William ကတော့ အံ့သြလွန်းလို့ ဧည့်ခန်းထဲမှာထိုင်နေတာ ဘယ်လောက်ကြာသွားမှန်းမသိ Jack ရဲ့ ခေါ်သံကြားတော့မှ သတိပြန်ဝင်လာတယ် ။
" သူဌေး .... ဘာတွေဖြစ်နေတာလဲ ? Lee Jae-min ကလည်း ဘာမှမပြောဘဲထွက်သွားတယ် "
"Jack......သူက Omega တဲ့ ။ ငါ .... ငါ ဘယ်လိုလုပ်ရမလဲ"
"သူဌေးက ဘယ်လိုလုပ်ချင်လို့လဲ ? စာချုပ်ကို ဖျက်လိုက်မလား "
" ဟင့်အင်း.....မလုပ်နဲ့ဦး ! "
" ဒါပေမဲ့ သူဌေးက Omega တွေကို မုန်းတယ်မလား ။ စာချုပ်ကိုဖျက်တာက ကောင်းမယ်ထင်တယ် "
" ဒါပေမဲ့ .... သူ Omega မှန်းသိသွားတာတောင် ငါ သူ့ကို မစွန့်လွှတ်ချင်ဘူး .... ငါ သူ့ကို လိုချင်နေတုန်းပဲ , Jack "
" ဒါဆို သူဌေးက ဘယ်လိုလုပ်ချင်လို့လဲ ? သူဌေးလုပ်ချင်တဲ့အတိုင်းသာ ညွှန်ကြားလိုက်ပါ ။ ကျွန်တော်အားလုံးဆောင်ရွက်ပေးပါ့မယ်"
William ခဏ စဉ်းစားပြီးတဲ့နောက်
" Jack....ရှေ့နေကို ခေါ်လိုက် "
....................
တစ်ပါတ် ..... William ကျွန်တော့်ဆီမလာတာရော အဆက်အသွယ်မလုပ်တာရော တစ်ပါတ်ရှိသွားပြီ ။ ကျွန်တော်ပြောလိုက်တဲ့ ကိစ္စကြောင့်ထင်တယ် ။ သူမလာတော့ တစ်ခုခု လစ်ဟာနေသလို ခံစားရသား ..... ဘာကြောင့်များပါလိမ့် ??? အမြဲတမ်းဘေးနားမှာ နားညည်းအောင် လုပ်တတ်တဲ့သူ့ကို လွမ်းတော့ လွမ်းမိသည် ထင်ပါတယ် ....
'တင်းတောင်'
ဘယ်သူများပါလိမ့် ???
တံခါးကို ဖွင့်လိုက်တော့ William .... သူ ရောက်လာတယ် ။
" William...."
" ဧည့်သည်ကို အိမ်ထဲတောင်မခေါ်တော့ဘူးလား "
" အထဲကို ကြွပါဦး "
ကြည့်ရတာ William စာချုပ်ကိစ္စဆုံးဖြတ်ပြီးပြီထင်သည် ။
" ဘာတွေကြောင်ကြည့်နေတာလဲ ....Jae-min ။ ကျွန်တော့်ကို မမြင်ဖူးလို့လား "
" မဟုတ်ပါဘူး ။ ဒါနဲ့ ဘာကိစ္စများရှိလို့လဲ "
" မင်းပြောသလိုပဲ စာချုပ်ကိစ္စဆုံးဖြတ်ပြီးလို့ရောက်လာတာ "
YOU ARE READING
Kim William
Fanfictionငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင်လုပ်ခဲ့ပေမဲ့လည်း..... ငါ့ကို ပြန်ပြီးပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့..... ငါ့ကို ချစ်ပေးတဲ့..... Kim William ဆိုတဲ့ မင်းကို ချစ်တယ် .... ငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင...