ep23💜🌟

2.6K 159 2
                                    

ဝေ့ရင်းတို့လည်း စွတ်ပြုတ်စားပြီးတော့နန်း‌ေတာ်သို့ပြန်လာခဲ့သည်။

ရွယ်ယမ်တို့လည်း ချစ်သူဖြစ်တဲ့ပထမဆုံးနေ့အဖြစ်ဈေးထဲတစ်နေကုန်လျှောက်လည်ခဲ့သည်။

၀မ်နင်လည်း မနက်တည်းက မင်းသမီးကို သွားခေါ်ပြီး နန်းတော်ထဲ လျှောက်ပြခဲ့သည်။

ကြင်ယာတော်ဆောင်သွားမည်လုပ်တော့ မနက်တည်းက မင်းကြီးနဲ့ အပြင်သွားတယ်ဆို၍ ညနေမှ သွားပြီး နှုတ်ဆက်မည်ဟုပြောပြီး နန်းတော်ထဲလျှောက်ပြနေခြင်း

တစ်နေရာရောက်တော့ မင်းသမီးလေးခဏလောက်ရပ်သွားမိသည်။

ဘာလို့လဲဆိုတော့ အရမ်းလှပပြီး များစွာသောပန်းလေးတွေစိုက်ထားပြီး ချစ်စရာကောင်းတဲ့ညယုန်ဖြူလေးတွေမွေးထားတဲ့ ဥယျာဉ်တော်ရှေ့ရောက်သွား၍ဖြစ်သည်။

"၀မ်နင် ဒါမင်းကြီးရဲ့ ဥယျာဉ်တော်လားဟင် လှလိုက်တာနော်"

"အွန်းဟုတ်တယ် ရှင်းရဲ့ မင်းကြီးက ကြင်ယာတော်လေးအတွက်အထူးသီးသန့်ပြင်ဆင်ပေးထားတာ "

"ကြင်ယာတော်လေးကလွဲပြီး ဘယ်သူမှ၀င်ခွင့်မရှိဘူး ယုန်လေးတွေကလည်း ကြင်ယာတော်လေးကြိုက်လို့ဆိုပြီး၀ယ်ပြီးမွေးပေးထားတာ"

"မင်းကြီးက အရမ်းချစ်တတ်တာပဲနော် ကြင်ယာတ်ေလေးကိုအားကျ လွန်းလို့ ခုတောင်တွေ့ချင်လာပြီ ဘယ်လိုပုံစံလေးရှိလဲမသိဘူးနော်"

"ဟုတ်တယ်မင်းကြီးက ကြင်ယာတော်လေးကိုအရမ်းချစ်တာ အရင်တုန်းက မပြုံးမရီခဲ့တဲ့ မင်းကြီးက ကြင်ယာတော်လေးနဲ့ မှ ပြုံးရီနေတာ "

"ကိုယ်လည်း ရှင်းကို မင်းကြီးလိုပဲ ချစ်ပါတယ်နော် ကိုယ့်ကိုယုံတယ်မလား"

"အွန်းယုံပါတယ် ရှင်းလည်း မောင့်ကိုအရမ်းချစ်တယ်"

"ဟင်မောင်လို့ခေါ်လိုက်တာလား ပျော်လိုက်တာရှင်းရယ်"

"ခုချိန်ဆိုမင်းကြီးတို့လည်း ပြန်ရောက်လောက်ပြီ ကိုယ်တို့သွားတွေ့ရအောင်လေ"

"အွန်းသွားမယ်လေ ကြင်ယာတော်လေးကိုအရမ်းတွေ့ချင်နေပြီ"

သိပ်ချစ်ရသော မျက်နှာဖုံးရှင်လေး(Completed)Место, где живут истории. Откройте их для себя