? "

" ဖြစ်သွားတဲ့ ကိစ္စတွေကြောင့် မင်းကို အားနာလို့ ပြီးတော့ ......မင်းကို စိတ်ဝင်စားလို့ "

" အဲ့လိုလား ..."

"တုန့်ပြန်တာကလည်း ဘယ်လိုကြီးလဲ ? ထားပါတော့ ...မင်းက မင်းအမေနဲ့ သားကို လုံခြုံတဲ့နေရာမှာရှိစေချင်တာမလား "

" ဟုတ်ပါတယ် "

" ငါသာဆိုရင် အပြည့်အဝကာကွယ်ပေးနိုင်တယ်လေ ။ မင်းအမေနဲ့ သားအတွက် အတော်ဆုံးအစောင့်အရှောက်တွေနဲ့ထားပေးမယ် "

" အစောင့်အရှောက်တွေက သေချာကာကွယ်ပေးနိုင်ပါ့မလား "

" ဘာ .... မင်း ငါ့ကို စော်ကားတာလား ??? ငါ့မှာရှိတဲ့ လူတွေက အကုန်လုံးအရည်အချင်းရှိတဲ့လူတွေချည်းပဲကွ ။ မင်းထွက်ပြေးနေရတဲ့လူက တကယ်ပဲ ဘယ်သူမို့လို့ ဒီလောက်တောင်စိတ်မချနိုင်ဖြစ်နေရတာလဲ .... "

" ခင်ဗျားအကြောင်းကိုလည်း သိပေမဲ့ အဲ့ဒီလူက ရင်ဆိုင်ဖို့လွယ်တဲ့လူမဟုတ်ဘူးဆိုတာ သိစေချင်လို့ပါ "

" စိတ်မပူပါနဲ့ ။ ငါ အကောင်းဆုံးအစောင့်အရှောက်တွေနဲ့ ထားမှာပါ "

" အကယ်လို့ ပြဿနာတစ်ခုခုဖြစ်လာရင် ထိပ်တိုက်ရင်ဆိုင်တာမျိုးမလုပ်ပဲနဲ့ ကျွန်တော့်ကို အရင်ဆုံးအသိပေးပါ "

" ကောင်းပြီလေ "

" ပြီးတော့ ဒီအပေးအယူသာ မအောင်မြင်ခဲ့ရင် ကျွန်တော်ဘယ်ကိုထွက်သွားသွား ကိစ္စမရှိဘူးမလား ? "

" အပေးအယူတဲ့လား ??? "

" ခင်ဗျားက တစ်ဖက်သားကို သက်သက်မဲ့ကူညီတတ်တဲ့လူမဟုတ်မှန်းသိလို့ အပေးအယူလုပ်တာပဲ ကောင်းမယ်လို့ထင်လို့ပါ "

" မင်းက ထင်ထားတာထက် စကားပြောကောင်းတာပဲ ။ အဲဒီတော့ ငါ မင်းဆီက ဘာလိုချင်လဲဆိုတာ သိလို့လား "

" အကြမ်းဖျင်းတော့ ခန့်မှန်းမိပါတယ် "

"ဆိုစမ်းပါဦး "

" အပေးအယူကို ဒါနဲ့လုပ်လိုက်ပါ "

ကျွန်တော် Yeong-soo လေးရဲ့ နားကိုလက်နဲ့ပိတ်လိုက်ပြီး

Kim WilliamWhere stories live. Discover now