William ရဲ့ အိမ်ကိုရောက်တော့ ခြံထဲမှာ ဟိုဟိုဒီဒီလျှောက်ကြည့်နေမိသည် ။ William ကတော့ ကိစ္စရှိလို့ ခဏနေမှလာမယ်တဲ့ ။
" ဆောရီး.... မင်းကို စောင့်ခိုင်းမိသလိုဖြစ်သွားတယ် "
" မဟုတ်တာဘဲ ။ ဒါနဲ့ ပြောစရာရှိလို့ ခေါ်လာတာဆို ဘာများပြောမလို့လဲမသိဘူး "
" အိမ်ထဲမှာ အေးဆေးသွားပြောကြတာပေါ့ "
" ရော့ ....."
William က စာအိတ်တစ်အိတ်ကို လှမ်းပေးတယ် ။" ဒါက ဘာများလဲ ? "
"စာချုပ် .... မင်းပြောသလိုပဲ အပေးအယူဆိုရင် အတိအကျလုပ်တာကောင်းမယ်ထင်လို့ ။ ဖတ်ကြည့်ရင်တော့ သိမှာဆိုပေမဲ့ မင်းနဲ့ ပြောထားတဲ့ဟာတွေကိုပဲ အကုန်ရေးထည့်ထားတယ် "
" ဒီ နောက်ဆုံးအချက်က ဘာလဲ .... ခင်ဗျား Rut ဖြစ်တဲ့ အချိန်တိုင်း အတူရှိနေပေးရမယ်ဆိုတဲ့ဟာက ။ ပြီးတော့ ခင်ဗျားနဲ့ နှစ်ယောက်တည်းလား ??? "
" ငါနဲ့ နှစ်ယောက်တည်းပေါ့ ။ ဘာလဲ ... တခြားလူတွေပါ ခေါ်ထားမှာစိုးလို့လား ။ စိတ်မပူပါနဲ့ ငါက အဲ့လိုတော့မလုပ်ပါဘူး "
"......."
" Jae-min.... ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်လေ "
သူက ပြောရင်းနဲ့ ကျွန်တော့်ဘေးနားမှာလာထိုင်တယ် ။
" ငါ မင်းဆီကနေ မျှော်လင့်တာ အထွေအထူးမရှိဘူး ။ ငါက အပြောင်းအလဲ မြန်တတ်တဲ့လူစားမျိုးလေ ။ တစ်ခါအိပ်ပြီးရင် ငြီးငွေ့သွားတတ်လို့ sex-partner ကို အတည်မထားဘူး ..."
ဘာလဲဟ .... ဒီ အနံ့က .... ကျွန်တော် တုန်လှုပ်မိသွားတယ် ။
" ဒါပေမဲ့ .... Jae-min ၊ မင်းက သူတို့တွေနဲ့ မတူဘူး ။ မင်းကို တစ်ခါအိပ်ပြီးရင် ငြီးငွေ့သွားမယ်ထင်ခဲ့တာ ။ အဲ့လိုမဖြစ်ဘူး ....."
ဒါ .... သူ Pheromones တွေ လွှတ်နေတာလား ????
ရုတ်တရတ် သူက ကျွန်တော့်နားနားကို ကပ်ပြီး
" ငါ ဘာကို ဆိုလိုချင်လဲ သိလား ? "
"....."
"မင်းကို ခဏခဏ စဉ်းစားမိနေလို့ ....တစ်ပါတ်မှာ တစ်ရက်မဟုတ်ဘဲ မင်းကို ငါ့အနားမှာပဲ ထားချင်လွန်းလို့ ရူးတော့မယ်လို့ ပြောတာ "
YOU ARE READING
Kim William
Fanficငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင်လုပ်ခဲ့ပေမဲ့လည်း..... ငါ့ကို ပြန်ပြီးပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့..... ငါ့ကို ချစ်ပေးတဲ့..... Kim William ဆိုတဲ့ မင်းကို ချစ်တယ် .... ငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင...