Part-6

961 162 16
                                    

Both Zawgyi and Uni
{Zawgyi}

"ဘယ်​သူ ငါနဲ့လက်​ရည်​ယှဉ်​ဦးမလဲ!"

ခပ်​ဆဆထွက်​​ပေါ်လာတဲ့
ကွမ်​စန်းရဲ့အသံအဆုံးတွင်
လက်​​အောက်​ငယ်​သားစစ်​သားများမှာ
တစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​ရင်း
ကယ်​တင်​ရှင်​ကို ရှာ​နေကြသည်​။
ကွမ်​စန်းရဲ့အ​ဖေ စီနိုင်​ငံ၏
စစ်​သူကြီး​ဟောင်းမှာ အသက်​အရွယ်
ကြီးရင့်​ပြီဖြစ်​သည့်​အတွက်
အနားယူလိုက်​ပြီမို့ ကွမ်​စန်းက
သူ့အ​ဖေရာထူးကို ဆက်​ခံခဲ့သည်​။
ထို့ပြင်​ ကွမ်​စန်း၊ယွင်​လျန်​နှင့်
ကျီရှုန်​တို့က အရွယ်​တူဖြစ်​ပြီး
ငယ်​ငယ်​ကတည်းက ကစား​ဖော်
ကစားဖက်​​တွေဖြစ်​ခဲ့ကြသည်​။

လက်​ရှိတွင်​လည်း ယွင်​လျန်​နဲ့
ကွမ်​စန်းတို့ရဲ့ ခင်​မင်​မှုက
နက်​ရှိုင်းသည့်​အပြင်​ ကွမ်​စန်းက
စစ်​သူကြီးရာထူးကို ​ကျေပွန်​စွာ
ထမ်း​ဆောင်​သည့်​အတွက်
မင်းကြီးစီက သူ့ကို သားသဖွယ်
သ​ဘောထားအားကိုးကာ
နန်း​တော်​ထဲတွင်​ပင်​ အ​ဆောင်
တစ်​​ဆောင်​​​ ပေးထား​လေသည်​။

ကွမ်​စန်းက ပုံမှန်​အချိန်​ဆိုလျှင်
သက်​ညှာ​သော်​လည်း ​လေ့ကျင့်​​ရေး
ဆင်းသည့်​အချိန်​တွင်​မူ မရပ်​မနား
ပြင်းပြင်းထန်​ထန်​​လေ့ကျင့်​ခိုင်း
တတ်​သည်​။ယခုလည်း သူနှင့်
လက်​ရည်​ယှဉ်လို​သည့်​သူများကို 
ရှေ့ထွက်​ခိုင်း​နေသည်​မှာ
အတော်​ဆုံး​သူများပင်​ ကုန်​သွား
လေပြီ။

"ပွင့်​ပွင့်​လင်းလင်း​ပြောရရင်
မင်းတို့ကိုအားမရ​သေးဘူး၊
စစ်​​မြေပြင်​မှာ ရန်​သူရဲ့အ​ခြေအ​နေ
ကို ကြို​​တွေးလို့မရသလို
လက်​ရည်​ကိုလည်း ခန့်​မှန်းထားလို့
မရဘူး၊ထိပ်​တိုက်​ရင်​ဆိုင်​တဲ့အခါမှာ
ကို​ယ့်​ရဲ့လက်​ရည်​အစွမ်းကို
ကြိုမမြှင့်​ထားရင်​ ရန်​သူ့ဓားချက်
အောက်​မှာ အသက်​​ပျောက်​သွား
လိမ့်​မယ်​၊ဒါ​ကြောင့်​ ​လေ့ကျင့်​​ရေး
ဆင်းတဲ့အချိန်​မှာ အားအပြည့်
ထည့်​ထားမှ ဖြစ်​မှာ.."

ကွမ်​စန်းက ပြော​နေရင်းမှ
ခဏရပ်​လိုက်​သည်​။ထို့​နောက်​ 
ရှေ့ထွက်​ဖို့တွန့်​ဆုတ်​​နေ​သော
တပ်​သားများကို​ ​ဝေ့ကြည့်​ပြီး
ဆက်​​ပြော​လေသည်​။

ဆုံချက်​မဲ့ချစ်​ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]Tempat cerita menjadi hidup. Temukan sekarang