အပိုင်း(၆)

24 1 0
                                    

" ဖေကြီး....."

" Yeong-soo .... "

ကလေးက သူ့အဖေဆီကို ပြေးသွားတယ် ။

"ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ။ Yeong-soo လေး တစ်ခုခုဖြစ်သွားပြီ ထင်နေခဲ့တာ "

ကလေးကို ချီထားရင်း William တို့ရှိတဲ့ဘက်ကို သူကြည့်လိုက်တယ် ။ မျက်လုံးထဲမှာတော့ ဒေါသထွက်နေတဲ့ အရိပ်အယောင်တွေနဲ့.....

ရုတ်တရတ် William က ...

" အဲ့ဒါကြောင့် ငါပြောတယ်မဟုတ်ဘူးလား  !!! အသုံးမဝင်တဲ့ အလုပ်တွေမလုပ်ပါနဲ့လို့ .... အကောင်းအတိုင်းရှိနေတဲ့ကလေးကို ဖမ်းခေါ်လာတော့ သူ့အဖေက စိတ်ပူပြီးလိုက်လာရတယ်မလား !!!! "

Jack နဲ့ သူ့တပည့်များကတော့ ' သူ့ကို ဖမ်းခေါ်လာခိုင်းတာ သူဌေးပဲလေ ´ ဆိုတဲ့ရုပ်တွေနဲ့ ....

" မင်းတို့တွေ အားလုံးထွက်သွားကြ "

Jack ကတော့ သူ့ သူဌေးကိုကြည့်ပြီး ပြုံးမိသည် ။

သူဌေးလို လူမျိုးက Lee Jae-min ဆိုတဲ့လူရဲ့ စိတ်ဆိုးတာမခံရအောင် ဒီလိုတွေတောင်လုပ်နေတယ်ဆိုတော့ တော်တော်ထူးဆန်းတဲ့ ဖြစ်ရပ်ပဲကိုး .....

အကုန်လုံးထွက်သွားပြီးတဲ့နောက် ဧည့်ခန်းထဲမှာ William , Lee Jae-min နဲ့ Yeong-soo သုံးယောက်သာကျန်ခဲ့တယ် ။ ဒီသုံးယောက်ထဲမှာ စကားအရင်ဆုံး စပြောတဲ့လူကတော့ William....

" ဟိုလေ .... Jae-min..."

"......."

"ဒီတစ်ခေါက်ကိစ္စကို ငါတောင်းပန်တယ် ။ ငါ့အပြစ်မှန်းလည်း သိပါတယ် ....."

"......."

"ပါးစပ်ပိတ်မနေဘဲ တစ်ခုခုပြောပါဦး..."

"ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်ပဲဖြစ်ဖြစ် ဒီတစ်ခေါက်ကိစ္စက ခင်ဗျားဘက်က လွန်တယ် ။ ခင်ဗျားက ဘယ်သူကြီးပဲဖြစ်ဖြစ် ဒီလိုလုပ်တာကတော့ မသင့်တော်ဘူး "

"အေးလေ....အဲ့ဒါကြောင့် ငါတောင်းပန်နေတာပေါ့ "

"ဒီလိုမျိုး နောက်တစ်ခါမဖြစ်ဖို့မျှော်လင့်ပါတယ် ။ ပြီးတော့ ဆိုင်ကိုလည်း ထပ်ပြီးမလာတော့ရင် ကောင်းပါလိမ့်မယ် ။ ဒါဆို ကျွန်တော်တို့ပြန်လိုက်ပါဦးမယ် "

Kim WilliamWhere stories live. Discover now