I Love you too💜🌟ep9

4.5K 300 2
                                    

အဆောင်တော်ရောက်ရောက်ချင်း သမားတော်ကိုပင့်ခိုင်းကာ ဝေ့ရင်းနားကမလွှတ်တမ်းစောင့်ကြည့်နေသည်။

ဝေ့ရင်းမျက်နှာလေးမှာ ဖြူဖတ်ကာ နှုတ်ခမ်းများ ဖြူဖျော့ကာ သွေးရောင်ပင်မရှိတော့။

သမားတော်ရောက်လာသောအခါ ဝေ့ရင်းကိုစစ်ဆေးခိုင်းကာ စစ်ဆေးလိုက်သောအခါ အဆိပ်မိခြင်းဖြစ်ကြောင်း ပြန်လည်လျှောက်ထားလေသည်။

အဆိပ်မိသည်ဟု ကြားကြားချင်း ၀မ်မင်းကြီးမှာ ထိတ်လန့်သွားရသည်။

တတ်နိုင်သမျှစိတ်ကိုလျှော့ကာ အဆိပ်မည်သူခတ်ကြောင်းသိရန် က်ုယ်ရံတော်‌၀မ်နင်အား စစ်ဆေးခိုင်းသည်။

သမားတော်ကြီးက ဝေ့ရင်းအားအိပ်‌ဖြေဆေးတိုက်ကာ ပြန်သွားလေသည်။

‌၀မ်မင်းကြီးလည်း အထိန်းတော်တွေက်ု အပြင်ထွက်သွားခိုင်းကာ အခန်းထဲတွင် ဝေ့ရင်းလက်လေးကိုင်ကာ မြန်မြန်သက်သာလာစေရန် ဆုတောင်းနေလေသည်။

မနက်မိုးလင်းတဲ့အခါမှာတော့ ဝေ့ရင်းမှာ သူ့လက်ကိုတစ်ယောက်ယောက်က ဆွဲထားလို့ကြည့်လိုက်တော့ မင်းကြီးက ဆွဲထားမှန်းသိတော့ ခဏလောက်မလှုပ်ပဲ ကြည့်နေမိသည်။

မင်းကြီးလှုပ်လာတော့ ချက်ချင်းထပြီး ဂါရ၀ပြုလိုက်သည်။

လန်ကျန့်မှာလည်း ဝေ့ရင်းမနှိူးခင်တည်းက နိုးနေပေမဲ့ ဝေ့ရင်းဘာလုပ်မလဲ သိချင်လို့တမင်ငြိမ်နေခြင်း။

ဝေ့ရင်းအလန့်တကြား ဂါရ၀ပြုတာကို ရီချင်နေ၍ မနည်းအောင့်ထားရသည်။

ပြီးမှ ရုပ်ကိုပြန်တည်၍ မျက်နှာမော်ကြည့်ရန်မိန့်တော်မူသည်။

မင်းသားဝေ့ရင်းသက်သာရဲ့လားဟု မေးလိုက်သည်။ ဝေ့ရင်းလည်းသက်သာလှကြောင်း မင်းကြီးအားလျှောက်ထားသည်။

သက်သာ၍ အဆောင်တော်ပြန်ခွင့်ပြုရန်မင်းကြီးအားလျှောက်ထားလေသည်။မငါးကြီးလည်းပြန်ခွင့်ပြုလိုက်သည်။

ပြီးနောက် က်ုယ်ရံတော်၀မ်နင်က အဆိပ်အကြောင်းတင်ပြရန် ရောက်လာလေသည်။

မင်းကြီးက လျှောက်တင်စေ ဟုပြောလိုက်သည်။

အဆိပ်ကို မင်းသား၀မ်ချောင် စေခိုင်း၍ အစေခံမလေးကလုပ်ကြောင်း ၀န်ခံခဲ့သည်။

သိပ်ချစ်ရသော မျက်နှာဖုံးရှင်လေး(Completed)Donde viven las historias. Descúbrelo ahora