အပျိုတော်တွေပြင်ပေးတဲ့ ထမင်းဝိုင်းကို ဝေ့ရင်ခဗျာ ရောက်တည်းက စားတာ ခေါင်းတောင်မဖော်နိုင်
လန်ကျန့်ကလည်း "အော်ဝေ့ရင်းလေး တော်တော်ဗိုက်ဆာနာပဲ အင်းပေါ့လေ သူ့ခဗျာ တစ်ယောက်တည်းမှ မဟုတ်တော့တာ နှစ်ယောက်စာကို ဟီး" တွေးနေရင်း အပြင်တွင်ပါ ပြုံးမိသွားသည်။
ဝေ့ရင်းလည်း စားနေရင်းလန်ကျန့်ကပြုံးနေ၍ "လန်ကျန့် ဘာတွေအဲ့လောက်ပြုံးနေတာလဲဟင် ဝေ့ရင်းမျက်နှာတစ်ခုခုများပေနေလား"
"မဟုတ်ပါဘူး ဒီတိုင်းပါပဲ ပြီးတော့ ဝေ့ရင်းကိုယ်၀န်ရတာကိုမယုံနိုင်သေးလို့ တွေးရင်းပြုံလိုက်တာပါ ဝေ့ရင်းစားကောင်းလား"
"အွန်း ကောင်းတာပေါ့ လန်ကျန့်လည်းစားလေ ပြီးတော့လေ ထမင်းစားပြီးရင် ဈေးထဲက ဇီးသီးချိုချိုလေးစားချင်တယ် ၀ယ်ပေးပါလဟင်"
"အင်းပါဝေ့ရင်းစားချင်၀ယ်ပေးမယ်လေ ကိုယ်ရံတော်ရွယ်ယမ်ကို၀ယ်ခိုင်းလိုက်မယ်လေ"
"ကိုယ်ရံတော်ရွယ်ယမ် ဝေ့ရင်းစားချင်တဲ့ ဇီးသီးချိုချိုကို သွား၀ယ်စေ"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
ရွယ်ယမ်လည်း ကြင်ယာတော်လေးစားချင်တာကို၀ယ်ရန်ဈေးထဲထွက်လာခဲ့သည်။
ဘယ်သူသိမှာလဲ ဈေးထဲမှာ ကောင်လေးနှစ်ယောက်ရဲ့အချစ်လေးပေါက်ဖွားလာမယ်လို့
ရှောင်းရှင်းချန်တစ်ယောက် အိမ်ကအဖေ အမတ်ကြီးမသိအောင် အိမ်ကခိုးထွက်လာခြင်း
ဈေးထဲရောက်တော့ ဟိုကြည့်ဒီကြည့်ကြည့်နေရင်း တစ်နေရာရောက်တော့ လှပစွာတည်ခင်းထားတဲ့ ခါးချိတ်အဆောင်လေးတွေကိုမျက်စိကျနေမိသည်။
(ဟိုလေ လန်ကျန့်တို့ခါးမှာချိတ်တဲ့ ဟာလေးတွေကိုပြောတာနော် နာမည် သေချာမသိလို့ သွေ့ပုချီ)
ရွယ်ယမ်လည်း ကြင်ယာတော်လေးစားချင်တဲ့ ဇီးသီးချိုချိုလေး၀ယ်ပြီးပြန်လာတော့ အကြည့်ကတစ်နေရာရောက်ပြီး
"ဟင် ဟိုတစ်နေ့ကတိုက်မိတဲ့ ကောင်လေးပါလား ခါးချိတ်အဆောင်လေးတွေကို ကြည့်နေတာပဲ"
![](https://img.wattpad.com/cover/217890848-288-k12405.jpg)
YOU ARE READING
သိပ်ချစ်ရသော မျက်နှာဖုံးရှင်လေး(Completed)
RomanceWangxian ficလေးပါရှင့် (Both Unicode and Zawgyi) ပုံစံလေးကတော့ ဝေ့ရင်းကယွင့်မုန့်ယွင်းကမင်းသားတစ်ပါးဖြစ်ပြီး လန်ကျန့်ကတော့ ကူးစူးကမင်းသားတစ်ပါးဖြစ်ပါတယ် ဝေ့ရင်းကိုငယ်ငယ်လေးတည်းက ပုဝါအပါးလေးအုပ်ထားလို့ဘယ်သူမှမမြင်ဘူးကြဘူး တနေ့မှာတော့ လန့်ကျန့်လေးနဲ...