Part-4

1K 168 12
                                    

Both Zawgyi and Uni
{Zawgyi}

"ဓား​ရေးယှဉ်​ပွဲ"

ဟိုင်​ရှန့်​က ထိုစကားလုံးတို့ကို
တီးတိုး​ရေရွတ်​ကာ ရွှယ်​လင်းကို
တစ်​ချက်​ကြည့်​လိုက်​သည်​။
သူ့အကြည့်​ရဲ့အဓိပ္ပါယ်​က​တော့
'မင်းသ​ဘောက​ရော' လို့​မေးလိုက်ပုံ။
ရွှယ်​လင်းက ​ခေါင်းတစ်​ချက်​သာ
ညိတ်ပြ​သည်​။

"​ကောင်းပြီ​လေ၊ဘယ်​လိုမျိုးပြိုင်​မှာလဲ"

"အင်း နှစ်​​ယောက်​တစ်​တွဲစီပြိုင်​မယ်​..
ငါနဲ့မင်းနဲ့ အရင်​ပြိုင်​ပြီးရင်​..
ငါ့မိ​တ်​​ဆွေနဲ့ ဒီက သခင်​​လေး
ရွှယ်​လင်းနဲ့​ပေါ့"

ယွင်​လျန်​က ဟိုင်​ရှန့်​ကိုဦးတည်
ပြော​နေရင်းမှ အဆုံးသတ်​နားတွင်
ရွှယ်​လင်းကို ရည်​ရွယ်​ကာ
ခပ်​ဖွဖွပြုံးလိုက်​​လေသည်​။
နှစ်​ဦးနှစ်​ဖက်​သ​ဘောတူညီမှုယူပြီး
နောက်​ အသင့်အ​နေအထား​ဖြစ်
အောင်​ ပြင်​လိုက်​ကြသည်​။ကွမ်​စန်းနဲ့
ရွှယ်​လင်းက​တော့ မလှမ်းမကမ်း
မှသာ အကဲခတ်​​နေသည်​။

ပြိုင်​ပွဲစပြီဆိုသည်​နှင့်​ ယွင်​လျန်​က
စတင်​ထိုးစစ်​ဆင်​လိုက်​သည်​။
ယွင်​လျန်​ရဲ့ဓားချက်​တို့ကို
ဟိုင်​ရှန့်​ကလည်း ကျွမ်းကျင်​စွာပင်​ 
ရှောင်​တိမ်းကာ တစ်​ဖက်​လူကို
ပြန်​လည်​တိုက်​ခိုက်​လေ၏။
အဖျားချွန်​ချွန်​ဓားနှစ်​​ချောင်း
ထိခတ်​လိုက်​တိုင်းမှာ မီးပွင့်​သွား
မလိုပင်​ ထင်​မှတ်​ရ​လောက်​​သည်​။
တိုက်​ခိုက်​​နေသူနှစ်​ဦးရဲ့မျက်​လုံး
တွေကလည်း ဓားသွားကဲ့သို့ပင်
စူးရဲထက်​ရှ​လျက်​။

နှစ်​ဦးသား၏လက်​ရည်​မှာ
ညီတူညီမျှ ဖြစ်​​နေသည့်​အ​လျောက်
ပြိုင်​ပွဲမှာ အနိုင်​အရှုံးမ​ပေါ်နိုင်
သေးဘဲ ပို၍ပြင်းထန်​လာ​ပေသည်​။
လေထုထဲတွင်​ ဓားသွားအချင်းချင်း
ထိခတ်​သံနှင့်​ စစ်​နတ်​ဘုရားများပမာ
အားမာန်​အပြည့်​နှင့်​ ယှဉ်​ပြိုင်
နေ​သော လူရွယ်​နှစ်​ဦးရဲ့ဝတ်​ရုံစများ
ဝေ့ဝဲ​နေသံတို့မှာ စည်းချက်​ကျကျ
ထွက်​​ပေါ်​နေကာ မြင်​ကွင်းမှာ
ရင်​သပ်​ရှု​မောဖွယ်​​ကောင်းလှ​ပေ
သည်​။

ဆုံချက်​မဲ့ချစ်​ခြင်း/ဆုံချက်မဲ့ချစ်ခြင်း [COMPLETED]Où les histoires vivent. Découvrez maintenant