I don't let you love🌟💜ep8

4.7K 311 8
                                    

မနက်မိုးလင်းသောအခါ ရေချိုးသန့်စင်ပြီးတော့ အထိန်းတော် ပြင်ဆင်ပေးထားသော ၀တ်စုံကို ၀တ်ဆင်ပြီး ကျင်းပရာနေရာသို့ ထွက်ခွာသွားသည်။

ပြိုင်ပွဲကျင်းပရာ နန်းဆောင်သို့ရောက်သာအခါ မကြာမှီ မယ်တော်ကြီးနှင့်မင်းကြီးတို့ ရောက်ရှိလာကြသည်။

ရောက်ပြီးမကြာမှီ အထိန်းတော်ကြီးပြိုင်ရမည့်ပြိုင်ပွဲအမျိုးအစားကို ကြေညာလေသည်။

ပြိုင်ပွဲအမျိုးအစားကတော့ နှစ်သက်ရာပန်းချီရေးဆွဲခြင်းဖြစ်သည်။

ဝေ့ရင်းမှာတော့ ပြိုင်ပွဲနာမည်ကိုကြားကြားခြင်း ပျော်ရွှင်သွားလေသည်။

ပန်းချီဆွဲခြင်းမှာ သူအကျွမ်းကျင်ဆုံး ဝါသနာဖြစ်သည်။ ဒါ့ကြောင့်ပျော်ရွှင်နေခြင်းဖြစ်သည်။

ပြိုင်ပွဲစတင်ရန် ကြေညာချိန်တွင် အားလုံးစတင်၍ ပန်းချီများ ရေးဆွဲကြသည်။

ဝေ့ရင်းကတော့ သူနှစ်သက်သော ကြာပန်း ကန်နှင့်ရေတံခွန် ပုံကိုရေးဆွဲလေရဲ့။

ပြိုင်ပွဲအချိန်စေ့သွားချိန်တွင် အားလုံးက ဝေ့ရင်းဆွဲထားသော ပန်းချီကိုကြည့်၍ အံ့ဩသင့်နေလေရဲ့။

ပန်းခှီတစ်ခုဆီကို မင်းကြီး,မယ်တော်ကြီးနှင့် ပန်းချီပညာရှင်တို့က လိုက်လံကြည့်ရှုလေသည်။

ဝေ့ရင်းရဲ့ ပန်းချီ အလှည့် လည်းရောက်ရောသုံးယောက်လုံး အံ့ဩကြကုန်သည်။

ဘာလို့လဲဆိုတော့ ဝေ့ရင်းရဲ့ ပန်းချီမှာ အသက်၀င်လွန်းလို့ တစ်ကဲ့ ကြာကန်နှင့် ရေတံခွန်ကို ရောက်သွားသလိုခံစားရသည်။

ပြိုင်ပွဲလည်းပြီးရော မင်းကြီး အထိန်းတော်က မင်းသားဝေ့ရင်းအား ညနေ ရေချိူးပြင်ဆင်ပြီရင် ဥယျာ်ဉ်တော့ ဖိတ်ခေါ်ကြောင်း လျှောက်ထားလေသည်။

ဝေ့ရင်း အမိန့်တော်နာခံကြောင်းပြောကြား၍ အဆောင်တော်သို့ ပြန်လာခဲ့သည်။

အဆောင်တော်သို့ ပြန်ရောက်ရောက် ရေမိုးချိုးပြင်ဆင်ပြီး အလှဆုံး ၀တ်စုံတော်ကို ၀တ်ဆင်ကာ ဆာကူရာ ပုဝါလေး စည်းကာ ဥယျာဥ်တော်သို့ လိုက်လာခဲ့တယ်။

သိပ်ချစ်ရသော မျက်နှာဖုံးရှင်လေး(Completed)Donde viven las historias. Descúbrelo ahora