ep18💜🌟

3.1K 189 4
                                    

ရွယ်ယမ်လည်း ကြင်ယာတော်လေးမူးလဲကြောင်း မင်းကြီးအား အပြေးအလွှားသွားလျှောက်တင်ရန်  ထွက်လာမိသည်။

အဲ့အချိန် တစ်ယောက်ယောက်ကိုတိုက်မိသော်လည်း တောင်းပန်စကားသာ အမြန်ဆိုပြီး မင်းကြီးရှိရာသာ ဆက်လျှောက်လာသည်။

သူတိုက်မိသူကတော့ တစ်ခြားသူမဟုတ် ပညာရေးအမတ်ကြီးရဲ့ တစ်ဦးတည်းသော‌သား ရှောင်ရှင်းချန် ပင်

ရှောင်ရှင်းချန်လည်း သူတိုက်မိတဲ့သူက ကြင်ယာတော်ရဲ့ ကိုယ်ရံတော် ရွယ်ယမ်မှန်းသိသည်။

နာမည်သာကြားဖူးတာ ခုလိုအပြင်မှာ တွေ့တော့လည်း "အဟိ ချောသားပဲ ဘာတွေအရေးကြီးနေတာလဲမသိဘူး ထားလိုက်ပါလေ နောက်တစ်ခါထပ်တွေ့မှ နှုတ်ဆက်ရမယ်"

ဒီနေ့က သူ့‌အဖေ အမတ်ကြီးအား နန်းတော်ကိုလိုက်ချင်သည်ဟု ခွင့်တောင်းပြီး မင်းကြီးညီလာခံလုပ်နေတုန်း နန်းတော်ထဲလျှောက်ကြည့်နေခြင်း

အဲ့လိုလျှောက်ကြည့်ပြီး ကိုယ်ရံတော်အချောလေးနဲ့ တွေ့ပြီးတိုက်မိမယ်လို့ဘယ်သူထင်မလဲနော့ "ဟွန့် ကိုယ်ကသာစိတ်တွေလှုပ်ရှားနာ ဟိုက မြင်ရဲ့လားတောင်မသိ"

ရွယ်ယမ်လည်း သူနဲ့ တိုက်မိတဲ့ ကောင်လေးကို သေချာမမြင်ပေမဲ့ နည်းနည်းလေးတော့သတိထားမိသည်။

ကိုယ်က တိုက်မိတာ‌တောင် အဆိုးမဆိုပဲ ပါးချိုင့်လေးပေါ်အောင်တောင် ပြုံးပြသွားသေးသည်။

"အပြုံးလေးတွေကလှလိုက်တာ"
ဟင် ငါဘာတွေတွေးနေပါလိမ့် ယောင်္ကျားလေး တစ်ယောက်ကအဲ့လောက်လှစရာလိုလို့လား"

ဟော‌မင်းကြီးကိုတွေ့ပါပြီး မင်းကြီးကိုတွေ့တာနဲ့အရိုအသေပေးပြီး "အရှင်မင်းကြီး ကြင်ယာတော်လေး မူးလဲနေကြောင်းပါ အရှင်"

လန်ကျန့်လည်း ကိုယ်ရံတော်ရွယ်ယမ်စကား ကြားကြားချင်း မပြေးရုံတမယ် ကြင်ယာတော်အဆောင်သို့သွားလေသည်

စိတ်ထဲတွင်လည "ဝေ့ရင်းဘာမှမဖြစ်ပါစေနဲ့"ဟုသာရွေရွတ်ရင်း လျှောက်နေမိသည်

ကြင်ယာတော်အဆောင်ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကရင်ထဲထိ ၀မ်းနည်းပူဆွေးစေသည်

သိပ်ချစ်ရသော မျက်နှာဖုံးရှင်လေး(Completed)Donde viven las historias. Descúbrelo ahora