လွန်ခဲ့သော ၄ နှစ် ......
" Jae-min ... ဒီ mission က အရေးကြီးတယ် ။ သေချာလုပ်ခဲ့ ။ အမှားအယွင်းဖြစ်သွားရင် ...... ငါ့အကြောင်းကို မင်းသိတယ်မလား "
" သိပါတယ် သူဌေး ။ ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ "
" ဖြစ်ရဲ့လား Jae-min ။ မင်းမလုပ်နိုင်ရင် အစ်ကိုလုပ်မယ် "
" ရပါတယ် အစ်ကို Jeong-hun ။ ကျွန်တော် လုပ်နိုင်ပါတယ် "
" ဒါဆို သွားတော့ ....... "
ကျွန်တော်လုပ်ရမယ့် mission က Kim William ဆိုတဲ့လူရဲ့ လျှို့ဝှက်ဖိုင်တွေကို ယူဖို့ 'Black diamond´ ကာစီနိုရုံကိုသွားရမယ် ။ ဒီ mission က တာဝန်ကြီးတယ် ။ ဒီ mission သာ မအောင်မြင်ရင် ကျွန်တော့်ဘက်က ဆုံးရှုံးနစ်နာရမှာလည်းများတယ် ။
ဒါပေမဲ့ တစ်ဖက်က Kim William ဆိုတဲ့လူက တော်ရုံတန်ရုံလူမဟုတ် ။ စီးပွားရေးနယ်ပယ်တွင် အလွန်သြဇာကြီးတဲ့ Alpha တစ်ဦး ။ သူ့ကို ပြိုလဲအောင်လုပ်ချင်တဲ့ စီးပွားရေးသမားတွေက တစ်ယောက်နှစ်ယောက်မက ၊ ကျွန်တော့်သူဌေးလည်း အပါအဝင်ဆိုပါတော့ ။ မိန်းမတိုင်းသာမက ယောကျာ်းများကိုပါ ဆွဲဆောင်နိုင်တဲ့ ရုပ်ရည်ရှိတယ်လို့ သတင်းမွှေးတယ် ။ တကယ်လည်းဟုတ်ပါတယ် ။
ပါတီပွဲတစ်ခုမှာ သူ့ကိုအမှတ်မထင်မြင်ဖူးတယ် ။ အသက်ကတော့ ၂၅ ဝန်းကျင် ၊ အရပ်က ၆ ပေကျော်ကျော်လောက်ရှိတယ် ။ ရုပ်ရည်က အနောက်တိုင်းနဲ့ အာရှစပ်ထားတဲ့ပုံရှိပြီး အသားအရည်က ဖြူတဲ့ဘက်ကိုသွားတယ် ။ မီးခိုးရောင်မျက်လုံး ၊ အညိုရင့်ရောင်ဆံပင်တွေနဲ့ တော်တော်ကိုဆွဲဆောင်မှုရှိတဲ့လူဆိုတာကိုတော့ ဝန်ခံပါတယ် ။
ဒါပေမဲ့ အခု ဒီလူကို သူ ရင်ဆိုင်ရတော့မယ် ။ သူဌေးရဲ့ ခိုင်းစေချက်အတိုင်း သူ့ရဲ့ လျှို့ဝှက်ဖိုင်တွေကို ယူဖို့ ကာစီနိုရုံကိုသွားရတော့မယ် ။ ဝတ်စုံအပြည့်အစုံဝတ် ၊ သေနတ်တစ်လက်ကို ယူပြီး ကာစီနိုရုံသို့ ဆိုင်ကယ်တစ်စီးနှင့် အမြန်သွားခဲ့တယ် ။
ကာစီနိုရုံကို ရောက်တော့ လုံခြုံရေးစနစ်အထပ်ထပ်ကို ကျော်ဖြတ်ပြီး သူ့ရဲ့ ရုံးခန်းကိုရောက်အောင်သွားခဲ့တယ် ။ ရုံးခန်းထဲမှာ ဖိုင်ကို ရှာနေတုန်း ရုတ်တရတ်....
YOU ARE READING
Kim William
Fanfictionငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင်လုပ်ခဲ့ပေမဲ့လည်း..... ငါ့ကို ပြန်ပြီးပျော်ရွှင်အောင် လုပ်ပေးခဲ့တဲ့..... ငါ့ကို ချစ်ပေးတဲ့..... Kim William ဆိုတဲ့ မင်းကို ချစ်တယ် .... ငါ့ကို နာကျင်အောင်လုပ်ခဲ့ပေမဲ့လည်း.... ငါ့ကို ပင်ပန်းအောင...