ဒီနေ့တော့ ရာသီဥတုက သာသာယာယာရှိတာကြောင့် Jae-min စိတ်တွေကြည်လင်နေတယ် ။ ဆိုင်ရှေ့မှာ ခုံတွေချပြီး ဆိုင်ခင်းနေတုန်း ....
" Good morning ... Lee Jae-min "
ဒီလူ.....ထပ်ရောက်လာပြန်ပြီပဲ ။
" ထပ်ရောက်လာပြန်ပြီနော် "
" ကျွန်တော့်ကို မှတ်မိတယ်လား ?"
" ခင်ဗျားက ကြည့်ကောင်းတော့ မှတ်မိနေလို့ပါ "
"wow.... မင်းဆီက ဒီလို ချီးကျူးခံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး "
'ချလောက်´
သူက ကျွန်တော့်ခေါင်းကို သေနတ်နဲ့ချိန်ပြီးတော့ ....
" မင်း ငါ့ကို သိနေတယ်မလား ? "
သူ ကျွန်တော့်ကို မှတ်မိသွားပြီလား ?
" ဖြေလေ သိနေလားလို့ "
" ဟုတ် သိနေပါတယ် "
" တွေ့လား Jack ... ငါ ပြောသားပဲ ။ သူ ငါ့ကိုသိလောက်ပါတယ်လို့ ။ မင်းရှုံးသွားပြီ အဲ့တော့ ပေး ... ပိုက်ဆံ "
" သူဌေးကလည်း.....သူဌေးဆီမှာ ပိုက်ဆံတွေအများကြီးရှိတာကို ဒီတစ်ခါတော့ အလျော့ပေးပါ သူဌေးကလည်း "
" မရဘူး Jack....အလောင်းအစားက အလောင်းအစားပဲ "
ကျွန်တော်ထင်ခဲ့တာက လွန်ခဲ့တဲ့ ၄ နှစ်က အကြောင်းတွေကိုများသိသွားတာလားလို့ ထင်နေခဲ့တာ .... တော်သေးတယ် ။ ထင်ထားတဲ့အတိုင်းမဟုတ်လို့ ....
" ဒါနဲ့ မင်းက ငါ့ကို သိတယ်ဆိုတော့ ဘယ်လိုသိတာလဲ ? "
" သတင်းစာတွေဖတ်ရင် ခင်ဗျားအကြောင်းတွေအမြဲတမ်းပါတာပဲ ။ ဒါကြောင့် သိတာပါ "
" ဆိုစမ်းပါဦး....မင်း သိတယ်ဆိုတဲ့ ငါ့အကြောင်းလေး "
" ခင်ဗျားနာမည်က Kim William ၊ " Black diamond " ကာစီနိုရုံအပြင် တခြားသော လုပ်ငန်းများစွာကို ပိုင်ဆိုင်ထားတဲ့ စီးပွားရေးနယ်ပယ်မှာ နာမည်ကြီးတဲ့လူ ၊ အင်အားကြီးတဲ့လူ ၊ ပြီးတော့ အဆင့်မြင့် Alpha တစ်ယောက် ....ကျွန်တော်သိတာတော့ ဒါအကုန်ပဲ "
တကယ်တော့ ခင်ဗျားအကြောင်းကို ကျွန်တော်သိတာက ဒီထက်ပိုပါသည် ။
YOU ARE READING
Kim William
Fanfictionငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင်လုပ်ခဲ့ပေမဲ့လည်း..... ငါ့ကို ပြန်ပြီးပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့..... ငါ့ကို ချစ်ပေးတဲ့..... Kim William ဆိုတဲ့ မင်းကို ချစ်တယ် .... ငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင...