လန်ကျန့်လည်း ကြင်ယာတော်အဆောင်သို့ရောက်တော့ အထိန်းတော်လည်းအပြင်ရောက်ပြီး ကိုယ်ရံတော်လည်းအပြင်ရောက်နေခြင်း
လန်ကျန့်လည်းဘယ်လိုဖြစ်နေတာလဲ မေးတော့ အထိန်းတော်ကြီးက ကြင်ယာတော်က သူ့ခွင့်ပြုချက်မရဘဲ၀င်မလာရန် ညွှန်ကြားထားကြောင်း
လန်ကျန့်လည်း ဝေ့ရင်းဘာဖြစ်နေလဲသိချင်၍ "ဝေ့ရင်း ကိုယ်ပါ တံခါးလေးဖွင့်ပေးပါအုံး ဝေ့ရင်း .... ဝေ့ရင်း..... "
ဘယ်လောက်ခေါ်ခေါ် အထဲကပြန်မထူးသဖြင့် တံခါးကိုအတင်းတွန်းဖွင့်၍ ၀င်လိုက်သော် အထဲတွင်မြင်လိုက်ရသောမြင်ကွငိးကြောင့် ရင်ထဲစို့သွားသည်
အထဲတွင်ဝေ့ရင်းသည် ငိုရလွန်း၍ အသံပင်သိပ်မထွက်ချင်တော့ ငိုထား၍မျက်လုံးများလည်း အလွန်ပင် မို့အစ်၍ ဖောင်းနေလေပြီ
လန်ကျန့်လည်းမြင်မြင်ချင်း ဝေ့ရင်းကိုပွေ့ချီပြီး ကုတင်ထက်သို့တင်ပေးလိုက်ပြီး အကုန်ထွက်သွားဟုသာ အော်လိုက်တော်သည်။
အကုန်ထွက်သွားမှ "ဝေ့ရင်းဘယ်လိုဖြစ်တာလဲဟင် မယ်တော်ကြီးတစ်ခုခုပြောလိုက်လို့လား"
အဲ့လိုပြောတော့မှ ဝေ့ရင်းသည် လန်ကျန့်ရင်ခွင်ပိုတိုး၍ တစ်ဖန် ငိုကြွေးနေမိသည်။
လန်ကျန့်လည်း အလိုက်သင့်လေးနေပေးလိုက်ပြီး ကျောလေးကိုအသာလေးပုတ်ပေးနေမိသည်
ဝေ့ရင်းလည်းငိုလို့၀သွား၍ လန်ကျန့်ရင်ခွင်အတွင်းတွင် သာအိပ်ပျော်သွားတော့သည်
လန်ကျန့်လည်း အကြောင်းစုံကိုမနက်မှ မေးမည်ဆိုပြီး ဝေ့ရင်းကိုတင်းကြပ်စွာဖတ်ပြီး သူလည်းအိပ်စက်ခြင်းဆီသို့......
မနက်မိုးလင်းတော့ ညကတော်တော်ငိုထား၍ မျက်လုံးများပင် သိပ်မပွင့်ချင်
ဝေ့ရင်းလည်း လန်ကျန့်မနိုးသေး၍ လန်ကျန့်မျက်နှာလေးကိုအတော်အတန်ငေးကြည့်ပြီး နှုတ်ခမ်းလေးကို အနမ်းေလးဖွဖွပေးလိုက်သည်
လန်ကျန့်လည်းဝေ့ရင်း အနမ်းလေးပေးလိုက်မှ နိုးလာပြီး မနေ့ကဝေ့ရင်းငိုရသည့်အကြောင်းကိုမေးရန်ဆုံးဖြတ်လိုက်သည်
![](https://img.wattpad.com/cover/217890848-288-k12405.jpg)
ESTÁS LEYENDO
သိပ်ချစ်ရသော မျက်နှာဖုံးရှင်လေး(Completed)
RomanceWangxian ficလေးပါရှင့် (Both Unicode and Zawgyi) ပုံစံလေးကတော့ ဝေ့ရင်းကယွင့်မုန့်ယွင်းကမင်းသားတစ်ပါးဖြစ်ပြီး လန်ကျန့်ကတော့ ကူးစူးကမင်းသားတစ်ပါးဖြစ်ပါတယ် ဝေ့ရင်းကိုငယ်ငယ်လေးတည်းက ပုဝါအပါးလေးအုပ်ထားလို့ဘယ်သူမှမမြင်ဘူးကြဘူး တနေ့မှာတော့ လန့်ကျန့်လေးနဲ...