လန်ကျန့် "ဝေ့ရင်းရယ် သတိမရတာလည်းတစ်ပတ်လောက်တောင်ရှိသွားပြီကွာ ကိုယ်ဝေ့ရငိးကိုအရမ်းလွမ်းနေပြီကွာ မြန်မြန်သတိရလာပါတော့ နောက်ပြီးတော့ သားတော်နဲ့သမီးတော်လေးကိုလည်း နာမည်လေးတွေပေးပြီးပြီ သားတော်နာမည်က လန်ဝူကျီး
သမီးတော်လေးနာမည်က လန်ရှန့်ယီတဲ့ လှတယ်မလားဟင် "အထိန်းတော်ကြီး "မင်းကြီး သမားတော်ကြီးက အားဆေးဆက်သခိုင်းလိုက်ပါတယ်"
လန်ကျန့် "အင်း ယူခဲ့"
(အထိန်းတော်ကြီး "မင်းကြီးကိုအဲ့လိုမြင်ရတာစိတ်မကောင်းလိုက်တာ ဝေ့မိဖုရားမွေးဖွားပြီးတည်းက မရွှင်မလန်းဖြစ်နေတာခုချိန်ထိပဲ အရင်လိုပြုံးတာရယ်မောသံတွေတောင်မကြားရတော့ သားတော်လေးနဲ့သမီးတော်လေးကိုတောင် သိပ်မသွားကြည့်အချိန်တိုင်း မိဖုရားနားပဲစောင့်ကြည့်ပြီး တစ်ယောက်တည်းလည်းစကားတွေပြောနေတက်သည်။မင်းကြီးကိုသနားရင် မြန်မြန်သတိရလာပါတော့ မယ်မယ်ရယ်")
လန်ကျန့် "ဝေ့ရင်း ကိုအားဆေးတိုက်မယ်နော် အဲ့ဒါမှ ဝေ့ရင်းမြန်မြန်သတိရလာမှာ "ဆိုပြီး ဇွန်းလေးနဲ့အနည်းငယ်ခပ်ပြီးပါးစပ်လေးကိုတေ့ပြီးတိုက်လိုက်သည်။
ဆေးတိုက်နေချိန်
ဝေ့ရင်း "ခါးတယ် လန်ကျန့်ရဲ့ "ဆိုပြီးအသံသေးသေးလေးထွက်လာလေသည်။
လန်ကျန့် "ဟင် ဝေ့ရင်း သတိရလာပြီလား ခဏလေးနော် ကို တော်ဝ်သမားတော်၀မ်ချင်ကိုခေါ်လိုက်မယ် အထိန်းတော်ကြီး တော်၀င်သမားတော်ကို ဆင့်ခေါ်လိုက်"
အထိန်းတော်ကြီး "မှန်လှပါ့အရှင်မင်းကြီး"
လန်ကျန့် "ဝေ့ရင်း ဘယ်လိုနေသေးလဲဟင် သက်သာလား"
ဝေ့ရင်း "အွန်း သက်သာပါတယ် နည်းနည်းတော့ ခေါင်းမူးသေးတယ် သားတော်နဲ့သမီးတော်လေးရောဟင်"
လန်ကျန့် "သားတော်လေးတို့ကိုနို့ထိန်းနဲ့အပ်ထားတယ် သမားတော်ကြီးကြည့်ပြီးရင် ကိုခေါ်ခိုင်းလိုက်မယ်လေ "
ဝေ့ရင်း "အွန်းပါ ကို ကိုတောင်းပန်ပါတယ် စိတ်ပူအောင်လုပ်မိလို့"
YOU ARE READING
သိပ်ချစ်ရသော မျက်နှာဖုံးရှင်လေး(Completed)
RomanceWangxian ficလေးပါရှင့် (Both Unicode and Zawgyi) ပုံစံလေးကတော့ ဝေ့ရင်းကယွင့်မုန့်ယွင်းကမင်းသားတစ်ပါးဖြစ်ပြီး လန်ကျန့်ကတော့ ကူးစူးကမင်းသားတစ်ပါးဖြစ်ပါတယ် ဝေ့ရင်းကိုငယ်ငယ်လေးတည်းက ပုဝါအပါးလေးအုပ်ထားလို့ဘယ်သူမှမမြင်ဘူးကြဘူး တနေ့မှာတော့ လန့်ကျန့်လေးနဲ...