Part-1

7.2K 342 43
                                    

Both Zawgyi and Uni
{Zawgyi}

တောက်​ပ​​သောနေ​ရောင်​အောက်​တွင်
်​စီနိုင်​ငံရဲ့တော်​ဝင်​ရွှေနန်း​တော်​ကြီးသည်​ပြိုးပြိုးပျက်​ပျက်​ဖြစ်​လျက်​ ခမ်းနား
တင့်​တယ်​နေသည်​။
ထို​ရွှေနန်း​တော်​ကြီး၏နန်း​ဆောင်​ထဲ
တွင်​လည်း အထိန်း​တော်​များ၊နန်း​တွင်း
သူများသည်​ ပျားပန်း​ခတ်​မျှလှုပ်​ရှားကာ အလောတကြီးဖြစ်​နေကြသည်​။

ချန်​နိုင်​ငံက စီနိုင်​ငံသို့ ချစ်​ကြည်​ရေး
ခရီးစဉ်​အ​နေဖြင့်​ ယမန်​နေ့က
လာ​ရောက်​ခဲ့သည်​။ယ​နေ့တွင်
ထိုသံတမန်​များကို ​နေ့လည်​စာ
ခင်း​ကျင်း​ကျွေး​မွေးမည်​ဖြစ်​သဖြင့်
နန်း​တော်​ရှိ အမှုထမ်းအားလုံး
အလုပ်​ရှုပ်​နေကြခြင်းပင်​။

ပုံမှန်​ဆိုလျှင်​သံတမန်​များသာဖြစ်​သော်
လည်း ယခုတစ်​ခေါက်​တွင် ချန်​နိုင်​ငံမှ မင်းသားနှစ်​ပါးပါ လာ​ရောက်​သည့်
အတွက်​ ပို၍ကြီးကြီးကျယ်​ကျယ်
ပြင်​ဆင်​နေရသည်​။ထိုသို့ရှုပ်​ယှက်​ခတ်
နေ​သော​နေရာတွင်​ တာဝန်​ပေး
ညွှန်​ကြား​နေသူတစ်​ဦး​တော့ရှိသည်​။

အစိမ်းနု​ရောင်​ပိုးဖဲသားဝတ်​စုံကို
ိုဝတ်​ဆင်​ထားကာ​ သေသပ်​အောင်
်​ထုံးထား​သော​ သျှောင်​ထုံးထက်​တွင်
စီနိုင်​ငံ၏ထုံးစံအတိုင်း​ ခေါင်း​ဆောင်း
တစ်​ခုကို​ဆောင်း​ထားသည်​။
ထို​ခေါင်း​ဆောင်းမှ ကျ​နေ​သော
ကြိုးနှစ်​ချောင်းကို​ နားထင်နားမှယူ၍
မေး​စေ့​အောက်​တွင်​ ပူးချည်​ထားသည်​။

"အရှင့်​သားကျီရှုန်​.."

အထိန်း​တော်​တစ်​ဦးက အနား​ရောက်
လာကာ မင်းသားစုံစမ်းခိုင်းသည့်​ကိစ္စကို​လျှောက်​တင်​သည်​။မင်းသား၏မျက်​နှာ
တွင်​ အလိုမကျ​သောအမူအရာတို့မှာ
ဟန်​မ​ဆောင်​နိုင်​လောက်​အောင်
်​ပေါ်လွင်​လာသည်​။အဆုံးတွင်​မူ
စိတ်​အတွင်းမှအမျက်​တို့ကို မထိန်းနိုင်
်​တော့ဘဲ အပြစ်​တင်​စကားအဖြစ်
်​ထွက်​ပေါ်​စေလိုက်​တော့သည်​။

"ဒီ​လောက်​အ​ရေးကြီးတဲ့အချိန်​မှာ
တောင်​ အမဲလိုက်​ထွက်​နေ​သေး
တယ်​လား တကယ်​ပါပဲ"

ဆုံချက်​မဲ့ချစ်​ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]Where stories live. Discover now