ep28💜🌟

2.3K 136 2
                                    

ဒီနေ့ကတော့ မင်္ဂလာရက်မြတ်နေ့လေးပေါ့

ထန်တိုင်းပြည်က မင်းကြီးနှင့် တိုင်းပြည်ငယ်လေးတွေက နယ်စားအချို့ လာရောက်ကြတယ်

သတို့သမီးလေးယမ်ရှင်းကတော့ အနီရောင်သတို့သမီး၀တ်စုံလေးနဲ့ တင့်တယ်ပြီးလှပနေ‌တယ်

သတို့သားလေး၀မ်နင်ကလည်း အနီရောင်၀တ်စုံလေးနဲ့ ချောမောနေတာပေါ့ သူ့ရဲ့ ချစ်လှစွာသောသတို့သမီးလေးကိုလည်း တော်တော်တွေ့ချင်နေပြီ

တစ်ဖက်နန်းဆောင်တွင်လည်း

လန်ကျန့် "ဝေ့ရင်းရယ် အဖြူရောင်၀တ်စုံလေးနဲ့ လှလိုက်တာ ဗိုက်လုံးလုံးလေးကလည်းနည်းနည်း ထွက်နေပြီ ချစ်လိုက်တာကွာ"

ဝေ့ရင်း "ကိုလည်း ကြည့်ကောင်းနေလိုက်တာ အဟိ ပိုတောင်ကြွေချင်သွားပြီ"

လန်ကျန့် "ကြွေစေဗျာ ခုဆို ကိုယ်၀န်က သုံလပြည့်ပြီနော်ဟုတ်တယ်မလား"

ဝေ့ရင်း "အွန်းဟုတ်တယ် နည်းနည်းလေးတောင် ပူနေပြီ"

လန်ကျန့် "ဝေ့ရင်းရေ သွားကြမယ်လေ မင်္ဂလာအချိန်နီးနေပြီ"

ဝေ့ရင်း "အွန်း သွားကြ‌ရအောင်"

နှစ်ယောက်သား မင်္ဂလာပွဲစီစဉ်ရာသို့ထွက်လာလိုက်သည်။

မင်းကြီး, မိဖုရားခေါင်နဲ့ မယ်မယ်ကြီးတို့ရောက်ပြီဆိုတော့ ပွဲစဖို့ အထိန်းတော်ကြီးအချက်ပြလိုက်သည်။

ယမ်ရှင်းလည်း အနီရောင်ပုဝါလေးအောက်ကနေ အလွန်ပင်စိတ်လှုပ်ရှားနေသည်။

ယမ်ရှင်း "မင်းကြီးနဲ့ လတ်ဆတ်ဖို့ဆိုပြီးထွက်လာတည်းက ခမည်းတော်ကိုမတွေ့ရတာလည်းကြာနေပြီ ‌နောက်ပြီး မောင်နဲ့ လတ်ထပ်ရတော့မယ်ဆို‌တော့ စိတ်လှုပ်ရှားလိုက်တာ ဟူးးးး"

ပွဲစီစဥ်သူ "သတို့သားနဲ့ သတို့သမီး အချင်းချင်း ဂါရ၀ပြုကြပါ"

နှစ်ဦးစလုံးဂါရ၀ပြုပြီးနောက်

ပွဲစီစဉ်သူ "သတို့သားနဲ့ သတို့သမီး မင်္ဂလာသေရည်သောက်လို့ရပါပြီ "

‌၀မ်နင်နဲ့ ယမ်ရှင်းလည်း သေရည်ကိုသောက်လိုက်သည်။

ပွဲစီစဉ်သူ "မင်္ဂလာသေရည်သောက်သုံးပြီးဘီဖြစ်၍ နှစ်ဦးသား ဇနီးမောင်နှံ အဖြစ်အထမြှောက်သွားပါပြီ "

သိပ်ချစ်ရသော မျက်နှာဖုံးရှင်လေး(Completed)Where stories live. Discover now